သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံဥက္ကဋ္ဌ မလုပ်ခင် နိုင်ငံရေး ပြောင်းဖို့လို


မြန်မာ အာဆီယံဥက္ကဋ္ဌ မလုပ်ခင် နိုင်ငံရေး ပြောင်းဖို့လို
မြန်မာ အာဆီယံဥက္ကဋ္ဌ မလုပ်ခင် နိုင်ငံရေး ပြောင်းဖို့လို

မြန်မာအစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးသရွေ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အစီအစဉ်ကို ကန့်ကွက်ကြဖို့ မြန်မာ့အရေး ထောက်ခံတဲ့ အဖွဲ့အစည်းတခုက တိုက်တွန်းလိုက်ပါတယ်။

လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ တက်ရောက်ကြမယ့် အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေကို AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့နဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့၊ တိုင်းရင်းသား လူမျိုးစု အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဒီအဖွဲ့က ဆွေးနွေး ထောက်ပြပါတယ်။

AIPMC အဖွဲ့ဟာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG