သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီဟော်တယ်မီး လူ ၁၅ ဦးထက် မနည်း သေဆုံး


ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ မူစလင်ဘာသာရေးခရီးသွား အများအပြား တည်းခိုနေတဲ့ ဟော်တယ်တစ်လုံး မီးလောင်တဲ့ အတွက် လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Medina ဘာသာရေးအထွဋ်အမြတ်မြို့က ဟော်တယ်မှာ မီးလောင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အီဂျစ်နိုင်ငံသားတွေလည်းပါတယ်လို့ အီဂျစ်ကလာတဲ့ ရုပ်သံသတင်းတွေမှာ ပြောကြပါတယ်။ နောက်ထပ် လူ ၁၃၀ ထက်မနည်းလည်း ဒဏ်ရာရခဲ့ပါတယ်။ ဘာ့ကြောင့် မီးလောင်ခဲ့တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မီးလောင်ချိန်တုန်းက ဟော်တယ်မှာ ဘာသာရေးခရီးသွား ၇၀၀ လောက် တည်းခိုနေတယ်လို့ ဆော်ဒီနိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။ မီးသတ်သမားတွေက မီးကို ကြိုးစားငြိမ်းသတ်ချိန်အတွင်း အနားက ဟော်တယ် တစ်လုံးကိုလည်း ကြိုတင် ကာကွယ်တဲ့အနေနဲ့ ရွှေ့ပြောင်း ကယ်ဆယ်ခဲ့ပါတယ်။
XS
SM
MD
LG