သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးလွတ်လပ်စွာသတင်းယူခွင့်ရဖို့ ဖမ်းဆီးခံရိုက်တာသတင်းထောက် တောင်းဆို


 ဖမ်းဆီးခံရိုက်တာသတင်းထောက် ကိုဝလုံး
ဖမ်းဆီးခံရိုက်တာသတင်းထောက် ကိုဝလုံး

ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ပဋိပက္ခ အခက်အခဲတွေနဲ့ နိုင်ငံတကာက စွပ်စွဲနေတဲ့ ကိစ္စရပ်တွေ ဖြေရှင်းနိုင်ဖို့အတွက် ဘက်လိုက်မှုကင်းတဲ့ မီဒီယာသမားတွေကို ရခိုင်ပြည်နယ်ကို စေလွှတ်ပေးဖို့ လိုအပ်သလို လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်တွင်း သတင်းအမှန်ကို အစိုးရကိုယ်တိုင် ရရှိဖို့ ခက်ခဲနေတယ်လို့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။ ရိုက်တာ သတင်းထောက်တွေကို ဒီကနေ့ ၆ကြိမ် မြောက် ရုံးထုတ်စဉ် သူတို့က အခုလိုပြောခဲ့တာပါ။ ဒီသတင်းကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့မေခက ပေးပို့ထားတာပါ။

Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို ရုံးထုတ်စစ်ဆေးတဲ့ ဒီကနေ့ မှာ တရားလိုပြသက်သေ ၂ဦးကိုစစ်မေးခဲ့တာဖြစ်ပါတယ်။ တရားခွင် ခေတ္တနားချိန်မှာ ရိုက်တာသတင်းထောက် ကိုဝလုံးက ဗီအိုအေသတင်းဌာနကို ပြောဆိုခဲ့တာမှာတော့ လက်ရှိ ရခိုင်ပဋိပက္ခအတွင်းမှာ အောက်ခြေကနေ သတင်း တင်ပို့မှုတွေ အားနည်းနေသလို ထိန်ချန်တင်ပို့မှုတွေကြောင့် အစိုးရဘက်က သတင်းအမှန်ရဖို့ခက်ခဲနေတယ်လို့ ဆိုပါတယ်။ ဖော်ထုတ်ရမယ့် သတင်းတွေများစွာရှိနေပြီး သတင်းမှန်တင်ပြနိုင်ဖို့ ကြိုးစားတာမို့ အခုလိုအဖမ်းခံခဲ့ရတယ်လို့ ကိုဝလုံးကဆိုပါတယ်။

လက်ရှိရခိုင် ပဋိပက္ခတွေမှာ အခက်အခဲတွေနဲ့ နိုင်ငံတကာက စွပ်စွဲနေတဲ့ ကိစ္စရပ်တွေ ဖြေရှင်းနိုင်ဖို့အတွက် သတင်းသမား တွေကိုလွတ်လပ်စွာ သွားရောက် သတင်းယူခွင့်ပေးဖို့ အစိုးရကို ဖမ်းဆီးခံ သတင်းထောက်ကိုဝလုံးက အခုလိုတောင်းဆို လိုက်ပါတယ်။

" လက်ရှိအစိုးရက သတင်းရရှိမှုအားနည်းပါတယ်။ ကျနော်တို့ မီဒီယာသမားတွေဖော်ထုတ်တာ မဟုတ်ဘဲနဲ့ဆိုရင် မှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရရှိမှာမဟုတ် ပါဘူး။ ပဋိပက္ခ အခက်အခဲတွေကို ဖြေရှင်းဖို့ဆိုလို့ရှိရင် ဘက်လိုက်မှုကင်းတဲ့ မီဒီယာသမားတွေကို ရခိုင်ပြည်နယ်မှာ သွားပြီးတော့ အောက်ခြေကဖြစ်ပျက်နေတာတွေ ကို မှန်မှန်ကန်ကန်တင်ပြနိုင်ဖို့ အမြန်ဆုံ အစိုးရဘက်က လုပ်ပေးသင့်ပါတယ်"

ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ရိုက်တာ သတင်းဌာန မြန်မာ သတင်းထောက် ၂တွေကို အစိုးရက နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်း ဖက်မှုများနဲ့ ပတ်သက်နေတဲ့ အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိတယ် ဆိုကာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညကဖမ်းခံခဲ့ရတာဖြစ် ပါတယ်။

ဒါပေမယ့် ဒီလ ျှို့ဝှက်စာရွက်တွေဟာ တရားဝင် အများပြည်သူကို ဖော်ပြထားတဲ့ အကြောင်းအရာတွေဖြစ်နေပြီး သတင်းစာတွေ မှာပါ ဖော်ပြထားတဲ့ အချက်တွေဖြစ်နေပါတယ်။ ဒါ့အပြင် တရားခွင်အတွင်း ပြန်လှန်မေးခွန်း ထုတ်ရာမှာတော့ အမှုဖြစ်စဉ်နဲ့ ကွဲလွဲမှုတွေ ရှိနေတာ တွေ့ခဲ့ရကြောင်း သတင်းထောက်တွေရဲ့ အကျိုးဆောင် ရှေ့နေ ဦးသန်းဇော်အောင်က ဆိုထားပါတယ်။

"စွပ်စွဲခံရသူတွေ ကျနော်ကိုပြောသလိုဘဲ စဉ်ဖမ်းခံရတယ်ဆိုတာမျိုးပေါ်ပေါက်တယ်။ စစ်ပြီးသမ ျှကတော့ လ ျှို့ဝှက်စာရွက်စာတမ်းတွေ သတင်းထောက်ဆီမှာတွေ့တယ် ဆိုပြီးဖမ်းတာဘဲ။ ဖမ်းတယ်ဆိုပေမယ့် ကျနော်ခုနပြောသလိုဘဲ လ ျှို့ဝှက်စာရွက်စာတမ်းတွေက အစိုးရသတင်းစာတွေထဲကနေသေချာရှင်းလင်းပြပြီးသားအကြောင်းအ ရာတွေ အဲကိစ္စတွေဖြစ်နေတယ်။ တချို့ကိစ္စကတော့ အသေးစိတ်ပါမယ်။ တချို့အချက်တွေကတော့ အကြောင်းအရာရှင်းပြပြီးသားတွေဖြစ်နေတယ်။ ဒါကလ ျှို့ဝှက်အ ကြောင်းအရာတွေမဟုတ်ဘူး"

အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ တင်ပြထားတဲ့ တရားလိုပြသက်သေ ၂၅ ဦးထိ ရှိနေတာကြောင့် အခုလို သက်သေတဦးချင်းစီကို သီတင်းတပတ်စီ ခွာချိန်းနေမယ်ဆိုရင် အားလုံး စစ်ဆေး ပြီးစီးဖို့အတွက် ကြာဦးမယ့်သဘော ရှိနေပါတယ်။ သတင်းထောက် ၂ ဦးဟာ ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်း တွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် အဲဒီ ချိန်းဆိုထားတဲ့ညမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အတွက် တမင် အကွက်ချ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောဆိုထားပြီး ဖမ်းဆီးခံထားရချိန်မှာလည်း အမှုနဲ့ပတ်သက်လို့ ခြိမ်းခြောက် ဝန်ခံခိုင်းတာတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။ လာမယ့် မတ် လ ၇ရက်နေ့မှာ ထပ်မံရုံးချိန်းခေါ်ယူ စစ်ဆေးသွားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG