သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ  နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ


ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ
(အောက်တိုဘာ ၂၉၊ ၂၀၂၃)
ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ (အောက်တိုဘာ ၂၉၊ ၂၀၂၃)

အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ရိုင် မြို့မှာ အမျိုးသမီး ၄ ဦး အပါအဝင် မြန်မာအယောက်၂၀ ကို ထိုင်းနိုင်ငံထဲအဝင် တံဆိပ်တုံး အတုရိုက်နှိပ်ထားတဲ့ နိုင်ငံကူးလတ်မှတ်စာအုပ် Passport တွေနဲ့ တွေ့တဲ့ အတွက် ဆုန်ခလာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာ နယ်စပ် ကန်ချနဘူရီ ခရိုင်နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀ ဟာ သူတို့ မြန်မာနိုင်ငံကနေ ဘန်ကောက်လေဆိပ်ကို ဝင်ရောက်ခဲ့ကြောင်း ထိုင်းတံဆိပ်တုံး အတုရိုက်နှိပ်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ မလေးရှားနိုင်ငံကို ခိုးဝင်ဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ အမျိုးသား ၁၆ဦး နဲ့ အမျိုးသမီး ၄ဦး စုစုပေါင်း မြန်မာ ၂၀ ကို ထိုင်းမလေးနယ်စပ် ဆုန်ခလာခရိုင်ထဲက ချို့တီဝိထိရာကွန် Chotiwittayakul အမှတ် (၁) လမ်းမှာ ဆုန်ခလာရဲက ဖမ်းမိခဲ့တာ ဖြစ်ကြောင်း အလုပ်သမားရေး လိုက်ပါဆောင်ရွက်နေတဲ့ ဦးမိုးကြိုးက VOA ကို အခုလိုပြောပါတယ်။

"ထိုင်းနဲ့မလေးရှားနယ်စပ် ဆုန်ခလာခရိုင်ထဲမှာ ထိုင်း လဝကတွေ ကင်းလှည့်နေချိန်မှာ မြန်မာ ၂၀ ကို ဖမ်းမိတာဖြစ်ပါတယ်။ သူတို့ရဲ့နိုင်ငံကူး လက်မှတ်တွေကို စစ်ဆေးတဲ့အခါမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်က ထုတဲ့ တံဆိပ်ပုံစံမျိုး အတုထုထားတာကို စစ်ဆေးတွေ့ ရှိတာဖြစ်ပါတယ်"

ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ (အောက်တိုဘာ ၂၉၊ ၂၀၂၃)
ထိုင်းပြည်ဝင်ခွင့်တံဆိပ်တုံးအတုပါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ မြန်မာ ၂၀ အဖမ်းခံရ (အောက်တိုဘာ ၂၉၊ ၂၀၂၃)

သူတို့တွေဟာ အခုလို ထိုင်းလဝက တံဆိပ်တုံးအတု လုပ်ပေးတဲ့ ပွဲစားကို တဦးကို ထိုင်းဘတ်ငွေ တသိန်း နှစ်သောင်း ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း လဝကရဲ့တံဆိပ်တုံးအတု လုပ်ဆောင်မူအတွက် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ် ထက်မနည်း ကျခံခဲ့သူတွေ အရင်ကလည်း ရှိခဲ့ဖူးတာပါ။ အခုလို အတုလုပ်သူတွေဟာ တရားမဝင် နယ်စပ်ကျော်ဖြတ်မှုထက် ပိုကြီးလေးတဲ့ အပြစ်ဒဏ်တွေ ကျခံရနိုင်ပါတယ်။ အခုဖမ်းဆီးခံရတဲ့ မြန်မာတွေဟာ တရားမဝင်နယ်စပ် ဖြတ်ကျော်မှုသာမက နိုင်ငံကူးလက်မှတ်ထဲ ထိုင်းနိုင်ငံရဲ့တံဆိပ်တုံးအတု လုပ်မှု ဥပဒေတွေနဲ့ပါ အရေးယူခံရမှာ ဖြစ်ပါတယ်။

"ဒီလူ ၂၀ဟာ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုလိမ်လည်မှုပတ်စပို့ မှာ တံဆိတ်တုံးအတု ထုမှုတွေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်"

အခုဆိုရင် ဒီနှစ် နှစ်စကနေ ၉လအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့မြန်မာ တသောင်းကျော်လောက် အဖမ်းဆီးခံရတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထား တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

"အခု ၂၀၂၃ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉လအတွင်း မှာတရားမဝင် မြန်မာ လူဦးရေ တသောင်းကျော်ဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသူတွေဖြစ်ကြောင်း၊ လူကုန်ကူးခံရ သူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်"

အခု အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား၂၀ ဟာ အောက်တိုဘာလ ၂၇ ရက်နေ့ သောကြာနေ့မှာ ထိုင်းမလေးနယ်စပ် ဆုန်ခလာခရိုင် ဟတ်ယိုင်ကို ရောက်လာတာဖြစ်ပြီး စနေနေ့မှာ မလေးရှားနိုင်ငံထဲကို ဝင်ဖို့ ပြင်ဆင်နေတဲ့အချိန် အခုလို ထိုင်းလဝကတွေက စစ်ဆေး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ တဆိပ်တုံးအတု အသုံးပြုမှုတွေနဲ့ တရားစွဲခံရမှာ ဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ ဒဏ်ငွေ ဘတ် ၅၀၀၀ နဲ့ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ကျခံရဖို့ ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG