သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္ပိုင္ဘီယာေတြ ေရာင္းဝယ္ သယ္ယူမႈမလုပ္ဖို႔ KIO ျမစ္ႀကီးနားခ႐ိုင္ တားျမစ္


ျမန္မာစစ္တပ္နဲ႔ဆက္စပ္မႈရွိတဲ့ ဘီယာေၾကာ္ျငာမ်ားကိုေတြ႔ရစဥ္။

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ပိုင္ကုမၸဏီထုတ္ ဘီယာအမွတ္တံဆိပ္အခ်ိဳ႕ကို ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္အတြင္းမွာ ေရာင္းဝယ္တာ၊ သယ္ယူပို႔ေဆာင္တာမလုပ္ဖို႔ KIO ရဲ႕ ျမစ္ႀကီးနားခ႐ိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႔က ဒီကေန႔ ထုတ္ျပန္ပါတယ္။ ဒီတားျမစ္ခ်က္ကိုမလိုက္နာရင္ ေရာင္းဝယ္သူေတြကိုဖမ္းဆီးတာနဲ႔ သယ္ယူတဲ့ယာဥ္ မ်ိဳးစုံကို ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားတာကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမစ္ႀကီးနားခ႐ိုင္ KIO အုပ္ခ်ဳပ္ေရးအဖြဲ႔ကေန စစ္ေကာင္စီတပ္ရဲ႕ ေက်ာေထာက္ေနာက္ခံ အက်ိဳးတူ လုပ္ငန္းျဖစ္တဲ့ Myanmar Beer၊Dagon Beer၊ABC Beer ေတြကို ေရာင္းဝယ္ေဖာက္ကား သယ္ယူပို႔ေဆာင္တာမျပဳလုပ္ဖို႔ တားျမစ္လိုက္တာပါ။ ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး KIO ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ KIO ဗဟိုေကာ္မတီကေန ထုတ္တာေတာ့ မဟုတ္ဘူး။ ျမစ္ႀကီးနားခ႐ိုင္ကေန သူတို႔နယ္ေျမအတြင္း လိုအပ္ေနလို႔ ထုတ္တဲ့ထုတ္ျပန္ေၾကညာခ်က္ ျဖစ္ပါတယ္။ ဆိုေတာ့ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ ကေတာ့ စစ္ေကာင္စီဘက္ကေန ထုတ္လုပ္ေနတဲ့ Beer ေတြေပါ့။ ေျပာမယ္ဆိုရင္ေတာ့ စစ္ေကာင္စီရဲ႕ စီးပြားေရးေတြကို ျဖတ္ေတာက္တဲ့သေဘာနဲ႔ အဲဒီရည္႐ြယ္ခ်က္နဲ႔ ျဖစ္မယ္လို႔ က်ေနာ္ထင္ပါတယ္။”

ျမစ္ႀကီးနားခ႐ိုင္ KIO အုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္မွာ ျမစ္ႀကီးနားခ႐ိုင္ရွိ ၿမိဳ႕တြင္း ၿမိဳ႕ျပင္ ေက်းလက္ ေဒသနဲ႔ ျမစ္ႀကီးနား- ပူတာအိုလမ္းတေလွ်ာက္၊ ျမစ္ႀကီးနား- တႏိုင္းလမ္းတေလွ်ာက္မွာ သယ္ယူ တာ၊ စားေသာက္ဆိုင္၊ ကုန္စုံဆိုင္၊ KTV၊Bar နဲ႔ အျခားဆိုင္မ်ိဳးစုံမွာေရာင္းခ်တာ စတာေတြကိုဒီလ ၁၀ ရက္ေန႔ ေနာက္ဆုံးထားေဆာင္႐ြက္ဖို႔ တိုက္တြန္း ထားပါတယ္။ သတ္မွတ္ရက္ေနာက္ပိုင္းမွာ မလိုက္နာရင္ေတာ့ ေရာင္းခ်တဲ့ဆိုင္ေတြကို ဖမ္းဆီးမွာျဖစ္သလို သယ္ယူတဲ့ကား၊ ဆိုင္ကယ္အပါအဝင္ ယာဥ္မ်ိဳးစုံကိုလည္း ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ ေၾကညာထားပါတယ္။

ဒီေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ျမစ္ႀကီးနားၿမိဳ႕ေပၚက စားေသာက္ဆိုင္အခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ သူတို႔ မၾကားသိေသးေၾကာင္းသာ ျပန္လည္ေျဖၾကားပါတယ္။ ကခ်င္ျပည္နယ္အတြင္းက စားေသာက္ဆိုင္ပိုင္ရွင္တဦးကေတာ့ ျမစ္ႀကီးနားခ႐ိုင္ KIO အုပ္ခ်ဳပ္ေရးအဖြဲ႔က ပိတ္ပင္လိုက္တဲ့အေပၚ အခုလို ေျပာဆိုပါတယ္။

“မေရာင္းရဘူးဆို မေရာင္း႐ုံပဲ။ က်ေနာ္တို႔က အဖက္ဖက္ အရာရာတိုင္းကိုလည္း နည္းနည္း ေၾကာက္ေနရတာ။ ေနာက္ဆုံး အိမ္တိုင္ရာေရာက္ခ်ေပးလည္း က်ေနာ္တို႔က ေရာင္းဖို႔က မျဖစ္ႏိုင္ေတာ့ဘူးေလ။ က်ေနာ္တို႔ အသက္အႏၲရာယ္ကို စိုးရိမ္ရလို႔ေလ။ အခု နယ္ေတြ ႐ြာေတြမွာဆို PDF နဲ႔ KIA က နယ္ေျမ စိုးမိုးမႈကို ေတာ္ေတာ္ေလး ရေနၿပီေကာ။”

ၿပီးခဲ့တဲ့လေတြကလည္း စစ္ကိုင္းတိုင္းအတြင္းမွာ ကုန္တင္ကားေတြနဲ႔ သယ္ယူလာတဲ့ျမန္မာဘီယာေတြကို PDF အဖြဲ႔ေတြက ဖမ္းဆီးဖ်က္ဆီးတာေတြ ရွိခဲ့ပါတယ္။ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္မွာ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမီတက္ (ဦးပိုင္) နဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးလုပ္ငန္း အေတာ္မ်ားမ်ားကို ျပည္သူေတြက သပိတ္ေမွာက္ခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္းမွာေတာ့ ဦးပိုင္ကုမၸဏီက ျမန္မာ့ဘီယာလုပ္ငန္းကို ဖ်က္သိမ္းဖို႔အထိ တရား႐ုံးမွာေလွ်ာက္ထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

စစ်တပ်ပိုင်ဘီယာတွေ ရောင်းဝယ် သယ်ယူမှုမလုပ်ဖို့ KIO မြစ်ကြီးနားခရိုင် တားမြစ်

မြန်မာစစ်တပ်ပိုင်ကုမ္ပဏီထုတ် ဘီယာအမှတ်တံဆိပ်အချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းမှာ ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာမလုပ်ဖို့ KIO ရဲ့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီတားမြစ်ချက်ကိုမလိုက်နာရင် ရောင်းဝယ်သူတွေကိုဖမ်းဆီးတာနဲ့ သယ်ယူတဲ့ယာဉ် မျိုးစုံကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြစ်ကြီးနားခရိုင် KIO အုပ်ချုပ်ရေးအဖွဲ့ကနေ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar Beer၊Dagon Beer၊ABC Beer တွေကို ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်တာမပြုလုပ်ဖို့ တားမြစ်လိုက်တာပါ။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ကျနော်တို့ KIO ဗဟိုကော်မတီကနေ ထုတ်တာတော့ မဟုတ်ဘူး။ မြစ်ကြီးနားခရိုင်ကနေ သူတို့နယ်မြေအတွင်း လိုအပ်နေလို့ ထုတ်တဲ့ထုတ်ပြန်ကြေညာချက် ဖြစ်ပါတယ်။ ဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက် ကတော့ စစ်ကောင်စီဘက်ကနေ ထုတ်လုပ်နေတဲ့ Beer တွေပေါ့။ ပြောမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ စီးပွားရေးတွေကို ဖြတ်တောက်တဲ့သဘောနဲ့ အဲဒီရည်ရွယ်ချက်နဲ့ ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။”

မြစ်ကြီးနားခရိုင် KIO အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မြစ်ကြီးနားခရိုင်ရှိ မြို့တွင်း မြို့ပြင် ကျေးလက် ဒေသနဲ့ မြစ်ကြီးနား- ပူတာအိုလမ်းတလျှောက်၊ မြစ်ကြီးနား- တနိုင်းလမ်းတလျှောက်မှာ သယ်ယူ တာ၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV၊Bar နဲ့ အခြားဆိုင်မျိုးစုံမှာရောင်းချတာ စတာတွေကိုဒီလ ၁၀ ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ဖို့ တိုက်တွန်း ထားပါတယ်။ သတ်မှတ်ရက်နောက်ပိုင်းမှာ မလိုက်နာရင်တော့ ရောင်းချတဲ့ဆိုင်တွေကို ဖမ်းဆီးမှာဖြစ်သလို သယ်ယူတဲ့ကား၊ ဆိုင်ကယ်အပါအဝင် ယာဉ်မျိုးစုံကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့ပေါ်က စားသောက်ဆိုင်အချို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့ မကြားသိသေးကြောင်းသာ ပြန်လည်ဖြေကြားပါတယ်။ ကချင်ပြည်နယ်အတွင်းက စားသောက်ဆိုင်ပိုင်ရှင်တဦးကတော့ မြစ်ကြီးနားခရိုင် KIO အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်လိုက်တဲ့အပေါ် အခုလို ပြောဆိုပါတယ်။

“မရောင်းရဘူးဆို မရောင်းရုံပဲ။ ကျနော်တို့က အဖက်ဖက် အရာရာတိုင်းကိုလည်း နည်းနည်း ကြောက်နေရတာ။ နောက်ဆုံး အိမ်တိုင်ရာရောက်ချပေးလည်း ကျနော်တို့က ရောင်းဖို့က မဖြစ်နိုင်တော့ဘူးလေ။ ကျနော်တို့ အသက်အန္တရာယ်ကို စိုးရိမ်ရလို့လေ။ အခု နယ်တွေ ရွာတွေမှာဆို PDF နဲ့ KIA က နယ်မြေ စိုးမိုးမှုကို တော်တော်လေး ရနေပြီကော။”

ပြီးခဲ့တဲ့လတွေကလည်း စစ်ကိုင်းတိုင်းအတွင်းမှာ ကုန်တင်ကားတွေနဲ့ သယ်ယူလာတဲ့မြန်မာဘီယာတွေကို PDF အဖွဲ့တွေက ဖမ်းဆီးဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးနောက်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (ဦးပိုင်) နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်း အတော်များများကို ပြည်သူတွေက သပိတ်မှောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာတော့ ဦးပိုင်ကုမ္ပဏီက မြန်မာ့ဘီယာလုပ်ငန်းကို ဖျက်သိမ်းဖို့အထိ တရားရုံးမှာလျှောက်ထားခဲ့ပါတယ်။

#MyanmarMilitaryBusiness #MyanmarBeer #KIO #VOABurmese #စစ်တပ်ပိုင် #မြန်မာဘီယာ #မြစ်ကြီးမား #နော်ဘူ #DagonBeer #ABCBeer #MyanmarBeer #ဗွီအိုအေ #ဒဂုံဘီယာ #အေဘီစီဘီယာ

===========

XS
SM
MD
LG