သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ်ကုန်သွယ်စစ်ပွဲဂယက် မြန်မာအပါအဝင် အာရှနိုင်ငံတွေ ငွေဈေးနှုန်းကျ


အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်လယ်သမားတွေဘယ်လောက်နစ်နာသလဲ စစ်ဆေးတဲ့ ပဲပိစပ်ကာတွန်းကို တရုတ် CGTN က ထုတ်လွှတ်ပုံ။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွင်း အမေရိကန်လယ်သမားတွေဘယ်လောက်နစ်နာသလဲ စစ်ဆေးတဲ့ ပဲပိစပ်ကာတွန်းကို တရုတ် CGTN က ထုတ်လွှတ်ပုံ။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အတော် များများက ငွေကြေးနဲ့ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းတွေ မတည်မငြိမ်ဖြစ်နေပြီး ပြည်တွင်း ငွေကြေး တန်ဖိုး ကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း မူဝါဒရေးရာ တာဝန်ရှိသူတွေအနေနဲ့ အရင်က ငွေကြေးတန်ဖိုး ကျဆင်း ခဲ့တဲ့ အချိန်ကထက်စာရင် ခုတကြိမ် ပိုပြီး နက်နက်ရှိုင်းရှိုင်း ကိုင်တွယ်နိုင်ကြတယ်လို့ သုံးသပ်သူတွေကပြောပါတယ်။

မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ်၊ အိန္ဒိယ အပါအဝင် အခြားနိုင်ငံအချို့က ငွေကြေးတန်ဖိုးတွေ ၂၀၁၈ နှစ်ဦးပိုင်းက စပြီး ကျဆင်းလာခဲ့တာပါ။ အိန္ဒိယ ရူပီးငွေကြေးဟာ ဂျွန်လတွင်း အနိမ့်ဆုံး ကျဆင်းခဲ့သလို တရုတ်ယွမ်ငွေ က လည်း ဂျွန်လထိ ၃.၂ % ဈေးကျသွားခဲ့ပါ တယ်။ စီးပွားရေးပညာရှင်တွေထောက်ပြတဲ့ ခုလို ငွေကြေးတန်ဖိုး ကျဆင်းရတဲ့ အချက် ထဲမှာ ကူးစက်လာနိုင်ခြေရှိနေတဲ့ တူရကီနိုင်ငံကဘဏ္ဍာရေးပြဿနာအပြင် တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိုးရိမ်မှုတွေရှိနေတဲ့ အချက်လည်းပါဝင်ပါတယ်။ ဒေါ်လာ ၁၆ ဘီလီယံ ဖိုးရှိတဲ့ တရုတ် ကုန်တွေကို အမေရိကန်က ရှေ့သီတင်းပတ်မှာ အခွန်တိုးကောက်တော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၃၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်က ငွေကြေးတန်ဖိုးကျဆင်းမှုမှာ သင်ခန်းစာ ရထားကြတဲ့ အာရှ နိုင်ငံတွေက ဒီတကြိမ်ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိထားတယ်လို့ စီးပါွးရေးပညာရှင်တွေက ယုံကြည်နေပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG