သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဏ္ေငြစာရင္းအေကာင့္ေဟာင္းမ်ား ေငြသားထုတ္ဖို႔ ခက္ေနဆဲ


ATM ကေန ေငြထုတ္ဖို႔ အလွည့္ေစာင့္ေနၾကသူမ်ား။

{{ Zawgyi/Unicode}}}

ျမန္မာႏိုင္ငံမွာ အရင္စစ္အာဏာမသိမ္းခင္ထဲက ဖြင့္ထားတဲ့ ေငြစာရင္းအေကာင့္ေတြကေန ေငြထုတ္ယူဖို႔ ခက္ခဲေနေပမဲ့၊ ေငြစာရင္းအေကာင့္အသစ္ ဖြင့္ထားသူေတြကေတာ့အလြယ္တကူ ေငြသားထုတ္ယူႏိုင္ၾကပါတယ္။ ေငြစာရင္းအေကာင့္အေဟာင္းသာရွိသူေတြကေတာ့ ေငြထုတ္ရတာ ခက္ခဲေနၾကတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဗဟိုဘဏ္ရဲ႕ ကန႔္သတ္ခ်က္သစ္ေတြေၾကာင့္ ဘဏ္စာရင္း ရွိ သူေတြ ေငြသားထုတ္ယူႏိုင္ဖို႔ အခက္အခဲေတြ ျဖစ္ေနၾကပါတယ္။ ကိုယ့္ေငြစာရင္းထဲက ေငြကို ထုတ္ယူႏိုင္ဖို႔ အတြက္ တခ်ိဳ႕က ေငြသားလဲေပးသူေတြကို လိုခ်င္တဲ့ေငြပမာဏရဲ႕ ၆% ေလာက္အထိ ဝန္ေဆာင္ခေပးၿပီး ထုတ္ယူေနၾကရတာပါ။ ဘဏ္ေတြမွာ ကိုယ္တိုင္သြားထုတ္မယ္ဆိုရင္လည္း အလြယ္တကူ ထုတ္လို႔ မရၾကေသးပါဘူး။ ရခိုင္ျပည္နယ္က KBZ ဘဏ္ေတြမွာဆိုရင္ တစ္ေန႔ကို လူ ၁၅ ေယာက္ကိုသာ ေငြသားထုတ္ေပးေနၿပီး တစ္ပတ္ကို ေငြသားမ်ားဆုံး သုံးသိန္းအထိသာ ထုတ္ေပး ေနတာပါတယ္။

ေငြထုတ္ယူႏိုင္ဖို႔ ႀကိဳတင္ တန္းစီ တိုကင္ယူရတာမွာ တခ်ိဳ႕ဆို တိုကင္ရဖို႔ကို တလေလာက္ေစာင့္ရတဲ့အထိ ျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ားစုက အျပင္က ေငြထုတ္ယုူႏိုင္တဲ့ ေနရာေတြမွာ အခေၾကးေငြေပးၿပီး ထုတ္ယူေနၾကပါတယ္။ ဘဏ္မွာ ေငြထုတ္ရတာ အဆင္မေျပလို႔ ေငြထုတ္ႏိုင္တဲ့ေနရာေတြမွာ ေငြ ၁ သိန္းအတြက္ အဖိုးအခ ၁ ေသာင္းေလာက္အထိ ေပးၿပီး ထုတ္ယူေနရတယ္လို႔ စစ္ေတြၿမိဳ႕နယ္က ကိုခိုင္႐ိုးလွ က ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔က တကယ့္ကို အေရးႀကီးလာတဲ့အခ်ိန္ ကိုယ္ေရးကိုယ္တာေတြ၊ မက်န္းေရးမမာေရး အခ်ိန္ေတြ ဆိုရင္ ဘဏ္က မရရင္ အျပင္ကေနသြားထုတ္ရတယ္။ အျပင္မွာ Kpay နဲ႔ ထုတ္လို႔ရတဲ့ဟာရွိတယ္။ ဒါေပမယ့္ သူတို႔က တရားမဝင္ေဈးကြက္လို႔ေျပာခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ပိုက္ဆံတသိန္းထုတ္ဖို႔အေရး သူတို႔ကို ပိုက္ဆံ ၇ ေထာင္၊ ၈ ေထာင္၊၁၀ ရာခိုင္ႏႈန္းဆိုရင္ တေသာင္းအထိ ေပးရတာေတြလည္းရွိတယ္။ အဲဒီမွာလည္း တန္းစီၿပီးထုတ္ရတာ။ အဲမွာလည္း ဒုကၡသည္ေတြ ႀကဳံတာေပါ့။ ပိုက္ဆံကလည္း သူမ်ားေတြလို သိန္းေထာင္နဲ႔ ရာနဲ႔ခ်ီၿပီးရွိတာလည္းမဟုတ္ဘူး။ ရွိတဲ့လစာေလးကို ယုံၾကည္လို႔ အပ္ထားတာ။ အခု ကိုယ္အလိုရွိတဲ့အခ်ိန္ ထုတ္လို႔မရဘူး။ ျပႆနာေတြ အမ်ိဳးမ်ိဳးနဲ႔ ႀကဳံေနရတာေပါ့ေလ။”

ေျမာက္ဦးၿမိဳ႕နယ္က ကိုတိုးျမတ္ကလည္း ဘဏ္ေတြမွာ ေငြထုတ္မယ္ဆိုရင္တစ္ပတ္ကို ေငြသုံးသိန္းထုတ္ရဖို႔အတြက္ တလေလာက္ေစာင့္ရတာေၾကာင့္ အျပင္မွာ ေငြအဆမတန္ေပး ထုတ္ေနရတဲ့အတြက္ ဝင္ေငြထိခိုက္ေနပါတယ္။

“ဘဏ္က သြားထုတ္မယ္ဆိုရင္လည္း အခ်ိန္ၾကန႔္ၾကာတာေတြ ရွိတယ္။ ဘာလို႔လဲဆိုေတာ့ အခုက ဘဏ္က ေငြသိပ္ထုတ္မေပးဘူး။ က်ေနာ္တို႔ တိုကင္နံပါတ္ယူရတယ္။ ပိုက္ဆံက အခုလိုေနတာ။ ဒါေပမယ့္ တိုကင္နံပါတ္က ေနာက္ထပ္ တပတ္ေလာက္မွ ထုတ္ရမွာ။ တပတ္ေလာက္ေစာင့္ရမွာဆိုေတာ့ က်ေနာ္တို႔ ေငြလိုရင္ အခက္အခဲျဖစ္တယ္ေပါ့။ အဲဒီအခါက်ေတာ့ အဆင္ေျပတဲ့ KBZ Pay ကပဲ သြားထုတ္တယ္။ အဲဒီက သြားထုတ္ရင္လည္း ရာခိုင္ႏႈန္း အမ်ားႀကီးေပးၿပီးေတာ့ ထုတ္ေနရတာေတာ့ အဆင္မေျပဘူး။ လစာလည္း ထိခိုက္တာေပါ့။”

လက္ရွိ ရခိုင္ျပည္နယ္မွာ ATM ေတြလည္း ပိတ္ထားသလို တပတ္ကို က်ပ္ေငြ သုံးသိန္း အထိေလာက္ကိုသာ တိုကင္စနစ္နဲ႔ ထုတ္ေပးေနတာျဖစ္ၿပီး တပတ္ကို လူ ၇၅ ေယာက္ပဲ ထုတ္ေပးေနတာပါ။ စစ္ေတြၿမိဳ႕ နယ္မွာဆိုရင္KBZ ဘဏ္မွာ ေငြအပ္ထားသူေတြအေနနဲ႔ ေငြထုတ္မရတဲ့အေၾကာင္းနဲ႔ ပတ္သတ္ၿပီး ေမးျမန္းတာေတြကို ျပန္မေျဖၾကားတဲ့အျပင္ ဘဏ္ဝန္ထမ္းေတြရဲ႕ ဆက္ဆံေရးအဆင္မေျပတာေတြနဲ႔ တခါတေလ ဘဏ္ဝန္ထမ္းေတြရဲ႕ ေအာ္ဟစ္တာေတြအထိပါ ႀကဳံေတြ႔ေနရတယ္လို႔ ေငြထုတ္ယူသူေတြက ေျပာျပၾကပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဗဟိုဘဏ္က ဘဏ္ေတြအေပၚ ကန႔္သတ္ခ်က္ေတြ ခ်မွတ္ခဲ့တဲ့အတြက္ ေငြထုတ္ရခက္တဲ့ ျပႆနာေတြ စေပၚလာခဲ့တာပါ။ ေငြထုတ္ရအဆင္ေျပဖို႔အတြက္ ေငြစာရင္းအေကာင့္ အသစ္ေတြ ဖြင့္ၾကပါလို႔ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္က သတင္းစာရွင္းလင္းပြဲတခုမွာေျပာၿပီး အေကာင့္အသစ္ေတြဖြင့္ၾကဖို႔ တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံမွာ လူအမ်ားသုံးၾကတဲ့ ကေမာၻဇဘဏ္ရဲ႕ဝဘ္ဆိုဒ္မွာေတာ့ လြယ္ကူစြာ ေငြသားထုတ္ယူႏိုင္သည့္ ေငြစာရင္းအေကာင့္အသစ္ဆိုၿပီး ဘဏ္စာရင္းသစ္ ၅ မ်ိဳးကို ေၾကညာထားပါတယ္။ ဘဏ္စာရင္း အေကာင့္သစ္ေတြကို လူတိုင္းဖြင့္ႏိုင္ၿပီး အမ်ိဳးအစားအလိုက္ က်ပ္တစ္ေသာင္းကေနစၿပီး က်ပ္ဆယ္သိန္းအထိ စတင္ထည့္ဝင္ေငြေတြ သတ္မွတ္ထားပါတယ္။

စီးပြားေရးလုပ္ငန္း လုပ္ေနၾကသူေတာ္ေတာ္မ်ားမ်ားကေတာ့ ေငြအသြင္းအထုတ္လြယ္ကူေအာင္နဲ႔ ေငြသား ပမာဏ အကန႔္အသတ္မရွိ ထုတ္ယူႏိုင္ေအာင္ ဘဏ္စာရင္းအသစ္ေတြ ဖြင့္ၿပီး ေဆာင္႐ြက္ေနၾကပါတယ္။ ဝါးခယ္မ ေရာင္းဝယ္ေရးကုမၸဏီဥကၠ႒ ေဒါက္တာစိုးထြန္းက ဘဏ္စာရင္းအေကာင့္ အသစ္ကေန ေငြထုတ္ႏိုင္ေပမဲ့ ကန႔္သတ္ခ်က္ ရွိေနေသးတာကို ခုလို ရွင္းျပပါတယ္။

“အေကာင့္အေဟာင္းကေတာ့ ေငြသားထုတ္လို႔မရဘူး။ အေကာင့္အသစ္ကေတာ့ ေငြသားထည့္ရင္ ေငြသားျပန္ထုတ္လို႔ရတယ္။ အေကာင့္အေဟာင္းမွာ အရင္တုန္းက ထည့္ထားတဲ့ဟာေတြဆိုရင္ ေငြျပန္ထုတ္ လို႔မရဘူး။ အေကာင့္ transfer နဲ႔ပဲ ေပးေခ်ရတယ္။ အေကာင့္အသစ္က ေငြသားထည့္ၿပီးေငြသားျပန္ထုတ္ တာ။ အေကာင့္အေဟာင္းကေနလည္း အေကာင့္အသစ္ကို ေျပာင္းလို႔မရဘူး ထည့္လို႔မရဘူး။”

ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ကလည္း ေ႐ႊေဈးႏႈန္းထိန္းဖို႔အတြက္ဆိုၿပီး ၉၉.၉၉ ရာခိုင္ႏႈန္းျပည့္ေ႐ႊေတြကို ဘဏ္ေတြနဲ႔ခ်ိတ္ဆက္ၿပီး ျပည္သူဆီ တိုက္႐ိုက္ေရာင္းခ်ဖို႔ စီစဥ္ေနၿပီး အဲလိုေရာင္းခ်တဲ့အခါ အရင္ကဖြင့္ထားတဲ့ ဘဏ္အေကာင့္က ေငြေတြနဲ႔ ဝယ္ယူလို႔ မရႏိုင္ဘဲ အေကာင့္အသစ္ဖြင့္ၿပီးမွ ေငြသားနဲ႔ဝယ္ယူလို႔အသိေပးထားပါတယ္။ "ဘဏ္ကေန ေ႐ႊကိုဝယ္ယူမယ္ဆိုရင္ လက္ရွိဖြင့္လွစ္ထားၿပီးတဲ့ ဘဏ္အေကာင့္ထဲမွာရွိတဲ့ေငြသားနဲ႔ ေပးေခ်လို႔မရဘဲ အေကာင့္အသစ္နဲ႔ ေငြသားေပးေခ်ရမွာျဖစ္တယ္၊ စနစ္သစ္အရ အေကာင့္အသစ္ဖြင့္ၿပီး ေငြေပးေခ်ရမွာျဖစ္တယ္လို႔ အသင္း ဥကၠ႒ဦးမ်ိဳးျမင့္YGEA ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}}

ဘဏ်ငွေစာရင်းအကောင့်ဟောင်းများ ငွေသားထုတ်ဖို့ ခက်နေဆဲ

မန်မာနိုင်ငံမှာ အရင်စစ်အာဏာမသိမ်းခင်ထဲက ဖွင့်ထားတဲ့ ငွေစာရင်းအကောင့်တွေကနေ ငွေထုတ်ယူဖို့ ခက်ခဲနေပေမဲ့၊ ငွေစာရင်းအကောင့်အသစ် ဖွင့်ထားသူတွေကတော့အလွယ်တကူ ငွေသားထုတ်ယူနိုင်ကြပါတယ်။ ငွေစာရင်းအကောင့်အဟောင်းသာရှိသူတွေကတော့ ငွေထုတ်ရတာ ခက်ခဲနေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်သစ်တွေကြောင့် ဘဏ်စာရင်း ရှိ သူတွေ ငွေသားထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကိုယ့်ငွေစာရင်းထဲက ငွေကို ထုတ်ယူနိုင်ဖို့ အတွက် တချို့က ငွေသားလဲပေးသူတွေကို လိုချင်တဲ့ငွေပမာဏရဲ့ ၆% လောက်အထိ ဝန်ဆောင်ခပေးပြီး ထုတ်ယူနေကြရတာပါ။ ဘဏ်တွေမှာ ကိုယ်တိုင်သွားထုတ်မယ်ဆိုရင်လည်း အလွယ်တကူ ထုတ်လို့ မရကြသေးပါဘူး။ ရခိုင်ပြည်နယ်က KBZ ဘဏ်တွေမှာဆိုရင် တစ်နေ့ကို လူ ၁၅ ယောက်ကိုသာ ငွေသားထုတ်ပေးနေပြီး တစ်ပတ်ကို ငွေသားများဆုံး သုံးသိန်းအထိသာ ထုတ်ပေး နေတာပါတယ်။

ငွေထုတ်ယူနိုင်ဖို့ ကြိုတင် တန်းစီ တိုကင်ယူရတာမှာ တချို့ဆို တိုကင်ရဖို့ကို တလလောက်စောင့်ရတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် အများစုက အပြင်က ငွေထုတ်ယုူနိုင်တဲ့ နေရာတွေမှာ အခကြေးငွေပေးပြီး ထုတ်ယူနေကြပါတယ်။ ဘဏ်မှာ ငွေထုတ်ရတာ အဆင်မပြေလို့ ငွေထုတ်နိုင်တဲ့နေရာတွေမှာ ငွေ ၁ သိန်းအတွက် အဖိုးအခ ၁ သောင်းလောက်အထိ ပေးပြီး ထုတ်ယူနေရတယ်လို့ စစ်တွေမြို့နယ်က ကိုခိုင်ရိုးလှ က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က တကယ့်ကို အရေးကြီးလာတဲ့အချိန် ကိုယ်ရေးကိုယ်တာတွေ၊ မကျန်းရေးမမာရေး အချိန်တွေ ဆိုရင် ဘဏ်က မရရင် အပြင်ကနေသွားထုတ်ရတယ်။ အပြင်မှာ Kpay နဲ့ ထုတ်လို့ရတဲ့ဟာရှိတယ်။ ဒါပေမယ့် သူတို့က တရားမဝင်ဈေးကွက်လို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပိုက်ဆံတသိန်းထုတ်ဖို့အရေး သူတို့ကို ပိုက်ဆံ ၇ ထောင်၊ ၈ ထောင်၊၁၀ ရာခိုင်နှုန်းဆိုရင် တသောင်းအထိ ပေးရတာတွေလည်းရှိတယ်။ အဲဒီမှာလည်း တန်းစီပြီးထုတ်ရတာ။ အဲမှာလည်း ဒုက္ခသည်တွေ ကြုံတာပေါ့။ ပိုက်ဆံကလည်း သူများတွေလို သိန်းထောင်နဲ့ ရာနဲ့ချီပြီးရှိတာလည်းမဟုတ်ဘူး။ ရှိတဲ့လစာလေးကို ယုံကြည်လို့ အပ်ထားတာ။ အခု ကိုယ်အလိုရှိတဲ့အချိန် ထုတ်လို့မရဘူး။ ပြဿနာတွေ အမျိုးမျိုးနဲ့ ကြုံနေရတာပေါ့လေ။”

မြောက်ဦးမြို့နယ်က ကိုတိုးမြတ်ကလည်း ဘဏ်တွေမှာ ငွေထုတ်မယ်ဆိုရင်တစ်ပတ်ကို ငွေသုံးသိန်းထုတ်ရဖို့အတွက် တလလောက်စောင့်ရတာကြောင့် အပြင်မှာ ငွေအဆမတန်ပေး ထုတ်နေရတဲ့အတွက် ဝင်ငွေထိခိုက်နေပါတယ်။

“ဘဏ်က သွားထုတ်မယ်ဆိုရင်လည်း အချိန်ကြန့်ကြာတာတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ အခုက ဘဏ်က ငွေသိပ်ထုတ်မပေးဘူး။ ကျနော်တို့ တိုကင်နံပါတ်ယူရတယ်။ ပိုက်ဆံက အခုလိုနေတာ။ ဒါပေမယ့် တိုကင်နံပါတ်က နောက်ထပ် တပတ်လောက်မှ ထုတ်ရမှာ။ တပတ်လောက်စောင့်ရမှာဆိုတော့ ကျနော်တို့ ငွေလိုရင် အခက်အခဲဖြစ်တယ်ပေါ့။ အဲဒီအခါကျတော့ အဆင်ပြေတဲ့ KBZ Pay ကပဲ သွားထုတ်တယ်။ အဲဒီက သွားထုတ်ရင်လည်း ရာခိုင်နှုန်း အများကြီးပေးပြီးတော့ ထုတ်နေရတာတော့ အဆင်မပြေဘူး။ လစာလည်း ထိခိုက်တာပေါ့။”

လက်ရှိ ရခိုင်ပြည်နယ်မှာ ATM တွေလည်း ပိတ်ထားသလို တပတ်ကို ကျပ်ငွေ သုံးသိန်း အထိလောက်ကိုသာ တိုကင်စနစ်နဲ့ ထုတ်ပေးနေတာဖြစ်ပြီး တပတ်ကို လူ ၇၅ ယောက်ပဲ ထုတ်ပေးနေတာပါ။ စစ်တွေမြို့ နယ်မှာဆိုရင်KBZ ဘဏ်မှာ ငွေအပ်ထားသူတွေအနေနဲ့ ငွေထုတ်မရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းတာတွေကို ပြန်မဖြေကြားတဲ့အပြင် ဘဏ်ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအဆင်မပြေတာတွေနဲ့ တခါတလေ ဘဏ်ဝန်ထမ်းတွေရဲ့ အော်ဟစ်တာတွေအထိပါ ကြုံတွေ့နေရတယ်လို့ ငွေထုတ်ယူသူတွေက ပြောပြကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုဘဏ်က ဘဏ်တွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်ခဲ့တဲ့အတွက် ငွေထုတ်ရခက်တဲ့ ပြဿနာတွေ စပေါ်လာခဲ့တာပါ။ ငွေထုတ်ရအဆင်ပြေဖို့အတွက် ငွေစာရင်းအကောင့် အသစ်တွေ ဖွင့်ကြပါလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က သတင်းစာရှင်းလင်းပွဲတခုမှာပြောပြီး အကောင့်အသစ်တွေဖွင့်ကြဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူအများသုံးကြတဲ့ ကမ္ဘောဇဘဏ်ရဲ့ဝဘ်ဆိုဒ်မှာတော့ လွယ်ကူစွာ ငွေသားထုတ်ယူနိုင်သည့် ငွေစာရင်းအကောင့်အသစ်ဆိုပြီး ဘဏ်စာရင်းသစ် ၅ မျိုးကို ကြေညာထားပါတယ်။ ဘဏ်စာရင်း အကောင့်သစ်တွေကို လူတိုင်းဖွင့်နိုင်ပြီး အမျိုးအစားအလိုက် ကျပ်တစ်သောင်းကနေစပြီး ကျပ်ဆယ်သိန်းအထိ စတင်ထည့်ဝင်ငွေတွေ သတ်မှတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်း လုပ်နေကြသူတော်တော်များများကတော့ ငွေအသွင်းအထုတ်လွယ်ကူအောင်နဲ့ ငွေသား ပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်အောင် ဘဏ်စာရင်းအသစ်တွေ ဖွင့်ပြီး ဆောင်ရွက်နေကြပါတယ်။ ဝါးခယ်မ ရောင်းဝယ်ရေးကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဘဏ်စာရင်းအကောင့် အသစ်ကနေ ငွေထုတ်နိုင်ပေမဲ့ ကန့်သတ်ချက် ရှိနေသေးတာကို ခုလို ရှင်းပြပါတယ်။

“အကောင့်အဟောင်းကတော့ ငွေသားထုတ်လို့မရဘူး။ အကောင့်အသစ်ကတော့ ငွေသားထည့်ရင် ငွေသားပြန်ထုတ်လို့ရတယ်။ အကောင့်အဟောင်းမှာ အရင်တုန်းက ထည့်ထားတဲ့ဟာတွေဆိုရင် ငွေပြန်ထုတ် လို့မရဘူး။ အကောင့် transfer နဲ့ပဲ ပေးချေရတယ်။ အကောင့်အသစ်က ငွေသားထည့်ပြီးငွေသားပြန်ထုတ် တာ။ အကောင့်အဟောင်းကနေလည်း အကောင့်အသစ်ကို ပြောင်းလို့မရဘူး ထည့်လို့မရဘူး။”

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ကလည်း ရွှေဈေးနှုန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နှုန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ပြည်သူဆီ တိုက်ရိုက်ရောင်းချဖို့ စီစဉ်နေပြီး အဲလိုရောင်းချတဲ့အခါ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့အသိပေးထားပါတယ်။ "ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ စနစ်သစ်အရ အကောင့်အသစ်ဖွင့်ပြီး ငွေပေးချေရမှာဖြစ်တယ်လို့ အသင်း ဥက္ကဋ္ဌဦးမျိုးမြင့်YGEA ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောထားပါတယ်။

#MyanmarBanks #MyanmarEconomy #VOABurmese

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG