သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈ ထောင်နီးပါး မြန်မာပြန်လက်ခံမည်


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစု (ဓာတ်ပုံ-ကုလသမဂ္ဂ)
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစု (ဓာတ်ပုံ-ကုလသမဂ္ဂ)

ရခိုင်ပြည်နယ်က မတည်မငြိမ်အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ၈ ထောင် လောက်ကို ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။ စိစစ်ထားတဲ့ လူစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားပြီး အခုအချိန်အထိ တုံ့ပြန်ချက် မရသေးကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က ပြောပြပေးမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက ၈ ထောင်လောက်ကို မြန်မာတာဝန်ရှိသူတွေ စိစစ်ပြီးနောက် ပြန်လည် လက်ခံဖို့ အဆင်သင့် ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့ထားတဲ့ ဒုက္ခသည်တွေ စာရင်းအပေါ် စိစစ်အတည်ပြုပြီး ပြန်လည် လက်ခံဖို့လည်း အကြောင်းကြားထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့လူဝင်မှုကြီးကြပ်ရေးကစစ်တာမှာ ၈၀၀၀ ကျော်မှာ ၅၀၀၀ကျော်က နေထိုင်ကြောင်းအတည်ပြုနိုင်ခဲ့ တယ်။ ၂၀၀၀ကျော်ကတော့ကျနော်တို့ဆီမှာ စာရင်းမရှိဘူး အဲထဲမှာ ၅၅ယောက်လုံးက အကြမ်းဖက်ကျူးလွန်တဲ့ အထဲပါတယ်။ အားလုံးကို ခေါင်းစဉ်တွေခွဲပြန်လိုက်ပါတယ်။ နောက်သူတို့က ၂သောင်းသုံးထောင်စာရင်းထပ်ပေး သေးတယ်။ အဲဒါလည်းဒီဘက်မှာစစ်နေပြီ။ စစ်တာပထမအသုတ်ဆို ၆၀၀ကျော်အဲဒါလည်းပေးပြီးသား။ သူတို့ကို ကျနော်တို့ပြန်လက်ခံနိုင်ဖို့ပေးထားတဲ့ စာရင်းက ၇၀၀၀နဲ့ ၈၀၀၀ ကြားမှာရှိနေပြီ”

ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ တာဝန်ရှိသူတွေ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ စီစဉ်ခဲ့ကြပေမဲ့ လုံခြုံရေး စိုးရိမ်မှုတွေနဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး အပါအဝင် အခြေခံအခွင့်အရေးတွေ ရရှိရေး ဒုက္ခသည်တွေရဲ့ တောင်းဆိုမှုတွေကြောင့် မအောင်မမြင် ဖြစ်ခဲ့ရတာပါ။

တနှစ်ကျော်လာတဲ့ အချိန်အထိ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေတဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဝေဖန်နေကြပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် ကတော့ ဒုက္ခသည်တွေ လက်ခံရေး ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ဆွေးနွေးနေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“သူတို့ဘက်က ရွေးကောက်ပွဲပြီးပြီမို့ ပြီးခဲ့တဲ့လထဲက ကျနော်တို့ဆီက အမြဲတန်းအတွင်ဝန်က ဘင်္ဂလား ဒေရှ် သံအမတ်ကိုခေါ်ဆွေးနွေးပါတယ်။ ဘာမှတုံပြန်တာမရပါဘူး။ ပြီးခဲ့တဲ့ ၂၁ရက်နေ့က ကျနော်သူတို့သံအမတ်ကို ခေါ်ပြောပါတယ်။ အဲအတွက် အရေးကြီးတာက Joint working group အစည်းအဝေးလုပ်ဖို့ပါ. ဒီတခေါက်ကျနော် တို့ နိုင်ငံအလှည့်ကျတာကြောင့် လာမယ့် ဧပြီလလည်မှာလုပ်ဖို့ ကျနော်တို့ပြောထားပေမယ့် သူတို့ဘက်ကခုထိ အကြောင်းမပြန်သေးပါဘူး။”

ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေမှာ ကိုယ့်သဘောဆန္ဒနဲ့သာဖြစ်ဖု့ိ လုံခြုံမှုရှိဖို့နဲ့ အခြေခံအခွင့်အရေးတွေ ခံစားခွင့်ရှိဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တိုက်တွန်းနေကြတာပါ။ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ဦးစိုးဟန် ကတော့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လာနိုင်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ၂ပိုင်းပေါ့။ တပိုင်းက ဘင်္ဂလားဒေရှ့်ကပြန်ပို့တဲ့ အပိုင်းနောက်တပိုင်းကကျနော်တို့ပြန်လက်ခံရေး ပေါ့။ ကျနော်တို့ဘက်က ခုလုပ်ရမယ့် အလူပ်မှန်သမ ျှ ၂နိုင်ငံသဘောတူထားတဲ့ အတိုင်း ကျနော်တို့ အားလုံး လုပ်ထားပါတယ်။ လက်ခံရေးစခန်းတွေဖွင့်ထားတယ်။ ပြန်လာရင်နေရာချထားဖို့ အိမ်ယာတွေလည်းဆောက် တယ်။ အိမ်ယာတွေဆောက်ထားတာလည်းရှိပြီ။ ပြန်ပို့တာမှာလည်း လက်ခံတဲ့နေရာတွေကနေပြီးတော့ သယ် ယူပို့ဆောင်ဖို့ မော်တော်ကားတွေလည်းစီစဉ်ပြီးပြီ။ စားဝတ်နေရေးပြေလည်ဖို့အတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီတွေလည်းရယ်ဒီလုပ်ထားတယ်။ ဒါကျနော်တို့ဘက်ကလုပ်ထားတဲ့ အပိုင်းဒါပေမယ့်ါ တဖက်က ပြန်မပို့မချင်းကတော့ လက်ခုပ်လိုဘဲ ၂ဖက်တီးမှမြည်တာ။ သူတို့ဘက်က ပြန်ပို့မှဘဲ ဒီလုပ်ငန်းစဉ် ဖြစ်မှာပါ”

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ နှောင့်နှေးနေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရအပေါ် ဝေဖန်နေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာ ဖြစ်ကြောင်း ကတိပြုပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ပါ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး သီးခြားစီ လက်မှတ်ရေးထိုးထားပါတယ်ရှင်

XS
SM
MD
LG