လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံက ရှေးဟောင်းပျုမြို့ ၃ မြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မြို့ကြီးတွေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က စာရင်းသွင်းလိုက်ပါတယ်။ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ (၃၈) ကြိမ်မြောက် အစည်းအဝေးအတွင်း ပျူခေတ် မြို့ကြီးသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ၊ ဘယ်လို တာဝန်တွေရှိလာမလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ ပျုမြို့ဟောင်း ၃ မြို့ဟာ ဘီစီ ၂ ရာစုကနေ အေဒီ ၉ ရာစုအတွင်းမှာ ထွန်းကားခဲ့တဲ့ မြန်မာပြည်ရဲ့ ရှေးဦးမြို့တော်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံ့ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာစေတယ်လို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးကော်မတီ အဖွဲ့ဝင်နဲ့အဆိုပြု မူကြမ်း ပြုစုရေးအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစန်းဝင်းက အခုလို ပြောပါတယ်။
“နံပါတ် ၁ ကတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးမွေအဖြစ် ပျူမြို့ဟောင်း သုံးမြို့ကို သတ်မှတ်ခြင်းခံရတဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအနေနဲ့ မြင့်မားပါတယ်။ မြန်မာနိုင်ငံက ယဉ်ကျေးမှုသည် အမျိုးသားအဆင့်မှာတောင် မဟုတ်ဘဲ ကမ္ဘာကတောင် အသိအမှတ်ပြုရတဲ့အဆင့် ရောက်တယ်ဆိုတဲ့သဘော ဖြစ်ပါတယ်ခင်ဗျ။”
ဒါ့အပြင် ခရီးသွားလုပ်ငန်းပေါ် အခြေခံပြီး ဒေသခံတွေ စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာပြည်အလယ်ပိုင်းဒေသက အုတ်မြို့ရိုးတွေ၊ နံရံတွေ၊ ကျုံးတွေနဲ့ ပျူမြို့သုံးမြို့ကိုတော့ တစိတ်တပိုင်း တူးဖော်ထားပြီးဖြစ်သလို အဲဒီအထဲမှာတော့ နန်းမြို့ဟောင်းတွေ၊ ဘုရားပုထိုးနဲ့ သချုႋင်းဂူနေရာတွေ၊ စက်မှုလုပ်ငန်း ထွန်းကားစအချိန်ကနေရာတွေကို တွေ့ခဲ့ရတဲ့အကြောင်း ယူနက်စ်ကိုရဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။ ရှေးဟောင်းသုတေသန ပညာရှင် ဦးစန်းဝင်းကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပထမဆုံး စာရင်းသွင်းနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ ရှုမြင်ပါတယ်။
“အဲဒီ ယူနက်စ်ကိုက အသိအမှတ်ပြုတာနဲ့အညီ ယူနက်စ်ကိုရဲ့ အထောက်အပံ့ဖြစ်တဲ့ ပထမအချက်ကတော့ ပစ္စည်းပေါ့ခင်ဗျာ၊ ဒုတိယအချက်ကတော့ နည်းပညာပေါ့ခင်ဗျာ။ နောက်တချက်ကတော့လူပေါ့ခင်ဗျာ။ နောက်တချက်ကတော့ ငွေကြေးပေါ့ခင်ဗျာ၊ ဒါတွေလည်းပဲ ပိုမိုပြီးတော့ အထောက်အပံ့ရရှိနိုင်တဲ့အတွက် ဒီဒေသတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ယခင်ထက်ပိုပြီးတော့ ထိရောက်အောင် ပိုမိုပြီးတော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။”
ပျူမြို့ဟောင်း ၃ မြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် တနေရာချင်းမဟုတ်ဘဲ တဆက်တည်းသတ်မှတ်ပေးဖို့အတွက် ၂၀၀၈ ခုနှစ်က စတင်ပြင်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ယူနက်စ်ကိုရဲ့ ရှေးဟောင်းအမွေအနှစ်ဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်တာကိုတော့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ ၃၈ ကြိမ်မြောက် အစည်းအဝေးမှာ ကော်မတီဝင် ၂၁ နိုင်ငံရဲ့ထောက်ခံချက်နဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ရှေးဟောင်းသုတေသနပညာရှင် ဦးစန်းဝင်းကတော့ ယူနက်စ်ကိုရဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ ပထမဆုံးအကြိမ် အခုလို စာရင်းသွင်းနိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ရဲ့ ယဉ်ကျေးမှုသည် ကျနော်တို့ မြန်မာအတွက်သာမဟုတ်ဘဲနဲ့ ကမ္ဘာ့အတွက် ဖြစ်ရမယ်ဆိုတဲ့ အဓိကစံ ပေါ့ခင်ဗျာ။ အဲဒီ စံ အပေါ်မှာ မူတည်ပြီးတော့ သတ်မှတ်တာပါပဲ။ အခု ကျနော်တို့က ဒါ ပျူ သုံးမြို့ဆိုရင်လည်း ဒါ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ရှေ့ပြေးပေါ့။ ဒီရှေ့ပြေးကနေပြီးတော့မှ ပုဂံခေတ်မှာ ဖွံ့ဖြိုးခဲ့တဲ့၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ခဲ့တဲ့ အဆောက်အအုံတွေ၊ ဒီအဆောက်အအုံတွေမှာ ရှိတဲ့ Art and Architectures အနုပညာနဲ့ ဗိသုကာဆိုင်ရာ လက်ရာတွေ၊ ဒါတွေအထိ ဆင့်ကဲပြီးတော့ သယ်ဆောင်သွားနိုင်တဲ့အတွက် ဒီလို ထူးခြားချက်တွေကို အဓိကထားပြီးတော့ ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် မှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပေမယ့် တာဝန်ယူဆောင်ရွက်စရာတွေလည်း ရှိနေတဲ့အကြောင်း ဦးစန်းဝင်းက အခုလို ဆက်ပြောပါတယ်။
“ဒီလို ရသွားတဲ့အတွက် တဘက်မှာလည်း တာဝန်ကြီးရှိလာတယ်လေ။ ဒါကို အရှည်ဆက်ပြီး တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ပေါ့။ ဖြစ်ဖို့အတွက် တင်ထားတဲ့ management plan မှာ ကျနော်တို့ သတ်မှတ်ထားရတဲ့ ဇုံတွေရှိပါတယ် ခင်ဗျ။ ဒီဇုံတွေကို မြို့ပြဆိုင်ရာ ကျူးကျော်မှုတွေ လုပ်လို့ မရပါဘူးခင်ဗျ။ လုပ်လို့ မသင့်ပါဘူး၊ ဟိုတယ်တွေ၊ မိုတယ်တွေ၊ အင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ မီးရထားသံလမ်းတွေ၊ စသည်..စသည်ပေ့ါဗျာ။”
မြန်မာနိုင်ငံက ၁၉၉၄ ခုနှစ်မှာ ပျူမြို့ဟောင်း ၃ မြို့၊ မြောက်ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေး၊ အင်းဝ၊ ဟံသာဝတီ စတဲ့ရှေးဟောင်းမြို့ ၈ ခုကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စတင် တင်သွင်းခဲ့ဖူးပါတယ်။ အခုလို ပျူမြို့ဟောင်းတွေကို အတည်ပြုပြီးတဲ့နောက် ကျန်နေရာဌာနတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ထပ်မံတင်သွင်း သွားမယ်လို့လည်း ပြောပါတယ်။
“ဆက်လက်ပြီးတော့ ပုဂံလို၊ မြောက်ဦးလို၊ အင်းဝလို၊ မန္တလေးလို ယဉ်ကျေးမှုဒေသတွေကို ကျနော်တို့ နိုင်ငံတော်က သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပညာရှင်တွေ၊ ညှိနှိုင်းပေါင်းစပ်ပြီးတော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တင်ပြဖို့ ရှိပါတယ်ခင်ဗျ။”
ကာတာနိုင်ငံ၊ ဒိုဟာမြို့က ယူနက်စ်ကိုညီလာခံအတွင်း မြန်မာနိုင်ငံက ပျူမြို့ဟောင်း သုံးမြို့အပြင် အီရန်နိုင်ငံမှာ ကြေးခေတ်ကာလက ထွန်းကားခဲ့တဲ့ Shahr-i Sokhta လောင်ကြွမ်းသွားတဲ့ မြို့လို့ အဓိပ္ပါယ်ရတဲ့ နေရာကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထည့်သွင်းခဲ့ပါတယ်