သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရဲ့မြန်မာအပေါ်ထပ်မံအရေးယူမှု မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုဆို 


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှု (ယူကေ)
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှု (ယူကေ)
တိုက်ရိုက် လင့်ခ်

ဗြိတိန်နိုင်ငံကနေ မြန်မာစစ်ကောင်စီအပေါ် ထပ်မံအရေးယူလိုက်တာဟာ ထိရောက်မှုရှိကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာသက်ကိုကိုက ဗွီအိုအေကိုပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ထပ်မံပိတ်ဆို့မှုအနေနဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် အဓိက ဝင်ငွေရစေတဲ့ လမ်းကြောင်းတွေထဲက မြန်မာ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်း တွေကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း တနင်္လာနေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ဗြိတိန်အနေနဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်အစိုးရအပေါ် တချိန်တည်း တပြိုင်တည်း ပိတ်ဆို့အရေးယူတာဟာ ပိုပြီးထိရောက်တဲ့အတွက် ကြိုဆိုကြောင်းလည်း ဒေါက်တာသက်ကိုကိုက ပြောပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို ဗြိတိန်အပါအဝင် ဥရောပသမဂ္ဂတို့ရဲ့ ထပ်မံအရေးယူပိတ်ဆို့မှုတွေကို စစ်ကောင်စီဘက်က တကယ်ပဲ အရေးစိုက်မယ်လို့ ထင်ပါသလား။

ဒေါက်တာ သက်ကိုကို။ ။ သူတို့ တကယ်တမ်းတော့ အထိနာဖို့ပဲရှိပါတယ်။ ဘာလို့လဲဆိုတော့ ဗြိတိန်တနိုင်ငံတည်းမဟုတ်ပဲ အားလုံးက ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်က တော့ ဆိုက်ဝါးလို့ ခေါ်မှာပေါ့။ သူတို့ဘက်ကတော့ ဒါကို ဂရုမစိုက်ပါဘူးဆိုပြီး အမြဲတမ်းပြောလေ့ရှိပါတယ်။ ဒါပေမဲ့ သုံးသပ်လို့ရတာက တရုတ်နဲ့ ရုရှားဆိုရင် ပြီးခဲ့တဲ့သောကြာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အရင်ကလို ကန့်ကွက်မဲတွေ မပေးတော့ပဲနဲ့ အခုက ကြားနေမဲပေးတဲ့ အဆင့်ကို ရောက်လာပါပြီ။ ဒါကိုကြည့်ခြင်းအားဖြင့် နိုင်ငံတကာဖိအားတွေက သူတို့ကို တဖြေးဖြေးနဲ့ ထောက်ခံမှုတွေ လျော့နည်းလာတယ်ဆိုတာကို ပိုပိုပြီးတွေ့လာရပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာသက်ကိုကို ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

-------------------








XS
SM
MD
LG