သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ မူဂါဘီနဲ့ ဇနီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး


သမ္မတ မူဂါဘီနဲ့ဇနီး Grace
သမ္မတ မူဂါဘီနဲ့ဇနီး Grace

ဇင်ဘာဘွေသမ္မတဟောင်း Robert Mugabe နဲ့ သမ္မတကတော်ဟောင်း Grace Mugabe တို့ကို အပြစ်ပေး အရေးယူ မခံရအောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ အာဏာရ ZANU-PF ပါတီ တာဝန်ရှိသူတဦးနဲ့ Harare မြို့တော်က သတင်းထောက်တွေက ဗွီအိုအေကို အတည်ပြုပြောဆိုလိုက်ကြတာပါ။

နှစ်ပေါင်း ၃၇ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အင်္ဂါနေ့မှာပဲ ရာထူးက ဆင်းပေးခဲ့ရတဲ့အထိ ဖိအားပေးခဲ့ကြတဲ့ ဇင်ဘာဘွေစစ်တပ်က ဗိုလ်ချုပ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ Mugabe စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက် သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၉၃ နှစ်အရွယ် Mugabe က ဒုသမ္မတဟောင်း Emmerson Mnangagwa ကို ဒီလ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရာထူးက ဖယ်ရှားခဲ့ပြီး သူ့နေရာမှာ ဇနီးဖြစ်သူကို အစားထိုးခန့်အပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ စစ်တပ်က အာဏာသိမ်းဖယ်ရှားလိုက်တာပါ။ ဒုသမ္မတဟောင်း Mnangagwa ကတော့ သမ္မတသစ်အဖြစ် မနက်ဖြန် သောကြာနေ့မှာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ရာထူးကဖယ်ရှားခံခဲ့ရပြီးနောက် ချက်ခြင်းနိုင်ငံကနေ ထွက်ခွာသွားတဲ့ ဒုသမ္မတဟောင်း ကတော့ ဇင်ဘာဘွေကို မနေ့တုန်းကပဲ ပြန်ရောက်လာခဲ့ပြီး ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်တိုးတက်လာစေဖို့ ပြည်သူလူထုအတွက် အမှုထမ်းမယ့်အကြောင်း ကတိပြုပြောကြားခဲ့တာပါ။

ဒါပေမဲ့လည်း နှစ်ပေါင်း ၃၇ နှစ်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ Mugabe နဲ့ လက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ ဒုသမ္မတအနေနဲ့ အပြောင်းအလဲတွေ ဘယ်လောက်အထိ ဆောင်ကျဉ်းပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ သံသယအမြင်တွေလည်း ရှိနေကြတာပါ။ ရာထူးကနှုတ်ထွက်သွားတဲ့ Mugabe ဟာ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ ၁၉၈၀ ပြည့်နှစ် ကတည်းက ဇင်ဘာဘွေနိုင်ငံမှာ သမ္မတအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

သမ္မတ မူဂါဘီနဲ့ ဇနီးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG