သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံထောင် ဖောက်ပြေးသူတွေ ဖမ်းမိရေး ထိုင်းဘက် မြန်မာအကူတောင်း


prison break hpaan ( တင်ထူးဝေ)
prison break hpaan ( တင်ထူးဝေ)

ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက ပြန်ဖမ်းမိထားသူ အယောက် ၂၀ ထိရှိနေပေမယ့် ကျန်တဲ့သူတွေဟာ ထိုင်းနိုင်ငံဘက် နယ်စပ် ဖြတ်ဝင် သွားနိုင်ခြေရှိတာကြောင့် ထိုင်းနိုင်ငံဘက် အကြောင်းကြားထားသလို နယ်စပ်ဝင်ထွက် ဂိတ်တွေမှာလည်း လုံခြုံရေး တင်းကြပ်ထားပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဘားအံအကျဉ်းထောင်ကနေ လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၀ကျော်ထဲက ၂၀ကျော်ကို ပြန်ဖမ်းမိထားပြီး နောက်ထပ်လည်း နေရာအနံှကို ရှာဖွေနေဆဲဖြစ်သလို့ထိုင်းဘက်ခြမ်းကို ထွက်မပြေးနိုင်အောင် အကြောင်းကြားထားတယ်လို့ကရင်ပြည်နယ်က ရဲမူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

“၂၀ကျော်တော့မိထားပြီ။ ကျနော်တို့တော့ နေရာအနှံရှာနေကြတာပဲ။ ထိုင်းဘက် ကိုလည်းကျနော်တို့နှစ်နိုင်ငံပြောထားတာလည်းရှိတယ်။ ပြန်မိတဲ့သူတွေကိုတော့ အဲဒီ ထောင်မှာပဲပြန်ထားထားတယ်။”

စက်တင်ဘာလ ၁၈ ရက်နေကစပြီး မဲဆောက် မြဝတီ သောင်ရင်း မြစ်တလျောက် ထိုင်းနယ်စပ်ဂိတ်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး ရှာဖွေမူတွေလုပ်နေတယ်လို့လည်း နယ်စပ်နေ ပြည်သူတဦးက ပြောပြပါတယ်။

“ဘားအံထောင် ဖောက်ပြေးလာတဲ့သူတွေနဲ့ ပတ်သက်ပြီး ဒီဘက်ကိုကျွံလာမှာစိုးလို့ထိုင်းဘက်ကို အကူညီတောင်းလို့ထိုင်းဘက်ကလည်း ပိတ်ထားတယ်။ သောင်းရင်း ထိုင်းမြန်မာနယ်စပ်ဂိတ်တွေ အကုန်လုံးမှာဆက်စပ်နေတဲ့ ဂိတ်တွေမှန်သမျှ သူတို့ ထိုင်းဘက်ကိုလည်း ဓါတ်ပုံတွေနဲ့ ကိုယ်ရေးရာဇဝင်တွေပို့ထားတယ်။ သူတို့ခေါင်း ပုံစံ(ထောင်ပုံစံခေါင်း)တွေနဲ့ အချက်အလက်တွေတော့ပို့ထားပါတယ်။

ထွက်ပြေးခဲ့တဲ့အကျဉ်းသားတွေထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်အချို့နဲ့ ပတ်သက်သူတွေ၊ လက်နက်မှု၊ မူယစ်ဆေးဝါးမှု တွေအပါအဝင် ရာဇဝတ်မူနဲ့ ထောင်ချခံထားရတဲ့ အကျဉ်းသားတွေပါဝင်ပါတယ်။ ဒီထဲက အကျဉ်းသား တချို့ကို ကရင်ပြည်နယ် လ်ှိုင်းဘွဲ နဲ့ မြဝတီမြို့နယ်တွေမှာ ပြန်လည်ဖမ်းမိတာကြောင့် နယ်စပ်မှာ ထိုင်းဘက် ကတော့ လုံခြုံရေးကို တင်းကြပ်စွာ ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG