သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တို့ မြို့တော် ဝါရှင်တန်မှာတွေ့ဆုံစဉ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တို့ မြို့တော် ဝါရှင်တန်မှာတွေ့ဆုံစဉ်။

Zawgyi/Unicode

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan တို့ စက်တင်ဘာ ၂၇ ရက် တနင်္လာနေ့က နဲ့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံအရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးလို အရေးကြီးတဲ့ကိစ္စရပ်တွေကို ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေကြတာနဲ့အတူ မြန်မာနိုင်ငံအရေးကိစ္စကိုပါ ဆွေးနွေးခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကခုလိုပြောပါတယ်။

“ဒေသတွင်း စိန်ခေါ်နေတဲ့ အကြောင်းအရာတွေဖြစ်တဲ့ မြန်မာနိုင်ငံအရေးကိစ္စနဲ့ အာရှဒေသမှာ ရေကြောင်းသွားလာရေး မူဝါဒတွေကို ဆက်ထိန်းသိမ်းထားနိုင်ရေး အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေကို အချိန်ယူဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောကြားသွားခဲ့တာပါ။ မြန်မာ့အရေး ဆွေးနွေးမှု အသေးစိတ်ကိုတော့ ဝန်ကြီး Blinken က ထုတ်ဖော်ပြောသွားခြင်းမရှိပါဘူး။

စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan ဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မကြာခန ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုသူ တယောက်ဖြစ်သလို မြန်မာ့အရေး အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ ထိရောက်မှု မရှိဘူးဆိုတာကို ဝေဖန်ပြောဆိုထားသူ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai နဲ့လည်း စက်တင်ဘာ ၂၇ ရက်နေ့က ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အတွက် စိုးရိမ်ကြောင်းနဲ့အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့က အမေရိကန်နဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ၂ ယောက်တွေ့ဆုံပွဲအတွင်း ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး၊ ကပ်ရောဂါတုံ့ပြန်ဖို့ အဆင်သင့် ပြင်ဆင်ထားရေး၊ ဆိုက်ဘာလုံခြုံရေး ကိစ္စတွေလို ကိစ္စရပ်တော်တော် များများမှာ အမေရိကန်နဲ့ စင်္ကာပူ ၂ နိုင်ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


=====

Unicode






#MyanmarMilitaryCoup #MyanmarASEAN #USMyanmar #MyanmarSingapore #VOABurmese

XS
SM
MD
LG