သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှက်ရပေမဲ့ သူ့မှာ တာဝန်မရှိလို့ မစ္စတာ မားဒေါ့ ပြော


အရှက်ရပေမဲ့ သူ့မှာ တာဝန်မရှိလို့ မစ္စတာ မားဒေါ့ ပြော
အရှက်ရပေမဲ့ သူ့မှာ တာဝန်မရှိလို့ မစ္စတာ မားဒေါ့ ပြော

ဗြိတိသျှနိုင်ငံအတွင်းက သူပိုင်တဲ့ မီဒီယာ လုပ်ငန်းတွေမှာ ဖုန်းခိုးနားထောင်တဲ့ အမှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ကိစ္စအပေါ် သူ့အနေနဲ့ အရှက်ရမိတဲ့အကြောင်း မီဒီယာလုပ်ငန်းရှင်ကြီး ရုပါ့တ် မားဒေါ့ (Rupert Murdoch) က ပြောပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေအတွက် သူ့မှာ တာဝန်မရှိဘူးလို့ ပြောပါတယ်။

အသက် ၈၀ အရွယ် ရုပါ့တ် မားဒေါ့နဲ့ သူ့ရဲ့ သတင်းကော်ပိုရေးရှင်း ကမ္ဘာလုံးဆိုင်ရာ မီဒီယာလုပ်ငန်းတွေရဲ့ လက်ထောက်လည်းဖြစ်တဲ့ သားဖြစ်သူ ဂျိမ်းစ် (James) တို့ဟာ ဗြိတိသျှပါလီမန် စုံစမ်းစစ်ဆေးရေး ကော်မီက မေးတဲ့ မေးခွန်းတွေကို အင်္ဂါနေ့မှာ ဖြေကြားခဲ့ကြတာပါ။ သူ့ဘ၀ သက်တမ်းတလျှောက် ပါလီမန်ကော်မတီရှေ့မှာ အခုလို ပထမဆုံးအကြိမ် ထွက်ဆိုရတာဟာ သူ့အတွက် ရှက်စရာ အကောင်းဆုံးနေ့ ဖြစ်တယ်လို့ ရုပါ့တ် မားဒေါ့က ပြောပါတယ်။

အခုဖြစ်နေတဲ့ အရှုပ်တော်ပုံမှာ သူ့အနေနဲ့ တာရှိသူတဦးအဖြစ် ခံစားရသလားလို့ မေးတဲ့အခါမှာတော့ မရှိဘူးလို့ပဲ တိုတိုတုတ်တုတ် ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒီကိစ္စမှာ တာဝန်ရှိသူဟာ သူက ယုံကြည်လို့ တာဝန်ပေးထားသူတွေ ဖြစ်နိုင်သလို အဲဒီ ယုံကြည်သူတွေက တခါ ယုံကြည်လို့ ပြန်လည် တာဝန်ပေးထားသူတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပါလီမန်အတွင်း ပြုလုပ်ခဲ့တဲ့ ၂ နာရီလောက်ကြာတဲ့ ကြားနာ စစ်ဆေးပွဲ တနာရီခွဲလောက် ကြာလာတဲ့အချိန် အရပ်ဝတ်နဲ့ အထဲမှာ ရောက်နေသူ တဦးက ပန်းကန်ပြားထဲ မုတ်ဆိတ်ရိတ်တဲ့ နေရာမှာ သုံးတဲ့ အမြှုပ်တွေထည့်ပြီး ရုပါ့တ် မားဒေါ့ရဲ့ မျက်နှာကို ပစ်ပေါက်လိုက်ပါတယ်။ ရုပါ့တ် မားဒေါ့ အဲဒီလို လုပ်ခံရတာကို တွေ့လိုက်ရသူတွေက အံ့အားသင့်နေတဲ့အချိန် သူ့နောက်မှာ ထိုင်နေတဲ့ သူ့ရဲ့ဇနီးက အဲဒီ တိုက်ခိုက်သူကို ညာဘက်လက်နဲ့ရိုက်ပြီး ရုပါ့တ် မားဒေါ့ကို ခုခံ ကာကွယ်လိုက်ပါတယ်။

ဒီကြားနာပွဲကို ရုပ်မြင်သံကြားကနေ တကမ္ဘာလုံးကို တိုက်ရိုက် ပြသနေတာကြောင့် တိုက်ခိုက်မှု အပါအဝင် ရုပါ့တ် မားဒေါ့နဲ့ သူ့သား ဂျိမ်းစ်တို့ ထွက်ဆိုကြတာကို ပရိသတ်တွေက တိုက်ရိုက်ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။

XS
SM
MD
LG