သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟံသာဝတီ နိုင်ငံတကာလေဆိပ်သစ် မျှော်လေဝေးလေ အခြေအနေ

ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ်တည်ဆောက်မယ့် စီမံကိန်းပုံ (MOI)
ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ်တည်ဆောက်မယ့် စီမံကိန်းပုံ (MOI)

အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကုန်ကျမယ့် ဟံသာဝတီနိုင်ငံတကာလေဆိပ်အသစ်တည်ဆောက်မယ့် စီမံကိန်းဟာ အဓိက သဘောတူညီမှုရဖို့ ကန့်သတ်ချိန်ကုန်ဆုံးသွားခဲ့တဲ့အကြောင်း လေဆိပ်သစ်ကို တည်ဆောက်ဖို့ ကန်ထရိုက် ရရှိခဲ့တဲ့ အစုရှယ်ယာစပ် စီးပွားရေးလုပ်ငန်းကြီးမှာ ပါဝင်တဲ့ စင်္ကာပူအခြေစိုက် Yongnam Holdings က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်.

ပဲခူးမြို့အနီး ဧက ၉ ထောင်ခန့် မြေနေရာမှာ တည်ဆောက်မယ့် နိုင်ငံတကာ လေဆိပ်သစ်ကို ဂျပန်ရဲ့ JGC Corporation, စင်္ကာပူ Yongnam Holdings နဲ့ ချန်ဂီလေဆိပ်များနိုင်ငံတကာ တို့ပါဝင်တဲ့ အစုရှယ်ယာ စီးပွားရေး လုပ်ငန်းကြီးက မြန်မာ့မြို့ပြလေကြောင်းဌာနနဲ့ ၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်နေ့က သဘောတူလက်မှတ် ရေးထိုး ခဲ့ကြတာဖြစ်ပါတယ်။

YongNam Holdings ရဲ့ ကြေညာချက်အရ မြန်မာမြို့ပြလေကြောင်းဌာနနဲ့ ဒီဇိုင်းရေးဆွဲမှု လေဆိပ်တည်ဆောက်မှု စီမံခန့်ခွဲမှုတို့ကို အစိုးရနဲ့ တသီးပုဂ္ဂလ ပူးတွဲလုပ်ကိုင်ဖို့ သဘောတူညီခဲ့ရာမှာ တချို့ကိစ္စတွေကို ဖြေရှင်းလို့မရသေးပဲ ကန့်သတ်ရက် ကုန်ဆုံးခဲ့တာဖြစ်တဲ့အကြောင်း နောက်ထပ်ဖြစ်ထွန်းတိုးတက်မှုတွေကို အလျှင်းသင့်သလို ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

ဒီဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းကို တည်ဆောက်ရာမှာ ဂျပန်ရဲ့ JGC Corporation က ၅၅% စင်္ကာပူ Yongnam Holdings က ၂၅% နဲ့ ချန်ဂီလေဆိပ်များနိုင်ငံတကာ ၂၀% အစုရှယ်ယာ ထည့်ဝင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းကြီးက ကနဦး ဟံသာဝတီ နိုင်ငံတကာလေဆိပ်တည်ဆောက်ဖို့ ကန်ထရိုက်ကို ရရှိခဲ့ပေမယ့် ပျက်သုံးသွားခဲ့ပြီး လက်ရှိ အစုရှယ်ယာ စီးပွားရေး လုပ်ငန်းကြီးက ၂၀၁၄ အောက်တိုဘာလ က ကန်ထရိုက်ကို ရရှိလိုက်တာဖြစ်ပါတယ်။ JGC Corporation က လေဆိပ်တည်ဆောက်ဖို့ ဂျပန်အစိုးရထံက ODA ထောက်ပံ့ကြေး တောင်းခံရာမှာ ကြန့်ကြာခဲ့တဲ့အတွက်ကြောင့် ဟံသာဝတီလေဆိပ်ကို ၂၀၂၀ မှာ အပြီးဆောက်မယ့်အစား ၂၀၂၂ ခု မှာ အပြီးဆောက်ဖို့ ရက်ရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ငံတကာ လေဆိပသစ်ဟာ နှစ်စဉ် လေယာဉ်ခရီးသည်ပေါင်း ၁၂ သန်းတို့အတွက် ခရီးသွားဝန်ဆောင်လုပ်ငန်းတွေကို ကိုင်တွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဟံသာဝတီနိုင်ငံတကာလေဆိပ်သစ် မျှော်လေဝေးလေ အခြေအနေ
please wait

No media source currently available

0:00 0:02:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG