သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အမျိုးသမီး သူရဲကောင်း ဘောလုံး ဖလား" မြန်မာဆွတ်ခူး

Hero Gold Cup 2019 ပွဲစဉ်အတွင်း အိန္ဒိယနဲ့ မြန်မာ အမျိုးသမီးဘောလုံးအသင်းနှစ်သင်း အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်
Hero Gold Cup 2019 ပွဲစဉ်အတွင်း အိန္ဒိယနဲ့ မြန်မာ အမျိုးသမီးဘောလုံးအသင်းနှစ်သင်း အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်

မြန်မာနဲ့ နီပေါ အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲမှာ မြန်မာက နီပေါကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အမျိုးသမီးသူရဲကောင်း ဖလားကို ဆွတ်ခူးသွားပါပြီ။

အိန္ဒိယနိုင်ငံ Bhubaneshwar မြို့က Kalinda အားကစားကွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကျင်းပခဲ့ပြီး ပထမပိုင်း နာရီဝက်မှာ နီပေါနဲ့ မြန်မာတို့ ခြေတူတူလောက် ကစားနိုင်ခဲ့ကြပါတယ်။

၄၄ မိနစ်မှာတော့ မြန်မာဖက်က ခြေသာလာပြီး ဒုတိယပိုင်း အစောပိုင်း ၅၄ မိနစ်မှာ မြန်မာက နီပေါကို ၁ ဂိုး အနိုင်ရလိုက်ပါတယ်။ ၁ နာရီအချိန်မှာ နီပေါဖက်က တိုက်စစ်ကို တန်ပြန်ပြီး မြန်မာဖက်က နောက်ဂိုးတလုံး ထပ်သွင်းလိုက်ပါတယ်။ အမျိုးသမီး သူရဲကောင်းဖလားလုပြိုင်ပွဲမှာ မြန်မာက ရှုံးပွဲမရှိ ဦးဆောင်ခဲ့တာပါ။

အစောပိုင်းပွဲတွေမှာလည်း နီပေါကို ၃ ဂိုး ဂိုးမရှိ အနိုင်ရထားသလို အိန္ဒိယကို ၂ ဂိုး ဂိုးမရှိ၊ အီရန်ကိုလည်း အလားတူ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပြီး အမှတ်ပေး ဇယားထိပ်မှာ ရှိနေတာ ဖြစ်ပါတယ်။ နီပေါကလည်း အိန္ဒိယနဲ့ အီရန်တို့ကို အနိုင်ကစားနိုင်ခဲ့လို့ ဗိုလ်လုပွဲ တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

"အမျိုးသမီး သူရဲကောင်း ဘောလုံး ဖလား" မြန်မာဆွတ်ခူး
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG