သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်၊ ထိုင်းတာဝန်ရှိတွေနဲ့ မြန်မာ့အရေး ဆွေးနွေး


(COMBO) This combination of pictures created on January 25, 2024 shows US National Security Advisor Jake Sullivan in Davos, on January 16, 2024 andina's Foreign Minister Wang Yi in Brasilia on January 19, 2024.
(COMBO) This combination of pictures created on January 25, 2024 shows US National Security Advisor Jake Sullivan in Davos, on January 16, 2024 andina's Foreign Minister Wang Yi in Brasilia on January 19, 2024.

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံရာမှာ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းက အဓိကကျတဲ့ကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့တာပါ။

“မြန်မာ့အရေး၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ တခြားကိစ္စရပ်တွေ အပါအဝင် ပထဝီဝင်နိုင်ငံရေးနဲ့ ဒေသတွင်းကိုပါ ရိုက်ခတ်လာနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘန်ကောက်မြို့က ဒီကနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ နိုင်ငံရေးပြဿနာတွေမှာ တဘက်ဘက်က အပြတ်အသတ်အနိုင်ရတဲ့ အဖြစ်မျိုးကို မလိုလားကြောင်း ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဆွေးနွေးမှုတွေ နောက်ဆက်တွဲအဖြစ် ဘန်ကောက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ အစောပိုင်း တွေ့ဆုံရာမှာလည်း မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံမှုအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှေ့လာမယ့် သီတင်းပတ်တွေမှာ ဝန်ထမ်းအဆင့် ဆွေးနွေးကြဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

XS
SM
MD
LG