သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကို အမေရိကန်ပိတ်ဆို့ဒဏ်ခတ်


အမေရိကန်ပြည်ထောင်စုက တားမြစ်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံပိုင် လက်နက်တွေ ရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol အပါအဝင် အခြားအရာရှိ ၂ ဦးကို နာမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။

အီဂျစ်အခြေစိုက် EKO ဆိုတဲ့ မြောက်ကိုရီးယားကုမ္ပဏီက လက်နက်ရောင်းဝယ်ရေးမှာ သံအမတ်ကြီး Kim Sok Chol ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နာမည်ပျက်စာရင်းထဲ ထည့်လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာအခွန် ဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မြောက်ကိုရီးယားနိုင်ငံပိုင် လက်နက်စက်ရုံဟာ လူအများသေစေတဲ့ လက်နက်နဲ့ နျူကလီးယားလက်နက် ထုတ်နိုင်တဲ့ ပစ္စည်းတွေ ထုတ်လုပ်နေတယ်လို့ ယူဆထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG