သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စာေရးဆရာထင္လင္းဦးရဲ႕ ရက္ေပါငိး (၆၅၀) ေက်ာ္ ေထာင္တြင္း အေတြ႔အၾကဳံ


Htin Lin Oo, center, a writer and former information officer of Aung San Suu Kyi's National League for Democracy party, stands with his colleagues after he was released from Insein Prison, in Yangon, Myanmar, Wednesday, Jan. 4, 2023. (AP Photo)

ျမန္မာ့ဒီမိုကေရစီေရးရာ အစီအစဥ္ကေန ႀကိဳဆိုပါတယ္။ က်မအင္ၾကင္းႏိုင္ပါ။ ဒီတပတ္အတြက္ ဇန္နဝါရီလ (၄)ရက္ လြတ္လပ္ေရးေန႔က လြတ္ၿငိမ္းခ်မ္းသာနဲ႔ လြတ္ေျမာက္လာတဲ့ စာေရးဆရာထင္လင္းဦးနဲ႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

"အဲဒီမွာ အသက္ (၁၉) (၂၀) စသည္ျဖင့္ ကေလးေတြက ဆရာတို႔ လြတ္သြားတာကို ဝမ္းသာတယ္ဆိုၿပီးေတာ့ က်ေနာ္တိုိ႔ကို ႏႈတ္ဆက္ၾကတယ္္။ ဆရာတို႔ လြတ္သြားတာကို ဝမ္းသာတယ္လို႔ ေျပာတဲ့ သူတို႔ေတြရဲ ႔ မ်က္လံုးေတြထဲမွာ မ်က္ရည္ေတြဝိုင္းေနတယ္။ ေစာေစာက က်ေနာ္တို႔ တုိက္ထဲမွာ က်န္ေနခဲ့တဲ့ ကိုးေယာက္ရဲ ႔ မိသားစုေတြက ဆရာရယ္ က်မေမာင္၊ က်မေယာက်္ား၊ က်မအေဖ မပါဘူးလားလို႔ က်ေနာ္တုိိ႔ အျပင္ေရာက္တဲ့အခါ ေမးတဲ့အခါ က်ေနာ္ ဘယ္လိုေျဖရမလဲ။ သူတို႔ကေတာ့ ဘယ္ႏွစ္ႏွစ္က်န္ေသးလို႔။ သူတုိ႔ကေတာ့ ဘယ္စာရင္းထဲမွာ မပါလို႔ဆိုတာကို က်ေနာ္ ဘယ္လိုေျပာမလဲ။ ေနာက္ ဟိုကေလးေတြရဲ ႔ မိသားစုေတြက အျပင္ေရာက္လာတဲ့အခါ က်မသားေလး အခုထက္ထိ မလြတ္ေသးဘူးလား။ က်ေနာ့္သမီးေလး အခုထိ မလြတ္ေသးဘူးလား။ က်ေနာ္ ဘယ္လိုေျဖရမလဲ။ က်ေနာ္က ဒီေန႔ က်ေနာ္ကို ေထာင္ထဲက လႊတ္လိုက္တာကို ေပ်ာ္သလား။ ဆရာ ဘယ္လိုခံစားရသလဲလို႔ေမးရင္ က်ေနာ္ ရွက္တယ္။"

ဆရာထင္လင္းဦး အင္းစိန္အက်ဥ္းေထာင္က လြတ္လာတဲ့ေန႔ ဆက္သြယ္ေမးျမန္းခ်ိန္မွာ ေျပာဆိုသြားတာပါ။ သူ႔ကို စစ္အာဏာသိမ္းတဲ့ေန႔ ျဖစ္တဲ့ ၂၀၂၁ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႔ အေစာပိုင္းမွာ ေနအိမ္ကေန စစ္တပ္က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။ သူ႔လိုပဲတခ်ိန္တည္း ဖမ္းဆီးခံရသူေတြက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္ေတြ၊ အရပ္သားအစိုးရဝန္ႀကီးေတြ၊ ဒီမိုကေရစီေရးလႈပ္႐ွားေနသူေတြ၊ အႏုပညာ႐ွင္တခ်ိဳ႕လည္း ပါပါတယ္။ သူတို႔ကို အင္းစိန္ေရၾကည္အိမ္ စစ္ေၾကာေရးစခန္းမွာ ခ်ဳပ္ထားတာပါ။ မတ္လ ၁ ရက္ေန႔ အင္းစိန္ေထာင္ မပို႔ခင္ စစ္ေၾကာေရးကာလ ၇ ရက္တာ ၾကာျမင့္ခဲ့တဲ့ အေတြ႕အၾကဳံကို ဆရာထင္လင္းဦးက အခုလိုေျပာျပပါတယ္။

"အဲဒီမွာ ေျပာမယ္ဆိုရင္ ၁၀ ေပ - ၁၂ ေပေလာက္ရိွတဲ့ အခန္းထဲမွာ ထည့္္ထားတယ္။ က်ေနာ္တို႔ကို ေခၚထားတာကိုၾကည့္၊ ေအာက္မွာက ပိတ္စႀကိဳးနဲ႔ တထပ္စည္းထားတယ္။ ဆြဲေစ့လိုက္တယ္။ အဲဒါ ဘာလဲဆိုေတာ့ ဟိုမွာ ဓါးေတြဘာေတြ ေပါက္တဲ့အခါမွာ ဓါးေပါက္တဲ့လူရဲ ႔ မ်က္လံုးကို စည္းသလိုမ်ဳိး - အဝတ္စနဲ႔ binding လုပ္လာတယ္။ ၿပီးေတာ့ ေခါင္းကို အိတ္္နဲ႔စြပ္လိုက္တယ္။ ႀကိဳးေပးတဲ့လူကို စြပ္သလိုမ်ဳိး။ ဆိုေတာ့ အဲဒါၿပီေတာ့ လက္ကို လက္ထိပ္ခတ္ထားတယ္။ လမ္းေလွ်ာက္ဖို႔ေတာင္ အဆင္မေျပဘူး။ အဲဒီမွာ သြားၿပီးေတာ့ အစစ္ခံရတယ္။"

ဆရာထင္လင္းဦးဟာ ၂၀၁၄ ခုႏွစ္မွာ မဘသ ဘုန္းႀကီးေတြကို ေဝဖန္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ (၂) ႏွစ္ ခ်မွတ္ခံခဲ့ၿပီး ၂၀၁၆ ခုႏွစ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရလက္ထက္မွာ ျပန္လည္လြတ္ေျမာက္ခဲ့တာပါ။ ဒီတႀကိမ္ ေထာင္တြင္းျဖတ္သန္းခ်ိန္မွာ အခက္အခဲဆုံးကာလကို ဆရာထင္လင္းဦး က အခုလို ေျပာျပပါတယ္။

"ကိုဗစ္လိႈင္းေတြ တအားျမွင့္လာတဲ့အခ်ိန္္ကာလ။ ကိုဗစ္လိႈင္းေတြက ၂၀၂၁ ရွစ္လပိုင္းေလာက္မွာ အရမ္းဆိုးေနၿပီ။ အရမ္းဆိုးေနတဲ့အခါၾကေတာ့ ဘာျဖစ္လဲဆိုေတာ့ အဲဒီရက္အတြင္းမွာ ေဆးခန္းသြားျပတဲ့လူေတြ ရိွတယ္။ ေဆးခန္းသြားျပတဲ့လူေတြ။ ႏွာေစး၊ ေခ်ာင္းဆိုးတဲ့ လူေတြအကုန္လံုးကို ကိုဗစ္ သံသယနဲ႔ အေဆာင္တေဆာင္ထဲမွာ အကုန္လံုးေရာထားလိုက္တယ္။ စုၿပံဳးထားလိုက္ေတာ့ က်ေနာ္တို႔က စိုးရိမ္ရၿပီေလ။ ဘာစိုးရိမ္ရလဲဆိုေတာ့ တကယ္ျဖစ္တဲ့လူ ဘယ္ႏွစ္ေယာက္ ရိွလဲ။ မျဖစ္တဲ့လူက ဘယ္ႏွစ္ေယာက္လဲ။ ေရာထားလိုက္မွ မျဖစ္တဲ့လူေတြက ကူးကုန္မွာေပါ့။ ကိုဗစ္နဲ႔ ပတ္သက္တဲ့ အသံုးအေဆာင္ပစၥည္းေတြက မရိွဘူး။ ဥပမာ Mask မလံုေလာက္ဘူး။ မလံုေလာက္တာ မဟုတ္ဘူး၊ မရိွဘူး။ အဲဒီေတာ့ ေထာင္ထဲကေနၿပီေတာ့ တရားရံုးကို ထြက္သြားတယ္၊ ျပန္ဝင္မယ္။ ဘယ္မွာလဲ Mask, ဘယ္မွာလဲ လက္အိတ္၊ ဘယ္မွာလဲ လက္ေဆးတဲ့ ဆပ္ျပာ။ လက္ေဆးတဲ့ဆပ္ျပာအရည္။ က်ေနာ္တို႔ အကုန္လံုး မွာယူရတယ္။ က်ေနာ္တုိ႔က ဘာေက်းဇူးတင္ရသလဲဆိုေတာ့ - ရွာက်န္ၿပီး ေက်းဇူးတင္မယ္ေနာ္ - က်ေနာ္တို႔ အဲဒီလို ကိုယ့္မိသားစုေတြ၊ ကိုယ္နဲ႔ပတ္သက္တဲ့ လူေတြဆီက အလွဴခံၿပီး သြင္းတဲ့ပစၥည္းေတြကို လက္ခံေပးတာကိုက က်ေနာ္တို႔က ေက်းဇူးတင္ရေသးတယ္။ က်ေနာ္တိုိ႔ ဘာလုပ္ရသလဲဆိုေတာ့ အေပၚကေန surgical gown ဝတ္ရတယ္။ မ်က္ႏွာမွာ mask တပ္ရတယ္။ ေခါင္းမွာ head cover ဝတ္ရတယ္။ တခါသံုးလက္အိတ္ေတြ စြပ္ရတယ္။ အဲဒီလို က်ေနာ္တို႔ ေနပူႀကီးထဲ ထြက္ရတယ္။"

ဆရာတို႔ ေထာင္ထဲမွာ ရိွေနတဲ့အခ်ိန္မွာ ႏွစ္ေပါင္း (၃၀) အတြင္း ပထမဦးဆံုးအႀကိမ္ ႀကိဳးေပးသတ္ခဲ့တဲ့ ကိစၥေတြ ျဖစ္ခဲ့တယ္။ အထူးသျဖင့္ ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္နဲ႔ ေနာက္ထပ္ႏွစ္ဦး။ ဆရာတို႔ အဲဒီသတင္းကို ဘယ္လိုသိရလဲ။ ဆရာတို႔ အဲဒီသတင္း သိရခ်ိန္မွာ ဆရာ့ရဲ ႔ ခံစားခ်က္ ဘယ္လိုရိွလဲ အဲဒီအခ်ိန္မွာ။

"အဲဒီသတင္း သိသိခ်င္းေတာ့ လူက ရူးသြားတာေပါ့။ ဘာလုပ္လို႔ လုပ္ရမွန္းမသိ။ ဘယ္လိုလုပ္သိသလဲ ဆိုရင္ေတာ့ သတင္းစာထဲမွာ သိတာ။ သတင္းစာရွင္းလင္းပြဲမွာ သိတာေပါ့။ သတင္းစာရွင္းလင္းပြဲ သတင္းစာကို က်ေနာ္တို႔ ဖတ္ရတယ္။ ဂ်င္မီနဲ႔ ေဇယ်ာေသာ္ကို လုပ္လိုက္တယ္။ ဒါေပမဲ့ တခုရိွတာက အဲဒီရက္မွာ ထူးထူးျခားျခား ေထာင္ထဲမွာ ဘာလုပ္လဲဆိုေတာ့ တရားဖြင့္တယ္၊ အသံခ်ဲ ႔စက္ဖြင့္တယ္။ အက်ယ္ႀကီး။ ထူးတယ္ဆိုတာေတာ့ သိတယ္။ ေျပာမယ္ဆိုရင္ အဲဒါကို မေျပာျပတတ္ဘူး။ အသံေတြက တအားက်ယ္ေနတယ္။ ေရဒီယိုအသံ ဖြင့္ထားသလိုမ်ဳိး၊ အသံခ်ဲ ႔စက္ ဖြင့္ထားတာမ်ဳိး အသံအက်ယ္ႀကီး ၾကားရတယ္။ ဒါေပမဲ့ တခုခုျဖစ္တယ္၊ ထူးတယ္လို႔ေတာ့ သိတယ္။ ဒါေပမဲ့ ဘာလဲဆိုတာေတာ့ က်ေနာ္တို႔ မသိဘူး။ က်ေနာ္တိုိ႔ သိလိုက္တာက သတင္းစာရွင္းလင္းပြဲအေၾကာင္း သတင္းစာထဲမွာ ပါလာတဲ့အခ်ိန္မွာ သိရတယ္။ ဘာသိလဲဆိုေတာ့ ဒီလိုဒီလို လုပ္လိုက္တယ္။ ဘာေၾကာင့္လုပ္တယ္။ ဘာျဖစ္တယ္ ညာျဖစ္တယ္ ေျပာတယ္။ က်ေနာ့္အျမင္နဲ႔ ဘယ္လိုမွ လက္ခံႏိုင္စရာ မရိ်တဲ့ကိစၥ။ တရားစီရင္မႈဆိုတဲ့ကိစၥ။ တရားစီရင္မႈဆိုတာက စြပ္စြဲသူရယ္၊ စြပ္စြဲခံရသူရယ္၊ တရားဆံုးျဖတ္မယ့္သူရယ္ဆိုၿပီး ရိွရမယ္။ ၿပီးေတာ့ အဲဒီစြပ္စြဲတဲ့ကိစၥက အမ်ားျပည္သူရဲ ႔ ေရွ ႔ေမွာက္မွာ ျဖစ္ရမယ္။ က်ေနာ္က အဲဒီအထဲမွာ အမ်ားျပည္သူရဲ ႔ ေရွ ႔ေမွာက္မွာ စစ္ေဆးမႈဆုိတဲ့ကိစၥမွာ ခ်ဴိ ႕ယြင္းေနတယ္လို႔ ျမင္တယ္။ ၿပီးေတာ့ ဒီေသဒဏ္ကို ေပးလိုက္တယ္ဆိုတဲ့ကိစၥက အာဏာထိန္းသိမ္းမယ္ဆိုတဲ့ အစိုးရတရပ္။ ေျပာမယ္ဆိုရင္ Short-term government တခုရဲ ႔ လက္ထက္မွာ လုပ္သြားဖို႔ လိုအပ္လို႔လား။ အယူခံခြင့္ဆိုတဲ့ ကိစၥေတြေကာ ဒါမွမဟုတ္ ... တခုခုေပါ့။ Legally အဲဒါေတြကို ေစာင့္ဆိုင္းဖုိ႔အတြက္ အခ်ိန္မေပးႏိုင္ဘူးလား။ ဒါေပမဲ့ က်ေနာ္ အခုေျပာေနတာ က်ေနာ့္ခံစားခ်က္ကိုပဲ ေျပာတာ။ က်ေနာ္ ေသခ်ာ အေၾကာင္းအရာေတြကို မသိဘူး။ ဒါေပမဲ့ က်ေနာ္ စိတ္ထဲမေကာင္းဘူး။ စိတ္ထဲမေကာင္းတာ နာမည္မတပ္နဲ႔ ဂ်င္မီနဲ႔ ၿဖိဳေဇယ်ာေသာ္တို႔ ကိစၥေၾကာင့္ မဟုတ္ဘူး၊ ဒီလူေတြက က်ေနာ္နဲ႔ အင္မတန္ ရင္းႏီွးခင္မင္တယ္။ ပုဂၢိဳလ္စြဲလို႔ ထင္ႏိုင္တယ္။ တျခားလူေတြ ျဖစ္ရင္လဲ၊ က်ေနာ္ အဲဒီအတိုင္းပဲ ခံစားရမွာပဲ။"

အဲဒီေတာ့ ဆရာကိုစြဲတဲ့ ပုဒ္မနဲ႔ ဆရာေထာင္တြင္းမွာ တရားစီရင္ေရး ျဖတ္သန္းခဲ့ရတဲ့ အေတြ႔အႀကံဳေတြကို ေျပာျပပါအံုးရွင့္။

"တရားစီရင္ေရးကေတာ့ ေျပာမယ္ဆုိရင္ ျပႆနာက ဘာလဲဆိုေတာ့ စာဖတ္ၾကတာပဲ။ အဲဒါ မဟုတ္လဲ က်ေနာ္တို႔မွာ ျငင္းလို႔မရဘူး။ မဟုတ္ပါဘူးလို႔ ေျပာတယ္။ ေစာေစာက က်ေနာ္ ေျပာသလို ခင္မ်ားတိုိ႔ က်ေနာ့္ကို လာဖမ္းတာ ေဖေဖၚဝါရီလ (၁) ရက္ေန႔။ ခင္မ်ားတို႔ဆြဲတဲ့ ပုဒ္မက ေဖေဖၚဝါရီလ (၁) ရက္ေန႔ ေနာက္ပိုင္းက်မွ ထုတ္တဲ့ပုဒ္မ ဥပေဒ။ အဲဒီလို ဆြဲလို႔ရသလားလို႔ က်ေနာ္ ေမးတယ္။ မဟုတ္ဘူး က်ေနာ့္ ဗီဒီယိုဖိုင္က အခုထက္ထိ ရိွေနလို႔။ အဲဒါက တရားဝင္မွတ္တမ္းမွာ ရိွလား၊ မရိွဘူးလား က်ေနာ္ မသိဘူး။ ဒါေပမဲ့ ရိွမယ္ထင္ပါတယ္။ ေနာက္ၿပီေတာ့ က်ေနာ္ေျပာတာ ဦးထင္လင္းဦးက ဗီဒီယို Live လႊင့္ခဲ့တဲ့အတြက္ ဖမ္းဆီးခဲ့ပါတယ္။ က်ေနာ္ ခ်က္ခ်င္းထကန္႔ကြက္ခဲ့တယ္။ မဟုတ္ဘူး ဗီဒီယို Live လႊင့္လို႔ ခင္မ်ားတို႔ လာဖမ္းတာ မဟုတ္ဘူး။ ခင္မ်ားတို႔ လာဖမ္းလို႔ က်ဳပ္ ဗီဒီယို Live လႊင့္တာ။ ေျပာမယ္ဆိုရင္ ဒီျပႆနာကို စတာ ခင္မ်ားတို႔က အရင္လုပ္တာ။ ခင္မ်ားတို႔ အရင္လုပ္လို႔ က်ေနာ္ တံု႔ျပန္တာ။ ဒါေပမဲ့ ဘာျဖစ္လဲ။ မရဘူး။ က်ေနာ္တုိ႔က အဲဒါကို ဘယ္သူကို သက္ေသျပရအံုးမွာလဲ။ က်ေနာ္တုိ႔အေပၚမွာ အဲဒီလိုမ်ဳိး backage နဲ႔ ေနာက္ျပန္တရားစြဲဆိုပါတယ္လို႔ က်ေနာ္တို႔က ဘယ္သူကိုေျပာရမလဲ။ ဘယ္မွာလဲ က်ေနာ္တိုိ႔ဘက္ နားေထာင္ေပးမယ့္ အမ်ားျပည္သူ။ ဘယ္မွာလဲ က်ေနာ္တို႔ဘက္ကေန မွန္၏၊ မွား၏။ အျပစ္ရိွ၏၊ မရိွဘူးဆိုတာကို ဆံုးျဖတ္ေပးမယ့္ Jury ခံုအဖြဲ႔ ဘယ္မွာလဲ။ အခုက်ေတာ့ ဘာလဲဆိုေတာ့ စြဲဆိုတဲ့ တရားစြဲဆိုတဲ့ တရားလိုေရွ ႔ေနကလဲ ေျပာမယ္ဆိုရင္ လက္ရိွစစ္ေကာင္စီအစိုးရရဲ ႔ လက္ေအာက္မွာရိွတဲ့ တရားေရးအဖြဲ႔အစည္း၊ Jury မရိွဘူး။ တရားသူႀကီးဆုိတဲ့ အဖြဲ႔အစည္းကလည္း လက္ရိွ ဒီေအာက္္မွာပဲ ရိွတယ္။ ဘယ္မွာလဲ က်ေနာ္တို႔အတြက္ မွ်တတဲ့ တရားစီရင္ေရး။"

