သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကူမင်း ဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံး


ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
ရှမ်းပြည်နယ် စစ်ကောင်စီစခန်းတခုကိုသိမ်းပိုက်အပြီးတွေ့ရတဲ့ MNDAA ၊ AA နှင့် TNLA ပူးပေါင်းတပ်များ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီရက်ပိုင်း တွေ့ဆုံခဲ့ကြပေမဲ့ ရလဒ်မထွက်ဘဲ ပြီးဆုံးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ အာရက္ခတပ်တော် AA, ကိုးကန့် MNDAA နဲ့ တအာင်း TNLA ညီနောင် ၃ ဖွဲ့ ကိုယ်စားလှယ်တွေ ဒီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေက တွေ့ဆုံခဲ့ကြသလို၊ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ AA အာရက္ခတပ်တော် နဲ့ ၁ နာရီလောက် သီးသန့်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားဖို့ တရုတ်ဘက်က ပိတ်ထားတဲ့အတွက် ဆွေးနွေးမှုတွေရဲ့ အသေးစိတ်ကို မသိရပေမဲ့၊ အပြန်အလှန် တောင်းဆိုချက်တွေ ညှိနှိုင်းလို့မရဘဲ ပြီးသွားတယ်လို့ ဒီဆွေးနွေးပွဲအကြောင်း သိထားတဲ့ နီးစပ်သူတွေက ပြောပါတယ်။ ညီနောင်အဖွဲ့ဝင် ၃ ဖွဲ့ထဲက တခုဖြစ်တဲ့ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန် AA အဖွဲနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဒီတကြိမ် သီးသန့် တွေ့ဆုံဆွေးနွေးကြပေမဲ့ ဆွေးနွေးပွဲ ပျက်သွားတယ်လို့လည်း သိရပါတယ်။

တရုတ် စေ့စပ်မှုနဲ့ ညီနောင် ၃ ဖွဲ့ အခုလို တွေ့ဆုံဆွေးနွေးတာဟာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။ အခုတကြိမ် ဆွေးနွေးပွဲ မအောင်မြင်သလို၊ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ချေ ရှိတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ နောက်တကြိမ် ဘယ်တော့ ထပ်မံတွေ့ဆုံမလဲ ဆိုတာလည်း မသိရပါဘူး။

Forum

XS
SM
MD
LG