သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးပစ်ခတ်မှု ဘီးလင်းမြို့ တက်တူကုန်းရွာခံသုံးဦး သေဆုံး


စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးကြတဲ့ သထုံ၊ ဘီးလင်းမြို့၊‌ တက်တူကုန်းကျေးရွာ ဒေသခံများ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၄ (ဓါတ်ပုံ - CJ)
စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးကြတဲ့ သထုံ၊ ဘီးလင်းမြို့၊‌ တက်တူကုန်းကျေးရွာ ဒေသခံများ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၄ (ဓါတ်ပုံ - CJ)

လက်နက်ကြီးပစ်ခတ်မှု ဘီးလင်းမြို့ တက်တူကုန်းရွာခံသုံးဦး သေဆုံး

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) နယ်မြေ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့အမြောက်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံသုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီရဲ့အမြောက်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးသုံးဦးသေဆုံးပြီး နှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

"ရွှေရောင်ပြကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာမှာ ဖြစ်တာပါ။ လက်နက်ကြီးပစ်ချတာ။ ဘီးလင်းအနောက်ဘက်ကနေ ပစ်တာ။ အမြောက်တပ် ၃၁၄ ကနေပစ်တာ။ နေ့လယ် ၁၁ နာရီလောက်ပစ်တာ။ ရွာထဲကိုပစ်တော့ သေဆုံးတာ သုံးဦးသေတယ်။ အဲဒီမှာ ဒဏ်ရာရတာက ခုနစ်ဦးရှိတယ်။ အဲဒီထဲက ငါးဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။"

နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲ စစ်ရှောင်နေရတယ်လို့လည်းပြောပါတယ်။

"အဲဒီမှာ ရိုးတောအနောက်ဘက်ကနေ ပစ်နေတာက နေ့တိုင်းပစ်နေတာရှိတယ် ပစ်ပြီဆိုရင် ရွာသားတွေ့ စစ်ရှောင်နေရတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ပစ်တာ။ ရွာသားတွေဆိုရင် အိမ်မပြန်ရဲကြဘူး။ နီးစပ်ရာ နေရာတွေ၊ တောထဲတွေစစ်ရှောင်နေရတယ်။"

ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း အမှတ် (၉) ခြေမြန်တပ်ရင်း တပ်စခန်းကနေ ကော့လှိုင်းကျေးရွာနဲ့ ကုလားကုန်းကျေးရွာကြားကို လက်နက်ကြီး (၆) လုံး ပစ်ခတ်ခဲ့တာကြောင့်ဒေသခံ နှစ်ဦးထိခိုက်ခဲ့ပြီး တဦးက ခြေထောက်ဖြတ်
ပစ်လိုက်ရတယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ကျည်ဆံထိမှန်သေဆုံးသူတွေက အသက် (၄၉) နှစ်အရွယ် နော်မူး၊ နောမမူးရဲ့သမီး အသက် ၂၂ နှစ်အရွယ်၊ နော်စန္ဒာနဲ့ နော်ကော်လာမုတို့ ဖြစ်ကြပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲမဖြစ်ဘဲနဲ့လည်း ဒေသခံတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတယ်လို့လည်း ကရင်လူအခွင့်ရေးအဖွဲ့အစည်းတွေကလည်း ဆိုပါတယ်။ အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ခရိုင် ၇ ခုမှာ စစ်ဘေးရှောင် ၇ သိန်းကျော်ရှိနေတယ်လို့လည်း ပြီးခဲ့တဲ့ရက်က ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG