သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မမြသွဲ့သွဲ့ခိုင် ကယ်လွန်မှုတနှစ်ပြည့် နိုင်ငံခြားသံအဖွဲ့တချို့ အမှတ်တရစကားဆို


နေပြည်တော် ဆန္ဒပြပွဲတခုအတွင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်။ (ဓာတ်ပုံ - European Union in Myanmar Facebook)
နေပြည်တော် ဆန္ဒပြပွဲတခုအတွင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်။ (ဓာတ်ပုံ - European Union in Myanmar Facebook)

(Zawgyi / Unicode)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ နေပြည်တော် ဆန္ဒပြပွဲတခုအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရဲတွေ သေနတ်နဲ့ပစ်လို့ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်သွားခဲ့တာ တနှစ်ပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတချို့က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ အမှတ်တရ ရေးထားကြပါတယ်။

စစ်တပ်ရဲ့ မိုက်ရူးရဲဆန်ပြီး အကြီးအကျယ် သွေးစွန်းစေတဲ့ အာဏာလုယူမှုကြောင့် ထိခိုက်ခဲ့ရတဲ့ မြောက်များစွာသော အပြစ်မဲ့ပြည်သူတွေအနက် မမြသွဲ့သွဲ့ခိုင်ဟာ ပထမဦးဆုံး အသက်ပေးခဲ့ရသူ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအဖွဲ့က ရေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကတည်းက သေဆုံးခဲ့သူတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို အမှတ်ရနေပြီး သူတို့ကို အလေးအနက်ထားပြီးတော့ စာနာတဲ့အကြောင်း ပြင်သစ်သံရုံးကလည်း ရေးထားပါတယ်။ ရန်ကုန်အခြေစိုက် အနောက်နိုင်ငံသံရုံးတွေက နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ရေးသားထုတ်ပြန်မှုတွေအပေါ် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတချို့ဟာ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုပြီး အရင်က ကန့်ကွက်ခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တာ တနှစ်ကျော်ကြာလာပြီ ဖြစ်ပေမယ့်လည်း စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ မြန်မာနိုင်ငံတွင်းမှာ ရှိနေဆဲဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အင်အားသုံး နှိမ်နင်းဖြိုခွဲ ဖမ်းဆီးတာကြောင့် ဆန္ဒပြပွဲတွေ လျော့နည်းသွားပေမယ့်လည်း ရန်ကုန်အပါအဝင် ဒေသတချို့မှာ ကြိုးကြားဆိုသလို ရှိနေဆဲပါပဲ။

ဒါ့အပြင် စစ်တပ်နဲ့ရဲကို မိုင်းခွဲတိုက်ခိုက်တာတွေ၊ လက်နက်ကိုင် တိုက်ခိုက်တာတွေလည်း ဒေသတချို့မှာ အပြင်းအထန် ဆက်ဖြစ်နေပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၁,၅၆၀ ဦးထက်မနည်းရှိပြီလို့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ ကိန်းဂဏန်းတွေဟာ လုပ်ကြံချဲ့ကားထားတာဆိုပြီး ပယ်ချထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် စစ်ကောင်စီက ဖမ်းဆီးထားသူ၊ စွဲချက်တင်ထားသူ ဒါမှမဟုတ် အကျဉ်းချထားသူ ၉,၂၀၀ ကျော်ရှိပြီလို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG