သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mumbai တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်


အိန္ဒိယ နိုင်ငံက စီးပွားရေးအချက်အခြာကျတဲ့ Mumbai မြို့မှာ လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့တဲ့ အကြမ်းဖက်ဝါဒီတို့ရဲ့ တိုက်ခိုက်ခံရမှု ဒီကနေ့ ၁၀ နှစ်ပြည့်ပါတယ်။ ၁၀ နှစ်ပြည့် လွမ်းသူ့ပန်းခွေချအခမ်းအနားကို Maharashtra ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်ထဲမှာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ ကြမ်းကြုတ်ရက်စက်တဲ့တိုက်ခိုက်မှုအဖြစ် ဖော်ပြခဲ့ပါတယ်။ Pakistan မှာအခြေစိုက်တဲ့ Lashkar-e-Taiba အကြမ်းဖက်အဖွဲ့က အကြမ်းဖက်သမားတွေဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က Mumbai မြို့က ဇိမ်ခံ Taj Mahal Palace ဟိုတယ်ကြီးနဲ့ လူစည်ကားတဲ့ မီးရထားဘူတာရုံအပါအဝင် နေရာ ၁၂ ခုမှာ အချိန်ကိုက် ပြစ်ခတ်ဖေါက်ခွဲ တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။

၂၉ ရက်နေ့အထိကြာတဲ့ စီနင်းတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၁၆၆ ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို စီစဉ် ဆောင်ရွက်ခံသူမှန်သမျှနဲ့ပါတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၅ သန်းအထိပေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဆုကြေးထုတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြစ်ခဲ့တဲ့တိုက်ခိုက်မှုကို စီစဉ်ဆောင်ရွက်ခဲ့သူတွေကို ခုချိန်ထိ အရေးမယူနိုင်သေးတာဟာ သေဆုံးသွားသူတွေရဲ့ မိသားဝင်တွေကို စော်ကားသလိုဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကသူ့ရဲ့ကြေညာချက်ထဲမှာ ပြောထားပါတယ်။

Mumbai တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG