သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ (၄) ရက္အတြင္း ျမန္မာ ၇၀၀ နီးပါး ဖမ္းခံရ


Myanmar migrant workers arrested in Thailand.

ထိုင္းႏိုင္ငံနဲ႔ မေလးရွားႏိုင္ငံတို႔မွာ အလုပ္အကိုင္ရွာေဖြလိုၾကတဲ့ ျမန္မာေတြဟာ ထိုင္း-ျမန္မာနယ္စပ္ေတြကတဆင့္ အခုရက္ပိုင္း ေနစဥ္ အစုလိုက္အၿပဳံလိုက္ ဝင္လာေနၾကဆဲျဖစ္ၿပီး၊ ထိုင္းႏိုင္ငံထဲက ျပည္နယ္ (၄) ခုမွာ (၄) ရက္အတြင္း ျမန္မာ ၇၀၀ နီးပါး ဖမ္းမိခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲကို အလုပ္အကိုင္ရွာေဖြဖို႔လာၾကတဲ့ ျမန္မာေတြနဲ႔ ထိုင္းႏိုင္ငံကေနတဆင့္ မေလးရွားႏိုင္ငံအထိသြားၿပီး အလုပ္လုပ္ကိုင္ၾကမယ့္ ျမန္မာေတြဟာ ထိုင္း-ျမန္မာနယ္စပ္ေတြကေန အဆက္မျပတ္ ဝင္ေရာက္ေနဆဲျဖစ္ၿပီး၊ ေမလ (၁၉) ရက္ေန႔ကေန (၂၂) ရက္ေန႔အထိ (၄) ရက္အတြင္း ျမန္မာႏိုင္ငံသား ၇၀၀ နီးပါး အဖမ္းခံရေၾကာင္း ေရာင္ျခည္ဦးအလုပ္သမားအဖြဲက အလုပ္သမားေရးလႈပ္ရွာသူ ဦးမိုးေက်ာ္က အခုလိုေျပာပါတယ္။

((က်ေနာ္တို႔ ျမန္မာႏိုင္ငံဘက္ကေန ထိုင္းႏိုင္ငံထဲကို ဝင္ေရာက္လာလို႔ ဖမ္းခံရတဲ့အေထာက္အထားမဲ့ေတြ (၄) ရက္အတြင္း ၇ဝဝ နီးပါးေလာက္ အဖမ္းခံရတာ ရွိတယ္။ ဒီေန႔မွာေတာ့ မယ္ဆိုင္ဘက္မွာ (၁၂) ေယာက္၊ မေန႔ကေတာ့ ျမဝတီဘက္ကေနလာၿပီး ကမ္ဖယ္ဖက္ခ႐ိုင္ထဲကို ဝင္လာတဲ့ ျမန္မာ (၃၅) ေယာက္ အဖမ္းခံရတာ ရွိတယ္။ ေမလ (၂၀) ရက္ေန႔ကပဲ ကမ္ခ်နဘူရီဘူရီျပည္နယ္နဲ႔ ပရာကြၽတ္ခီရီကန္ျပည္နယ္မွာေတာ့ အဖမ္းခံရသူ (၂၉၄) ေယာက္ ဖမ္းမိပါတယ္။ ေမလ (၁၉) ရက္ေန႔ကေတာ့ ေမာေထာင္ပရာကြၽတ္နယ္ နယ္စပ္မွာေတ့ မေလးရွားကို ခိုးဝင္ၾကမယ့္ ျမန္မာ (၃၅၉) ေယာက္ ဖမ္းမိတာရွိတယ္။ (၄) ရက္ အတြင္းမွာ ထိုင္းႏိုင္ငံတြင္းကို ဝင္ေရာက္လာတဲ့ လူဦးေရ ၇၀၀နီးပါးေလာက္ ဖမ္းမိတယ္လို႔ ေျပာလို႔ရပါတယ္။))

ဖမ္းဆီးခံရတဲ့ ျမန္မာေတြဟာ လူကုန္ကူးတဲ့ပြဲစားေတြကို အခေၾကးေငြ အမ်ားအျပားေပးရၿပီး ျမန္မာျပည္မွာ အိမ္ေတြၿခံေတြ ေရာင္းခ်ေပါင္းႏွံတာနဲ႔ အတိုးမ်ားစြာေပးၿပီး၊ ေငြေခ်းလာၾကတဲ့သူေတြက မ်ားပါတယ္။ အခုဆိုရင္ လူပြဲစားေတြေပးရတဲ့ ေငြေၾကးက ျမန္မာက်ပ္ေငြ (၁၀) သိန္းကေန (၁၇) သိန္းနဲ႔ ညီမွ်တဲ့ ထိုင္းဘတ္ေငြ (၁၇,၀၀၀) ကေန (၃၀,၀၀၀) ေလာက္ထိေပးၿပီး လာၾကတာလို႔လည္း ဦးမိုးေက်ာ္က ဆိုပါတယ္။

