သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Mugabe ကို ဇင်ဘာဘွေစစ်တပ် နေအိမ်အကျယ်ချုပ်ချ


နေအိမ်အကျယ်ချုပ်ချထားခံရသော ဇင်ဘာဘွေသမ္မတ Robert Mugabe
နေအိမ်အကျယ်ချုပ်ချထားခံရသော ဇင်ဘာဘွေသမ္မတ Robert Mugabe

ဇင်ဘာဘွေရဲ့နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ သမ္မတ Robert Mugabe ဟာ နေအိမ်အကျယ်ချုပ်ချထားခံနေရတယ်လို့ တောင် အာဖရိက သမ္မတက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ နှစ်ပေါင်း ၃၇ နှစ်ကြာ အာဏာရယူထားခဲ့တဲ့ သမ္မတကိုဖြုတ်ချဖို့ အတွက် စစ်တပ်ရဲ့ ကျောထောက်နောက်ခံမှုနဲ့ ပြုလုပ်တယ်လို့ ယူဆရတဲ့ ဒီဖြစ်ရပ်မှာ သမ္မတ Mugabe ရဲ့ကံကြမ္မာဟာ မရေမရာ ဖြစ်နေဆဲပါ။

လူမှု ကွန်ယက် မီဒီယာတွေမှာတော့ Harare မြို့တော်မှာ အခြေအနေတင်းမာနေတယ်လို့ ရေးသားနေကြပါတယ်။ စီးပွားရေးလုပ်ငန်းတချို့လည်း စောစောစီးစီး ပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယသမ္မတ Emmerson Mnangagwa ထောက်ခံတဲ့သူတွေကို အာဏာရ ZANU-PF ပါတီက ဖယ်ရှားမှုကို သမ္မတ Mugabe က မရပ်ရင် ဝင်ရောက်စွက်ဖက်ရလိမ့်မယ်လို့ ဇင်ဘာဘွေ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Constantino Chiwenga က သတိပေးခဲ့ပြီး နောက်တရက် အင်္ဂါနေ့မှာ Harare မြို့တော်တွင်းကို တင့်ကားတွေ ဝင်ရောက်ခဲ့ကြပါ တယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ Mugabe က ဒုတိယသမ္မတကို ရာထူးက ဖယ်ရှားခဲ့ပြီး တဲ့နောက် ဒါဇင်နဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဇင်ဘာဘွေ အာဏာရပါတီကတော့ ဗိုလ်ချုပ်ကြီး Chiwenga ဟာ နိုင်ငံတော် သစ္စာဖောက်မှုမြောက်တဲ့ အပြုအမူမျိုး လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။

ဒုတိယသမ္မတကို ရာထူးကဖယ်ရှားခဲ့ပြီးတဲ့နောက် အဲဒီနေရာမှာ သူ့ရဲ့ဇနီးသည်နဲ့ အစားထိုးဖို့ စီစဉ်နေတဲ့သဘောထားမျိုး သမ္မတ Mugabe က ပြသခဲ့ပါတယ်။ ဒီလို အစားထိုးလိုက်ခြင်းအားဖြင့် အသက် ၉၃ နှစ်အရွယ် သမ္မတ Mugabe အနားယူရင် ဖြစ်စေ၊ ကွယ်လွန်သွားရင်ဖြစ်စေ သူမက သမ္မတ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

ဇင်ဘာဘွေ ပြည်သူတွေအားလုံး အငြင်းပွားမှုကို ခေါင်းအေးအေးနဲ့ ငြိမ်းချမ်းစွာချဉ်းကပ်ပြီး ဒီမိုကရေစီနည်းနဲ့ ပွင့်လင်းမြင်သာမှု ရှိစေပြီး ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဖြေရှင်းကြဖို့ အမေရိကန်ပြည်ထောင်စုက လိုလားကြောင်း နိုင်ငံခြားရေးအရာရှိကြီးတဦးက ပြောကြားလိုက်ပါတယ်။

၇၅ နှစ်အရွယ် ဒုတိယသမ္မတ Mnangagwa ဟာ သမ္မတရာထူး ဆက်ခံမယ့်အလားအလာ ရှိသူအဖြစ် နှစ်အတန်ကြာရှိလာခဲ့ပြီး စစ်တပ်ရဲ့ ကျောထောက်နောက်ခံမှု ရရှိထားသူ ဖြစ်ပါတယ်။ သမ္မတကတော် Grace Mugabe ကတော့ အသက် ၅၂ နှစ်အရွယ်ရှိပြီး ပါတီတွင်း လူငယ်ထုရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ သိရှိရပါတယ်။

သမ္မတ Mugabe ကို ဇင်ဘာဘွေစစ်တပ် နေအိမ်အကျယ်ချုပ်ချ
please wait

No media source currently available

0:00 0:01:58 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG