သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတချို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံခိုဝင်


Myanmar Security at Bangladesh border
Myanmar Security at Bangladesh border

မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တနင်္ဂနွေနေ့ က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက် ကို ကျည်ကျသလို မြန်မာစစ်သားတွေလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက် ကို ခိုဝင်လာခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ ရခိုင့်တပ်တော် AA နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ မြန်မာနိုင်ငံက အနည်းဆုံး ၁၄ ယောက် ဘင်္ဂလားဒေ့ရှ် နယ်မြေထဲကို ဝင်ရောက်ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိကရုပ်မြင်သံကြား ချန်နယ် ၂၄ ကတော့ အနည်းဆုံး စစ်သား ၆၆ ယောက် က ခိုလှုံရာရှာနေကြပြီး၊ ၁၀ ယောက် က ကျည်ထိမှန်ဒဏ်ရာရထားကြတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တပ်တော် AA က တနေရာပြီး တနေရာ သိမ်းနေပြီး၊ ဘင်္ဂလားဒေ့ရှ်က ရရှိတဲ့ သတင်းအရ ရှေ့ကို ဆက်လက် ချီတက်လာနေတယ်လို့ ဝန်ကြီးခန်း က သတင်းထောက်တွေကို ပြောပါတယ်။

တနင်္ဂနွေနေ့ ညနေမှာ ကုတုပလောင်ဆေးရုံ ကို လူနာ ၁၇ ယောက် တင်ထားရတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ဆိုပါတယ်။ မြန်မာနိုင်ငံ တိုက်ပွဲကျည်က သူ့ ဦးလေး ခြေထောက် ကို ထိမှန်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်မှာနေသူ အသက် ၂၅ နှစ် အရွယ် Khairul Bashar က အေအက်ဖ်ပီ ကို ပြောပါတယ်။

XS
SM
MD
LG