သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ် ရွှေ့ဆိုင်းမှု ဘင်္ဂလားဒေ့ရှ်ကို မြန်မာအစိုးရပြစ်တင်


ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံရေး ဒီကနေ့ စတင်မယ့် အစီအစဉ် မဖြစ်ခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရကို မြန်မာဘက်က ပြစ်တင်ပြောဆို လိုက်ပါတယ်။

မြန်မာဘက်ကတော့ ဒီကနေ့မှာဘဲ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး တောင်ပြိုလက်ဝဲ နဲ့ ငါးခူရ စခန်းတွေကို ဖွင့်လှစ်ခဲ့တာပါ။ ဒုက္ခသည်တွေ ဌာနေ ပြန်ရေး စလုပ်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မစနိုင်ဘူးလို့ ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုခဲ့ပေမဲ့ မြန်မာဘက်ကို တရားဝင် အကြောင်းမကြားခဲ့သလို ၊ ညှိနှိုင်းမှုလည်း မရှိဘူးလို့လည်း မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေး ခိုလှုံနေတဲ့ ဒုက္ခသည် ခန့်မှန်းချေ ၆ သိန်းခွဲကျော် ရှိကြောင်း ကုလသမဂ္ဂဘက်က ပြောဆိုထားပြီး ဒီလူတွေကို နှစ်နိုင်ငံ စိစစ်ပြီး ပြန်လည် လက်ခံဖို့ သဘောတူထားတာပါ။ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့က စလို့ သီတင်းတပတ်ကို လူ ၁၅၀၀ စိစစ်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတာ ဖြစ်ပြီး စခန်းတွေ လူတွေ အဆင်သင့် ပြင်ထားပေမယ့် ဘင်္ဂလားဒေရှ့်ဘက်ကနေ တယောက်မှ ရောက်မလာဘူးလို့ မြန်မာ အစိုးရဘက်က ပြောဆိုပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း စိုးရိမ်မကင်းတဲ့ သဘောထားတွေ ပြောဆိုထားကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်တဲ့ အစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် လုံခြုံမှုမရှိတဲ့အတွက် ၂ ဘက်သဘောတူ ဆိုင်းငံ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တဲ့ စစ်တပ်က စောင့်ကြပ်မယ့် ဒုက္ခသည်စခန်းတွေကို ပြန်မပို့သင့်တဲ့အတွက် အစီအစဉ်ကို ဆိုင်းထားဖို့ လိုကြောင်း HRW က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG