သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း ဗုံးကွဲမှု လူအထိအခိုက်မရှိ


မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ တပတ်အတွင်း ဒုတိအကြိမ်အဖြစ် ဗုးံပေါက်ကွဲမူတွေဖြစ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ ညက ရှမ်းပြည်မြောက်ပိုင်းက စီးပွားရေးအရအချက်အချာကျတဲ့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမူနဲ့ ပတ်သက်လို့တော့ ထိခိုက်ဒဏ်ရာရရှိမူသေဆုံးမူတွေတော့ မရှိခဲ့တဲ့အကြောင်း မူဆယ်မြိုမရဲစခန်းကပြောပါတယ်။ VOA ထိုင်းအခြေစိုက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ် မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက စီးပွားရေးအရ အချက်အချာကျတဲ့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ရှိရာ မိုင်းယုကျေးရွာမှာ ဗုံးပေါက်ကွဲမူဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမူဟာ ကလက်လုပ်ဗုံးပေါက်ကွဲမူဖြစ်တဲ့အကြောင်း ပေါက်ကွဲမူကြောင့် လူထိခိုက်သေဆုံးတာတွေမရှိတဲ့အကြောင်း မူဆယ်မြိုမရဲစခန်းက တာဝန်ရှိသူတဦးက VOA ကိုပြောပါတယ်။

"ဖြေ။ ။ မနေ့ညက ၁၁နာရီ ၁၀မိနစ်မှာဖြစ်တာခင်ဗျ။

မေး။ ။ ဘယ်နေရာလောက်မှာဖြစ်တာလဲရှင်

ဖြေ။ ။ ၁၀၅မိုင် မိုင်းယုကျေးရွာမှာဖြစ်တာပါ

မေး။ ။ပေါက်ကွဲတာဘယ်နှစ်လုံးလောက်ပေါက်ကွဲလဲရှင်

ဖြေ။။ တလုံးထဲပါ။

မေး။လူကောထိခိုက်တာတာများရှိလား

ဖြေ။လူကောတိရိစ္ဆာန်ကော ဘာမှမထိခိုက်ဘူး

မေး။ ။ အခုကောအဲဒီနေရာမှာ လုံခြုံရေးကောချထားသေးလားရှင့်

ဖြေ။အဲဒီမှာတပ်ရော ၊ ၁၀၅မိုင် ရဲကင်းကောလုံခြုံရေးကော အမြဲတမ်းရှိတယ်ဗျ။

မေး။ ။ ဘယ်သူတွေရဲ့ လက်ချက်လဲကော သိပြီလားရှင့်။

ဖြေ။။ လက်လုပ်ဗုံးတွေဆိုတော့ ဘယ်သူတွေရဲ့လက်ချက်ဆိုတာတော့မသိဘူးဗျ ။"

ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ နေလည်ပိုင်းမှာလည်း မူဆယ်မြို့ အထွက်မှာ မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့၇တာကြောင့် အာဏာပိုင်တွေ ရှင်းလင်းမူလုပ်ခဲ့၇တယ်လို့ မူဆယ်မြိုခံတဦးဖြစ်တဲ့ ဦးသောင်းထွန်းကလည်းပြောပါတယ်။

"မူဆယ်မြို့အထွက်နန်းခွန်ကျေးရွာအထွက်မှာ နေလည်၁နာရီလောက်မှာရှေထွက်မိုင်းလူသတ်မိုင်းကို လမ်းဘေး ဆက်သွယ်ရေးပြတိုက်မှာချိတ်ထားတာ တွေ့လို့အဲဒီ တလုံးကိုရဲရယ် စစ်တပ်ရယ် ၊ အထူးသတင်းတပ်ဖွဲ့ရယ် က သက်မဲ့မိုင်းအဖြစ် ဆောင်ရွက်ပြိးသွားပြီပေါ့နော်"

ဖေဖေါ်ဝါရီလ ၂၁ရက်နေတုန်းကတော့ ရှမ်းပြည်နယ် လာရှိုးမြို့က ရိုးမ ဘဏ်မှာပေါက်ကွဲမူတွေဖြစ်ခဲ့ပြီး လူ၂ဦးသေဆုံးခဲ့ပြီး လူ၂၀နီးပါးထိခိုက်ဒဏ်ရာရမူတွေရှိခဲ့ပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ်အတွင်းမှာ တပတ်အတွင်း ဗုံးပေါက်ကွဲမူ ၂ကြိမ်ဖြစ်ပွားခဲ့တာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင်မှာ ၂၀၁ရမေလတုန်း ကလည်း အဲဒီမိုင်းယုကျေးရွာမိုင်းတလုံးပေါက်ကွဲခဲ့ပြီး နောက်ထပ်မိုင်းတလုံးကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ရတာပါ။ ၂၀၁၆ခုနှစ် နိုဝင်ဘာလတုန်းကတော့ စစ်တပ်နဲ့ ရဲစခန်းတွေအပြင် မူဆယ်၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ပစ်ခတ် တိုက်ခိုက်တာကြောင့် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း လားရှိုးမြို့က ရိုးမဘဏ် (၁) မှာ ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှုအရှိန် ပြင်းလွန်းတာကြောင့် CCTV မှတ်တမ်း ရုပ်ပုံတွေ တုန်ခါမှု အရှိန်ကြောင့် ေ၀ဝါး ပျက်ဆီးသွားခဲ့တဲ့အတွက် ကျူးလွန်သူရဲ့ သက်သေအထောက်အထားတွေ ရရှိဖို့ ခက်ခဲ့နေကြောင်း လားရှိုးမြို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ အနီးနားမှာရှိတဲ့ ဧရာဝတီဘဏ်က CCTV မှတ်တမ်းတွေကို စစ်ဆေးတဲ့အခါမှာလည်း အလားတူ ပျက်ဆီးနေတာကို တွေ့ရတဲ့အတွက် ကျွမ်းကျင်သူတွေ ကြိုးစား ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG