သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံ ဥက္ကဋ္ဌတာဝန် မယူမီ လူ့အခွင့်အရေး တိုးတက်ဖို့ ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း


မြန်မာ အာဆီယံ ဥက္ကဋ္ဌတာဝန် မယူမီ လူ့အခွင့်အရေး တိုးတက်ဖို့ ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း
မြန်မာ အာဆီယံ ဥက္ကဋ္ဌတာဝန် မယူမီ လူ့အခွင့်အရေး တိုးတက်ဖို့ ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း

အာဆီယံ ဥက္ကဋ္ဌတာဝန်ယူခွင့် မရခင်မှာ မြန်မာအစိုးရ အနေနဲ့ လက်ရှိ လူ့အခွင့်အရေး ပြဿနာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတဲ့ ကိစ္စကို သူ့အနေနဲ့ အတော်လေး စိုးရိမ်ပူပန်မိပါတယ်လို့ ကြာသပတေးနေ့က လုပ်တဲ့ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲ International Forum မှာ ဂျာမန်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာ အရပ်သား အစိုးရသစ် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်လှမ်းဖို့ လက်တွေ့ မလုပ်ပြသ၍တော့ မြန်မာအစိုးရရဲ့ အာဆီယံ ဥက္ကဋ္ဌလုပ်ဖို့ ဆန္ဒရှိတာကို ကျမ စိုးရိမ်ပါတယ်။”

ဂျာမဏီနိုင်ငံက မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အချိန်ကာလ ကြာမြင့်စွာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာကို ထပ်လောင်း သတိပေးရင်း မြန်မာအစိုးရသစ် အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင်ဖို့ အပြောရော အလုပ်နဲ့ပါ အလေးအနက်ထား သက်သေပြဖို့ ဂျာမန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချင်တဲ့ ကိစ္စကို မူအားဖြင့် မကန့်ကွက်ဘူးလို့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ဆုံး ဆုံးဖြတ်ချက် မချခင်မှာ အာဆီယံ နိုင်ငံတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်သင့်ကြောင်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG