သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး မပေးရေး AIPMC တိုက်တွန်း


<span id="result_box" lang="zh-TW"><span title="2013年5月16日,在台湾南部城市高雄附近海域举行的演习期间,一架直升机从台湾一艘拉法叶级巡防舰的舰艉起飞。">2013年5月16日,在台灣南部城市高雄附近海域舉行的演習期間,一架直升機從台灣一艘拉法葉級巡防艦的艦艉起飛。</span></span>
<span id="result_box" lang="zh-TW"><span title="2013年5月16日,在台湾南部城市高雄附近海域举行的演习期间,一架直升机从台湾一艘拉法叶级巡防舰的舰艉起飞。">2013年5月16日,在台灣南部城市高雄附近海域舉行的演習期間,一架直升機從台灣一艘拉法葉級巡防艦的艦艉起飛。</span></span>

မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က မြန်မာနိုင်ငံရဲ့ အဆိုပြုထားတဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နေရာပေးရေး ကိစ္စကို အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ လက်မခံဖို့ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်ကတော့ နိုင်ငံတကာ အစိုးရတွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောဆိုထားတဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ နေရာအတွက် တာဝန်ယူဖို့ အဆိုပြုထားတဲ့ ကိစ္စကို ပယ်ချပစ်လိုက်ဖို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ တရက်အလိုမှာ အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အထူးသဖြင့် နယ်စပ်တလျှောက် လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေတဲ့အတွက် ဖြစ်တယ်လို့ AIPMC အဖွဲ့ရဲ့ ပြောခွင့်ရ အမျိုးသမီး အာဂွန်း ပူထရီ အာဆွိက ဗွီအိုအေကို ပြောပါတယ်။

“အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၄ ခုနှစ်မှာ ယူဖို့ အဆိုပြုချက်ကို လက်မခံဖို့ AIPMC အနေနဲ့ ထပ်ခါတလဲလဲ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ ကချင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို မြန်မာအစိုးရက ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးဆိုတဲ့ အနေအထားမျိုးကိုလည်း ထောက်ပြခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ ပေါ်ပေါက်လာပြီ ဆိုပေမဲ့ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ် လုပ်ဆောင်နေတဲ့ နေရာမှာ အရင်အစိုးရနဲ့ ဘာမှ မထူးခြားဘူးလို့လည်း ဆိုပါတယ်။ အာဆီယံ ညီလာခံတိုင်းမှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ထည့်သွင်း ဆွေးနွေးပါလို့လည်း AIPMC အဖွဲ့ ပြောခွင့်ရသူ အာဂွန်း ပူထရီ အာဆွိက ပြောပါတယ်။

“အာဆီယံ ထိပ်သီး ညီလာခံတိုင်းမှာ မြန်မာနိုင်ငံ အရေးကို ထည့်သွင်း ဆွေးနွေးသွားဖို့ ကျမတို့က အမြဲပဲ တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေတဲ့ အချက်နဲ့ ပတ်သက်လို့လည်း ကျမတို့က သိပ်ကို စိုးရိမ်မကင်း ဖြစ်ပါတယ်။”

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆွေးနွေးဘက် နိုင်ငံတွေနဲ့ ဒေသတွင်း အခြေအနေတွေကို ဆက်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ထိပ်တန်း အရာရှိတွေလည်း အဲဒီ အစည်းအဝေးကို တက်ရောက်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနေရာ ပေးသင့်၊ မပေးသင့် ကိစ္စကို နိုင်ငံတကာ အစိုးရတွေရဲ့ သဘောထားတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ ရှိတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောတယ်လို့ ဂျကာတာပို့စ် သတင်းစာမှာ ရေးပါတယ်။

မေလတုန်းက ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးတုန်းက မြန်မာနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနေရာ အဆိုပြုတဲ့ ကိစ္စကို လူ့အခွင့်အရေး အဖွဲ့တွေက ဝိုင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ အိုဘားမား (Barack Obama) အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပြောင်းလဲရေး ဆောင်ရွက်ချက် ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံ ဥက္ကဋ္ဌနေရာ ယူခဲ့ရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ အာဆီယံနဲ့ လက်တွဲ အလုပ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌနေရာ အဆိုပြုချက်ကို ပြီးခဲ့တဲ့ မေလ ဂျကာတာ အာဆီယံ ထိပ်သီးညီလာခံမှာ ဆုံးဖြတ်ချက်ပေးဖို့ မျှော်လင့်ထားခဲ့ပေမဲ့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

အာဆီယံအဖွဲ့ အနေနဲ့ သူ့အဖွဲ့ဝင် နိုင်ငံများရဲ့ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ မူကို စွဲကိုင်ထားတဲ့ အတွက်ကြောင့်လည်း မလေးရှားနိုင်ငံမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ကိစ္စအပေါ် ပြစ်တင် ပြောဆိုခြင်း မပြုဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာကို အပြုသဘောဆောင်တဲ့ အားပေး တိုက်တွန်းမှုတွေသာ ပြုလုပ်နေတာ ဖြစ်တယ်လို့ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန်က ပြောဆိုခဲ့ပါတယ်။

“မလေးရှားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက နိုင်ငံရေး ဖော်ဆောင်မှုမှာ ပြည်သူလူထုရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ တိုးလာနေတာကို ပြသနေပါတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ နိုင်ငံ တနိုင်ငံချင်းစီက ကိုယ့်ရဲ့ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတာပါ။ ဒါပေမဲ့ ဖြေရှင်းတဲ့ နေရာမှာ ငြိမ်းချမ်းပြီး အပြုသဘောဆောင် ဖြေရှင်းကြဖို့လည်း ကျနော်တို့က မျှော်လင့်ပါတယ်။”

အခုကျင်းပမယ့် အစည်းအဝေးမှာ မြောက်ကိုရီးယားအရေး၊ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာနဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက် အငြင်းပွားနေမှုတွေကိုလည်း ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG