{{Zawgyi/Unicode}}
၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ေရြးေကာက္ပြဲမွာ တႀကိမ္ထက္ပိုၿပီး မဲေပးခဲ့သူေတြကို တရားစြဲဆိုဖို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) က ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲေတြကို အေၾကာင္းၾကားထားပါတယ္။
ေရြးေကာက္ပြဲမွာ တႀကိမ္ထက္ပိုၿပီး မဲေပးတယ္ဆိုရင္ မဲေပးသူသာမက အားေပးသူ၊ မဲေပးတာကို ျဖစ္ေျမာက္ေစသူ၊ ျဖစ္ေျမာက္ေစဖို႔ အားထုတ္သူေတြဟာလည္း ရာဇသတ္ႀကီးပုဒ္ ၁၇၁ (ဃ) ကို ေဖာက္ဖ်က္က်ဴးလြန္ရာေရာက္တယ္လို႔ UEC ရဲ႕ ေအာက္တိုဘာလ ၂၂ ရက္ေန႔စြဲနဲ႔ ၫႊန္ၾကားစာမွာ ေဖာ္ျပထားပါတယ္။
ေရြးေကာက္ပြဲမွာ မေလ်ာ္ၾသဇာသံုးမႈ ဒါမွမဟုတ္ သူတပါးအေယာင္ေဆာင္မႈကို က်ဴးလြန္ရင္ ရာဇသတ္ႀကီးပုဒ္မ ၁၇၁ (စ) အရ တႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမယ္လုိ႔ ျပဌာန္းထားေၾကာင္းလည္း UEC ၫႊန္ၾကားခ်က္မွာ ေဖာ္ျပထားပါတယ္။
၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြရွိခဲ့တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ဟာ စစ္တပ္က အာဏာသိမ္းယူတာရဲ႕ အဓိကအေၾကာင္းျပခ်က္ျဖစ္ပါတယ္။ ဒီအေၾကာင္းျပခ်က္ မွန္ကန္တယ္ဆိုတာကို သက္ေသျပဖို႔ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ေရြးေကာက္ပြဲေကာ္မရွင္က နည္းလမ္းေပါင္းစံုနဲ႔ လုပ္ေဆာင္ေနတာပါ။
အခုထုတ္ျပန္တဲ့ ညႊန္ၾကားခ်က္အရ တရားစြဲခံရမယ့္သူေတြဟာ ဘယ္သူေတြဆိုတာနဲ႔ အေရအတြက္ ဘယ္ေလာက္မ်ားမ်ား တရားစြဲခံရမလဲ ဆိုတာေတြကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။
============
{Unicode}}
၂၀၂၀ ရွေးကောက်ပွဲ တကြိမ်မက မဲပေးသူတွေကို တရားစွဲဖို့ UEC ညွှန်ကြား
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ တကြိမ်ထက်ပိုပြီး မဲပေးခဲ့သူတွေကို တရားစွဲဆိုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို အကြောင်းကြားထားပါတယ်။
ရွေးကောက်ပွဲမှာ တကြိမ်ထက်ပိုပြီး မဲပေးတယ်ဆိုရင် မဲပေးသူသာမက အားပေးသူ၊ မဲပေးတာကို ဖြစ်မြောက်စေသူ၊ ဖြစ်မြောက်စေဖို့ အားထုတ်သူတွေဟာလည်း ရာဇသတ်ကြီးပုဒ် ၁၇၁ (ဃ) ကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်လို့ UEC ရဲ့ အောက်တိုဘာလ ၂၂ ရက်နေ့စွဲနဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု ဒါမှမဟုတ် သူတပါးအယောင်ဆောင်မှုကို ကျူးလွန်ရင် ရာဇသတ်ကြီးပုဒ်မ ၁၇၁ (စ) အရ တနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားကြောင်းလည်း UEC ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ဟာ စစ်တပ်က အာဏာသိမ်းယူတာရဲ့ အဓိကအကြောင်းပြချက်ဖြစ်ပါတယ်။ ဒီအကြောင်းပြချက် မှန်ကန်တယ်ဆိုတာကို သက်သေပြဖို့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာပါ။
အခုထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ တရားစွဲခံရမယ့်သူတွေဟာ ဘယ်သူတွေဆိုတာနဲ့ အရေအတွက် ဘယ်လောက်များများ တရားစွဲခံရမလဲ ဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
#MyanmarElection #MyanmarMilitaryCoup #MyanmarUEC #VOABurmese
#ရွေးကောက်ပွဲကော်မရှင်#၁၇၁ဃ#၁၇၁စ#မလျော်သြဇာ
============