သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဖိနှိပ်ခံရမှု ICC တရားသူကြီးတွေထံ တိုင်ကြားခွင့်ပြု


ICC ရှေ့နေ Fatou Bensouda
ICC ရှေ့နေ Fatou Bensouda

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခံရသူတွေ အနေနဲ့ သူတို့ရဲ့အမြင်၊ စိုးရိမ်ချက်၊ မျှော်လင့်ချက် စတာတွေကို နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC တရားသူကြီးတွေဆီ ပေးပို့ နိုင်တဲ့အကြောင်း ICC ရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီလို ပေးပို့နိုင်ရေးအတွက် ပုံနှိပ်ထားတဲ့ ပုံစံစာရွက်တွေကို အင်္ဂလိပ်၊ မြန်မာ၊ ဘင်္ဂါလီ ဘာသာစကားနဲ့ စီစဉ်ပေးထားသလို ရိုဟင်ဂျာဘာသာစကားနဲ့ အသံသွင်းပြီး ပေးနိုင်ဖို့လည်း လုပ်ပေးထားပါတယ်။ ပုံစံမှာ ဘယ်လိုဖြည့်စွက်ရမယ်ဆိုတာကိုလည်း အဲဒီ ဘာသာစကားတွေနဲ့ရော အသံသွင်းထားတဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ပါ ရှင်းပြပေးထားတာတွေရှိပါတယ်။

ဒါ့အပြင် ဗွီဒီယိုရိုက်ယူတာ၊ အသံဖမ်းယူတာ စတဲ့ တခြားပုံစံတွေနဲ့လည်း ပေးပို့နိုင်တယ်လို့ ICC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ ပေးပို့ရမယ့် နောက်ဆုံးရက်ကတော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ဖြစ်ပြီး ဒီလိုပေးပို့တာမှာ အခကြေးငွေ ပေးဖို့မလိုသလို ကိုယ့်ရဲ့ဆန္ဒသဘောထားအရ ပေးပို့နိုင်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် အနိမ့်ဆုံးအဆင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းကစလို့ ကျူးလွန်ခဲ့တယ် ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခွင့်ပြုချက်ပေးဖို့ ICC ရှေ့နေ Fatou Bensouda က ဒီနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တင်ပြထားတာပါ။

ရိုဟင်ဂျာလို့ခေါ်ဝေါ်တာကို လက်မခံတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC အနေနဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်မရှိဘူးလို့ ပြောထားသလို ဘယ်လို စုံစမ်းစစ်ဆေးတာမျိုးကိုမှ ပူးပေါင်းလုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

ရိုဟင်ဂျာဖိနှိပ်ခံရမှု ICC တရားသူကြီးတွေထံ တိုင်ကြားခွင့်ပြု
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG