သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်အချို့ကို အရေးယူဖို့ အီးယူခေါင်းဆောင်တွေ သဘောတူ


ရိုဟင်ဂျာ မူဆလင်တွေ အပေါ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး၊ နောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဥရောပ သမဂ္ဂ EU က လက်နက်တင်ပို့ ရောင်းချခွင့် ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်ရေး တို့ကို ဆောင်ရွက်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေ ဒီကနေ့ တနလာင်္နေ့မှာ သဘောတူလိုက်ကြပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွား စနစ်တကျ ကျူးလွန်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာ လက်နက်ကိုင် တပ်တွေက အကြီးတန်း စစ်တပ် အရာရှိတွေ အပေါ် ချက်ချင်း ပစ်မှတ်ထား ကန့်သတ်မှုတွေ လုပ်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ အပေါ် ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းချမှု ကန့်သတ်ချက်ကို ပိုပြီး တင်းကျပ်ဖို့ နိုင်ငံခြားရေး ၀န်ကြီးတွေက လိုလားနေကြပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ အပေါ် ဖြိုခွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်မှူးချုပ် မောင်မောင်စိုးကိုတော့ အမေရိကန် က ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားတာပါ။ အခု ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာတော့ မြန်မာ အကြီးတန်း စစ်တပ် အကြီးအကဲ တဦးမက ပါနိုင်တယ်လို့ သံတမန် တဦးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG