Twitter လူမႈကြန္ယက္က ၾကာသပေတးေန႔က ပိတ္ခဲ့တဲ့ သတင္းေထာက္ေတြရဲ႕ Twitter အေကာင့္ေတြကို ျပန္ဖြင့္ေပးမယ္လို႔ ကုမၸဏီပိုင္႐ွင္ Elon Musk က ဒီေန႔ စေနေန႔အေစာပိုင္းက Twitter ေပၚမွာ ေရးတင္ခဲ့ပါတယ္။ သူ အခုလို ေရးသားခဲ့ၿပီးေနာက္ VOA ရဲ႕ သတင္းေထာက္ခ်ဳပ္ Steve Herman အပါအဝင္ အေကာင့္ပိတ္ခံခဲ့ရတဲ့ သတင္းေထာက္ေတာ္ေတာ္မ်ားမ်ားရဲ႕ အေကာင့္ေတြျပန္ရခဲ့ေပမဲ့ တခ်ဳိ႕ေတာ့ က်န္ေနပါေသးတယ္။
သူ႕ကိုယ္ပိုင္ ဂ်က္ေလယာဥ္အခ်ိန္နဲ႔ တေျပးညီေရာက္ေနတဲ့ ေနရာကို သတင္းေထာက္ေတြက ေဖာ္ျပတဲ့အတြက္ေၾကာင့္ အေကာင့္ေတြကို ယာယီပိတ္ထားခဲ့တာလို႔ Elon Musk က ေျပာပါတယ္။ အဲဒီလိုေဖာ္ျပတဲ့အတြက္ သူ႔ရဲ႕ကေလးတေယာက္ကို ေနာက္ကအၿမဲလိုက္ေနသူတေယာက္ရဲ႕ ေႏွာင့္ယွက္မႈခံခဲ့ရတယ္လို႔လည္း ဆိုပါတယ္။
Elon Musk အေၾကာင္းနဲ႔ @ElonJet ဆိုတဲ့အေကာင့္အေၾကာင္း သတင္းေထာက္ေတြက သတင္းေဖာ္ျပခဲ့ၾကေပမဲ့ Elon Musk ရဲ႕ကိုယ္ပိုင္ေလယာဥ္ ဘယ္ေရာက္ေနလဲဆိုတာမ်ိဳးကိုေတာ့ ေဖာ္ျပခဲ့ျခင္း မ႐ွိပါဘူး။ @ElonJet ဆိုတဲ့ အေကာင့္က သူ႔ကိုယ္ပိုင္ေလယာဥ္႐ွိရာအရပ္ကို အခ်ိန္နဲ႔ တေျပးညီေဖာ္ျပတဲ့အေကာင့္ ျဖစ္ပါတယ္။ အဲဒီအေကာင့္ကိုေတာ့ Twitter က ပိတ္ပစ္ခဲ့ပါတယ္။
အခုလို သတင္းေထာက္ေတြရဲ႕ အေကာင့္ေတြကို Twitter က ယာယီပိတ္ခဲ့တာေၾကာင့္ သတင္းေထာက္ေတြ၊ အခြင့္အေရးလႈပ္႐ွားတဲ့အဖြဲ႔ေတြနဲ႔ ကုလသမဂၢ၊ EU ဥေရာပသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႔ေတြက သတင္းလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရးနဲ႔ ပြင့္လင္းျမင္သာမႈပိုင္းအတြက္ စိုးရိမ္စရာျဖစ္တယ္လို႔ ေျပာဆိုေဝဖန္ခဲ့ၾကပါတယ္။
=== Unicode =====
Twitter လူမှုကွန်ယက်က ကြာသပတေးနေ့က ပိတ်ခဲ့တဲ့ သတင်းထောက်တွေရဲ့ Twitter အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကုမ္ပဏီပိုင်ရှင် Elon Musk က ဒီနေ့ စနေနေ့အစောပိုင်းက Twitter ပေါ်မှာ ရေးတင်ခဲ့ပါတယ်။ သူ အခုလို ရေးသားခဲ့ပြီးနောက် VOA ရဲ့ သတင်းထောက်ချုပ် Steve Herman အပါအဝင် အကောင့်ပိတ်ခံခဲ့ရတဲ့ သတင်းထောက်တော်တော်များများရဲ့ အကောင့်တွေပြန်ရခဲ့ပေမဲ့ တချို့တော့ ကျန်နေပါသေးတယ်။
သူ့ကိုယ်ပိုင် ဂျက်လေယာဉ်အချိန်နဲ့ တပြေးညီရောက်နေတဲ့ နေရာကို သတင်းထောက်တွေက ဖော်ပြတဲ့အတွက်ကြောင့် အကောင့်တွေကို ယာယီပိတ်ထားခဲ့တာလို့ Elon Musk က ပြောပါတယ်။ အဲဒီလိုဖော်ပြတဲ့အတွက် သူ့ရဲ့ကလေးတယောက်ကို နောက်ကအမြဲလိုက်နေသူတယောက်ရဲ့ နှောင့်ယှက်မှုခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
Elon Musk အကြောင်းနဲ့ @ElonJet ဆိုတဲ့အကောင့်အကြောင်း သတင်းထောက်တွေက သတင်းဖော်ပြခဲ့ကြပေမဲ့ Elon Musk ရဲ့ကိုယ်ပိုင်လေယာဉ် ဘယ်ရောက်နေလဲဆိုတာမျိုးကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ @ElonJet ဆိုတဲ့ အကောင့်က သူ့ကိုယ်ပိုင်လေယာဉ်ရှိရာအရပ်ကို အချိန်နဲ့ တပြေးညီဖော်ပြတဲ့အကောင့် ဖြစ်ပါတယ်။ အဲဒီအကောင့်ကိုတော့ Twitter က ပိတ်ပစ်ခဲ့ပါတယ်။
အခုလို သတင်းထောက်တွေရဲ့ အကောင့်တွေကို Twitter က ယာယီပိတ်ခဲ့တာကြောင့် သတင်းထောက်တွေ၊ အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့တွေက သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးနဲ့ ပွင့်လင်းမြင်သာမှုပိုင်းအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောဆိုဝေဖန်ခဲ့ကြပါတယ်။