((ကုန္က်စရိပ္ေတြအေနနဲ႔လည္း ဖမ္းမိတဲ့သူေတြကို ကယ္ရီေတြနဲ ဖမ္းမိတဲ့ ေ႐ႊေျပာင္းအလုပ္သမားေတြကို ေမးျမန္းၾကည့္တဲ့အခါမွာ ကုန္က်စရိပ္က (၁၇၀၀၀) ကေန (၃၀၀၀၀) အထိ ကုန္က်တာ ေတြ႕ရတယ္။ သူတို႔က်ေတာ့ အခုခ်ိန္ထိ ၂၀၂၂ ခုႏွစ္ ေမလအတြင္းမွာလည္း၊ ဆက္တိုက္ဖမ္းခံရတာရွိတယ္။ အခုရက္ပိုင္းအတြင္းမွာေတာင္ ၇၀၀ နီးပါး အဖမ္းခံရတယ္ဆိုေတာ့ အစုလိုက္အၿပဳံလိုက္ ဝင္ေရာက္ေနေသးတယ္လို႔ ေျပာလို႔ရပါတယ္။))

ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၁ခုႏွစ္ထဲမွာ အေထာက္အထားမဲ့ ႏိုင္ငံျခားသားအလုပ္သမား (၆) ေသာင္းေက်ာ္ အဖမ္းခံရတယ္လို႔ ေ႐ႊေျပာင္းအလုပ္သမားေရး ေဆာင္႐ြက္ေနတဲ့အဖြဲ႕ေတြက ဆိုပါတယ္။ ဒီထဲမွာေတာ့ ျမန္မာႏိုင္ငံသားက အမ်ားဆုံး ျဖစ္ပါတယ္။ ၂၀၂၂ ခုႏွစ္ႏွစ္စကေန ေမလအထိေတာ့ ျမန္မာေ႐ြေျပာင္းအလုပ္သမား တေသာင္းခြဲေလာက္ အဖမ္းခံထားရပါတယ္။

ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ဖို႔အတြက္အပါအဝင္ နယ္စပ္ေဒသေတြကေန၊ လူကုန္ကူးေတြနဲ႔ တရားမဝင္ ဝင္လာသူေတြကို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးဖို႔နဲ႔ လုံၿခဳံေရးတပ္ဖြဲေတြအေနနဲ႔ နယ္စပ္ေတြမွာ ပိုမို ကင္းလွည့္စစ္ေဆးမူေတြ လုပ္ၾကဖို႔ ထိုင္းအစိုးရက ျပည္နယ္အသီးသီးက အုပ္ခ်ဳပ္ေရးမႉးေတြကို ေဖေဖၚဝါရီလထဲက ၫြန္ၾကားထားတာေၾကာင့္ အဖမ္းအဆီးေတြကို ဆက္တိုက္လုပ္ေနတာလည္း ျဖစ္ပါတယ္။

=== Unicode ===

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်အကိုင်ရှာဖွေလိုကြတဲ့ မြန်မာတွေဟာ ထိုင်း-မြန်မာနယ်စပ်တွေကတဆင့် အခုရက်ပိုင်း နေစဉ် အစုလိုက်အပြုံလိုက် ဝင်လာနေကြဆဲဖြစ်ပြီး၊ ထိုင်းနိုင်ငံထဲက ပြည်နယ် (၄) ခုမှာ (၄) ရက်အတွင်း မြန်မာ ၇၀၀ နီးပါး ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေနဲ့ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံအထိသွားပြီး အလုပ်လုပ်ကိုင်ကြမယ့် မြန်မာတွေဟာ ထိုင်း-မြန်မာနယ်စပ်တွေကနေ အဆက်မပြတ် ဝင်ရောက်နေဆဲဖြစ်ပြီး၊ မေလ (၁၉) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ (၄) ရက်အတွင်း မြန်မာနိုင်ငံသား ၇၀၀ နီးပါး အဖမ်းခံရကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲက အလုပ်သမားရေးလှုပ်ရှာသူ ဦးမိုးကျော်က အခုလိုပြောပါတယ်။

