သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတဟောင်း မူဘာရက် တရားသေလွတ်


ရာထူးကဖြုတ်ချခံရတဲ့ သမ္မတဟောင်း မူဘာရက်ခ်
ရာထူးကဖြုတ်ချခံရတဲ့ သမ္မတဟောင်း မူဘာရက်ခ်

အီဂျစ်နိုင်ငံမှာ ၂၀၁၁ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုတွေအတွင်း ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုမှာ သမ္မတဟောင်း Hosni Mubarak ပါဝင် ပတ်သက်နေတယ်လို့ဆိုတဲ့ စွဲချက်တွေအားလုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။

ရာထူးကနေဆင်းပေးခဲ့ရတဲ့ သမ္မတဟောင်း Mubarak အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအားလုံးကို ပယ်ချလိုက်တယ်လို့ လာရောက်နားထောင်သူတွေနဲ့ ပြည့်ကြပ်နေတဲ့ တရားရုံးထဲမှာ တရားသူကြီးက အမိန့်ချခဲ့ပါတယ်။ တရားသူကြီးက ဆုံးဖြတ်ချက်ကိုကြေညာချိန်မှာ တရားရုံး တခုလုံး လက်ခုပ် လက်ဝါးတီး အားပေးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ တရားရုံးထဲမှာပဲ ထမ်းစင်ပေါ်ကနေ ဆုံးဖြတ်ချက်ကို နားထောင်နေတဲ့ Mr. Mubarak ရဲ့ နဖူးကို သူ့သားတွေနဲ့ အမူတွဲသူတရားခံတွေက နမ်းရှုတ်အားပေးခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ဆန္ဒပြသူတွေကိုသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Mubarak အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးနဲ့ ထိပ်တန်းလုံခြုံရေး အရာရှိ ၆ ယောက်ကိုလဲ တရားသေလွှတ်ပေးခဲ့ပါတယ်။ အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း Mubarak နဲ့ သူ့ရဲ့သားတွေဖြစ်ကြတဲ့ Alaa နဲ့ Gamal အပေါ် စွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုကိုလည်း တရားသေလွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သီးခြားအလွဲသုံးစားမှုနဲ့ လောလောဆယ်မှာ Mr. Mubarak ဟာ ၃ နှစ်ပြစ်ဒဏ်ကို ကျခံနေရပါတယ်။

ဆန္ဒပြသူတွေကိုသတ်ဖြတ်မှုနဲ့ အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ လောက် အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်းကို ၂၀၁၂ ခုနှစ်တုန်းက ထောင်ဒဏ်တသက်ချမှတ်ခဲ့ပြီး နောက်ပိုင်း အယူခံကြောင့် အမှုကိုပြန်လည်စစ်ဆေးခဲ့ပြီးနောက် Mr. Mubarak ကိုစစ်ဆေးရုံမှာ အကျယ်ချုပ်ချခဲ့ပါတယ်။ လူထုအုံကြွ ဆန္ဒပြမှုတွေကြောင့် Hosni Mubarak ရာထူးကနေ ဆင်းပေးခဲ့ရပြီးနောက် အီဂျစ်မှာ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးချယ်ခံရတဲ့ သမ္မတ Mohamed Morsi ဟာ အစ္စလာမ်ဝါဒီတွေအပေါ် ဇောင်းပေးတယ်လို့ မြင်ကြတဲ့ ဖွဲ့စည်းပုံကို အတည်ပြုဖို့ ကြိုးစားတဲ့အတွက် စစ်တပ်အကူအညီနဲ့ သူ့ကို ရာထူးကဖယ်ရှားခဲ့ပါတယ်။

အခုလက်ရှိအီဂျစ်သမ္မတကတော့ မူဘာရက်လက်ထက်က ထောက်လှမ်းရေးအရာရှိဟောင်း Abdel Fattah al-Sisi ဖြစ်ပါတယ်။

XS
SM
MD
LG