သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမူးယစ်ဂိတ်နဲ့ တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်မှု မဟာမိတ် ၃ ဖွဲ့ လက်ချက်ဖြစ်ကြောင်းအတည်ပြု


ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရမှု
ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် တိုက်ခိုက်ခံရမှု

ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နဲ့ နောင်ချို မူးယစ်တိုးဂိတ် အနီး တိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ညီနောင်မဟာမိတ်တပ်ဖွဲ့ ရဲ့လက်ချက်ဖြစ်တယ်လို့ TNLA တအာန်းလွတ်မြောက်ရေးတပ် ဘက်က အတည်ပြု ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဘက်က စစ်ရေးဖိအားတွေ လုပ်ဆောင် လာတာကြောင့် အခုလို တံ့ုပြန်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ နောင်ချို မူးယစ်တိုးဂိတ် အနီး ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သတ်လို့ TNLA တအာန်းလွတ်မြောက်ရေး တပ်မတော် ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က ဗွီအိုအေကို ခုလိုပြောပြတာပါ။

"ဒီမနက်မှာ တိုက်ပွဲက (၅ ) နေရာဖြစ်တယ်။ (၂) နေရာက ပြင်ဦးလွင်ဘက်ပေါ့။ ကျန်တဲ့နေရာ ကတော့နောင်ချိုဘက်။ ပြင်ဦးလွင်မှာကတော့ DSTA မှာတနေရာ၊ နောက်မြို့ရှောင်လမ်းဘက် တိုးဂိတ်မှာ တနေရာဖြစ်တယ်။ နောင်ချိုနေရာက နောင်ချိုအဝင် နောင်ချိုတိုးဂိတ်မှာတနေရာဖြစ်တယ်။ ဂုတ်ထိပ်နားမှာ တနေရာဖြစ်တယ်။ ရာဖောင်လမ်းမှာ တနေရာဖြစ်တယ်။ ဖြစ်တဲ့ အကြောင်းအရင်းကတော့ တပ်ဘက်က ကျနော်တို့ လှုပ်ရှားနယ်မြေမှာ စစ်ရေးဖိအားပေးလာလို့ ကျနော်တို့ဘက်က ပြန်လည်ခုခံတဲ့ အနေနဲ့ အခုလို လုပ်တာပါ။ ဖြစ်တဲ့ဟာမှာ ကျနော်တို့ ညီနောင်မဟာမိတ် တွေဖြစ်တဲ့ AA၊ MNDAA၊ TNLA ၃ဖွဲ့ နဲ့ ဖြစ်တာဖြစ်တယ်"

ဒီ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ ဝင်တွေဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် တိုက်ခိုက်စဉ်မှာ လူတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီအနီးနားက မျက်မြင်တွေ့ခဲ့သူ ဦးဖိုးဝက ွဗီအိုအေကို ခုလိုပြောပြပါတယ်။

"ဖြစ်တာက ၅:၂၀၊ ၂၅ ပေါ့။ အချက်ရေကတော့ (၇) ချက် (၈) ချက်လောက်ရှိတယ်။ စစ်တပ်ထဲက တယောက်သေတယ်ကြားတယ်။ သေချာတော့မသိဘူး။ အရာရှိ PA ကတော့ဆေးရုံတင်ရတယ်။ တယောက်ကတော့ သေတယ်ပြောတယ်။ တခါမှ မကြားဖူးတော့ စိုးရိမ်တာတော့ ရှိတာပေါ့။ လုံခြုံရေးက ကင်းလှည့်တာဘဲ ရှိတယ်။ ပြန်ရုပ်သွားပြီ။ နောက်ချိုဂုတ်တွင်း တိုးဂိတ်ကိုလည်း အပိုင်စီးထားတယ်ကြားတယ်။ ဘယ်အဖွဲ့လည်းမသိဘူး။"

အခုတိုက်ခတ်မှုနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေကို ဆက်သွယ်ပေမယ့် ဖြေဆိုနိုင်ခြင်း မရှိသေးဘူးလို့ ပြောပါ တယ်။

XS
SM
MD
LG