((ကျနော်တို့ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာလို့ ဖမ်းခံရတဲ့အထောက်အထားမဲ့တွေ (၄) ရက်အတွင်း ၇ဝဝ နီးပါးလောက် အဖမ်းခံရတာ ရှိတယ်။ ဒီနေ့မှာတော့ မယ်ဆိုင်ဘက်မှာ (၁၂) ယောက်၊ မနေ့ကတော့ မြဝတီဘက်ကနေလာပြီး ကမ်ဖယ်ဖက်ခရိုင်ထဲကို ဝင်လာတဲ့ မြန်မာ (၃၅) ယောက် အဖမ်းခံရတာ ရှိတယ်။ မေလ (၂၀) ရက်နေ့ကပဲ ကမ်ချနဘူရီဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်မှာတော့ အဖမ်းခံရသူ (၂၉၄) ယောက် ဖမ်းမိပါတယ်။ မေလ (၁၉) ရက်နေ့ကတော့ မောထောင်ပရာကျွတ်နယ် နယ်စပ်မှာတေ့ မလေးရှားကို ခိုးဝင်ကြမယ့် မြန်မာ (၃၅၉) ယောက် ဖမ်းမိတာရှိတယ်။ (၄) ရက် အတွင်းမှာ ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်လာတဲ့ လူဦးရေ ၇၀၀နီးပါးလောက် ဖမ်းမိတယ်လို့ ပြောလို့ရပါတယ်။))

ဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ လူကုန်ကူးတဲ့ပွဲစားတွေကို အခကြေးငွေ အများအပြားပေးရပြီး မြန်မာပြည်မှာ အိမ်တွေခြံတွေ ရောင်းချပေါင်းနှံတာနဲ့ အတိုးများစွာပေးပြီး၊ ငွေချေးလာကြတဲ့သူတွေက များပါတယ်။ အခုဆိုရင် လူပွဲစားတွေပေးရတဲ့ ငွေကြေးက မြန်မာကျပ်ငွေ (၁၀) သိန်းကနေ (၁၇) သိန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ (၁၇,၀၀၀) ကနေ (၃၀,၀၀၀) လောက်ထိပေးပြီး လာကြတာလို့လည်း ဦးမိုးကျော်က ဆိုပါတယ်။

((ကုန်ကျစရိပ်တွေအနေနဲ့လည်း ဖမ်းမိတဲ့သူတွေကို ကယ်ရီတွေနဲ ဖမ်းမိတဲ့ ရွှေပြောင်းအလုပ်သမားတွေကို မေးမြန်းကြည့်တဲ့အခါမှာ ကုန်ကျစရိပ်က (၁၇၀၀၀) ကနေ (၃၀၀၀၀) အထိ ကုန်ကျတာ တွေ့ရတယ်။ သူတို့ကျတော့ အခုချိန်ထိ ၂၀၂၂ ခုနှစ် မေလအတွင်းမှာလည်း၊ ဆက်တိုက်ဖမ်းခံရတာရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတောင် ၇၀၀ နီးပါး အဖမ်းခံရတယ်ဆိုတော့ အစုလိုက်အပြုံလိုက် ဝင်ရောက်နေသေးတယ်လို့ ပြောလို့ရပါတယ်။))

ပြီးခဲ့တဲ့နှစ် ၂၀၂၁ခုနှစ်ထဲမှာ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမား (၆) သောင်းကျော် အဖမ်းခံရတယ်လို့ ရွှေပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ဆိုပါတယ်။ ဒီထဲမှာတော့ မြန်မာနိုင်ငံသားက အများဆုံး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နှစ်စကနေ မေလအထိတော့ မြန်မာရွေပြောင်းအလုပ်သမား တသောင်းခွဲလောက် အဖမ်းခံထားရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့အတွက်အပါအဝင် နယ်စပ်ဒေသတွေကနေ၊ လူကုန်ကူးတွေနဲ့ တရားမဝင် ဝင်လာသူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ လုံခြုံရေးတပ်ဖွဲတွေအနေနဲ့ နယ်စပ်တွေမှာ ပိုမို ကင်းလှည့်စစ်ဆေးမူတွေ လုပ်ကြဖို့ ထိုင်းအစိုးရက ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကို ဖေဖေါ်ဝါရီလထဲက ညွန်ကြားထားတာကြောင့် အဖမ်းအဆီးတွေကို ဆက်တိုက်လုပ်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG