သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေး မြန်မာနဲ့ ၁၀ နိုင်ငံ လက်မှတ်ထိုး


MYANMAR ECONOMY STOCK EXCHANGE
MYANMAR ECONOMY STOCK EXCHANGE

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ ကာကွယ်ရေး သဘောတူစာချုပ်ကို မြန်မာနဲ့ ၁၀ နိုင်ငံကြား အခုသီတင်းပတ်ထဲမှာ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နံှသူတွေကြား ယုံကြည် စိတ်ချမှုရှိရေး ရည်ရွယ်တဲ့စာချုပ်ကို ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ ကူဝိတ်၊ အစ္စရေးနဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ မြန်မာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့တောင်ကိုရီးယား နိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး ၂ နိုင်ငံသဘောတူညီချက်ကတော့ အောက်တိုဘာ ၃၁ ရက်နေ့က စတင်အသက်ဝင်တယ်လို့ တရုတ်ရှင်ဟွာသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်လက်အောက်ခံ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ ဆားဗီးယား တို့နဲ့လည်း ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး သဘောတူညီမှုတွေရအောင် ညှိနှိုင်းနေတယ်လို့ အဲဒီသတင်းထဲမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်သိန်းချီ Bangladesh နိုင်ငံဘက်ထွက်ပြေးခဲ့တဲ့ကိစ္စကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့ အနောက်နိုင်ငံတွေကို တိုက်တွန်းမှုတွေရှိနေချိန်မှာ ခုလို အာရှအိမ်နီးချင်းအများစုပါဝင်တဲ့နိုင်ငံတွေနဲ့ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

အခုနှစ်ဆန်းတုန်းက မြန်မာနိုင်ငံနဲ့ EU ဥရောပသမဂ္ဂကြား ရင်းနှီးမြှုပ်နံှမှုကာကွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးဖို့ စီစဉ်ထားခဲ့ပေမယ့် EU ဘက်က ဆိုင်းငံ့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာကြောင့် မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တာဝန်ရှိသူက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေအစား တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပိုကြီးမားလာလိမ့်မယ်လို့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ တရုတ်နိုင်ငံပိုင် CITIC Group က ၇၀% မြန်မာနိုင်ငံက ၃၀% ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်ကို နိုဝင်ဘာ ၈ ရက်နေ့က လက်မှတ်ထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG