သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူစလင်တွေ တိုက်ပွဲဝင်ကြဖို့ အယ်လ်ခိုင်းဒါး ပြောခွင့်ရ နှိုးးဆော်

မူစလင်တွေ တိုက်ပွဲဝင်ကြဖို့ အယ်လ်ခိုင်းဒါး ပြောခွင့်ရ နှိုးးဆော်
မူစလင်တွေ တိုက်ပွဲဝင်ကြဖို့ အယ်လ်ခိုင်းဒါး ပြောခွင့်ရ နှိုးးဆော်

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ မူစလင်တွေကို သူတို့ နေထိုင်နေတဲ့ နိုင်ငံတွေအပေါ် တိုက်ခိုက်ကြဖို့ အမေရိကန်ဖွား အယ်လ်ခိုင်းဒါး (Al Qaeda) အဖွဲ့ ပြောခွင့်ရသူက တိုက်တွန်းလိုက်ပါတယ်။ ပဲရစ်၊ လန်ဒန်နဲ့ ဒီထရွိုက် မြို့တွေက စိတ်ပျက်စရာ ရပ်ကွက်တွေမှာ နေထိုင်နေကြတဲ့ မူစလင်တွေ အနေနဲ့ ဘာသာရေးအရ လုပ်သင့် လုပ်ထိုက်တဲ့အတိုင်း တိုက်ခိုက်မှုတွေကို လုပ်ကြဖို့ အယ်လ်ခိုင်းဒါး အဖွဲ့ ဝက်ဆိုက်ပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာ ပြောခွင့်ရသူ Adam Gadahn က ဆော်သြထားတာပါ။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကြီးပြင်းခဲ့ပြီး အဲဒီမှာပဲ အစ္စလာမ်ဘာသာ ပြောင်းခဲ့သူ Gadahn ကို ၂၀၀၄ ခုနှစ်ထဲက FBI က အလိုရှိနေတာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းမိနိုင်အောင် သတင်းပေးသူကို ဒေါ်လာ ၁ သန်း ဆုကြေးပေးမယ်လို့ FBI က ကမ်းလှမ်းထားတာပါ။

သူဟာ ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ပါကစ္စတန်ကို ပြောင်းသွားပြီး နောက်ပိုင်း နှစ်တွေမှာ Al Qaeda ရဲ့ စစ်သင်တန်းတခုကို တက်ခဲ့တယ်လို့ FBI ကပြောပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ Al Qaeda အကြမ်းဖက်အဖွဲ့ရဲ့ စကားပြန်၊ အကြံပေးအဖြစ် လုပ်နေပါတယ်။ အသက် ၃၁ နှစ်အရွယ် အမေရိကန် Gadahn ဟာ Yahya Majadin, Azzam al Amriki စတဲ့ နာမည်တွေကိုလည်း အသုံးပြုပါတယ်။

This item is part of
XS
SM
MD
LG