အဲဒီေတာ့ ဆရာကို အဓိက ခ်လိုက္တဲ့ပုဒ္မ။ ဘယ္ပုဒ္မ စြဲခ်က္တင္ၿပီး၊ ဘယ္အခ်ိန္ေလာက္မွာ ခ်လိုက္တာလဲ။

"က်ေနာ္ထင္တယ္ ရက္ေတြကေတာ့ ေသခ်ာမမွတ္မိေတာ့ဘူး။ မတ္ ၂၉ ေလာက္ ျဖစ္မယ္"

အဲဒီလို ခ်လိုက္ေတာ့ အဓိက ဘာပုဒ္မေတြ တပ္လဲ။

"ပုဒ္မ ၅၀၅-ဃ"

ဆရာ လြတ္လာၿပီဆိုေတာ့ အခုလို အေျခအေနမွာ အနာဂတ္အတြက္ကို ဘာေတြမ်ား လုပ္သြားမယ္လို႔ စဥ္းစားထားပါလဲရွင့္။

"က်ေနာ္ လုပ္မယ့္အလုပ္က၊ က်ေနာ္ အရင္လုပ္ေနတဲ့ အလုပ္ေတြပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီထက္လဲ ဘာမွတိမ္းေစာင္းေျပာင္းစရာ မရိွဘူး။ က်ေနာ္က ဒီလမ္းေၾကာင္းကို မေလွ်ာက္ခင္ကတည္းက ေျပာခဲ့သလုိပဲ၊ ငါ ေလွ်ာက္မယ့္လမ္းက မွန္ရဲ ႔လားလို႔ အၿမဲၾကည့္တယ္။ ငါ သြားမယ္လမ္းက မွန္ရဲ ႔လား။ က်ေနာ္ အၿမဲတမ္းၾကည့္တယ္။ မွန္ၿပီဆိုတဲ့အခ်ိန္မွာ က်ေနာ္ ေလွ်ာက္တယ္။ က်ေနာ္ မွန္ပါၿပီလို႔ ဆံုးျဖတ္ၿပီး ေလွ်ာက္တဲ့အခ်ိန္မွာ ျပန္လွည့္စရာကို မရိွတာ။ ေျပာခ်င္တာက က်ေနာ္ အခုလုပ္ေနတဲ့ကိစၥေတြက က်ေနာ့္ တဘဝတည္းအတြက္ လုပ္ေနတာ မဟုတ္ဘူး။ က်ေနာ့္သားနဲ႔ရြယ္တူ ကေလးေတြ၊ တႏိုင္ငံလံုးက က်ေနာ့္သားနဲ႔ရြယ္တူ ကေလးေတြ၊ က်ေနာ့္သားနဲ႔ရြယ္တူ ကေလးေတြက ေမြးလာမယ့္ ေနာက္ထပ္မ်ဳိးဆက္ Generation - သူတုိ႔ေတြ သူတုိ႔အိမ္မွာ စိတ္ခ်လက္ခ် အိပ္ၾကပါေစ။ ေနာက္ေန႔မနက္မွာ ငါတို႔ကို ဘယ္အာဏာသိမ္းတဲ့ အစိုးရက လာဖမ္းမလဲဆိုတဲ့ ခံစားခ်က္နဲ႔ အိပ္ေရးမပ်က္ၾကပါေစနဲ႔ အဲဒီအတြက္ က်ေနာ္ လုပ္ေနတယ္။ က်ေနာ္ ဆက္ေလွ်ာက္မယ့္လမ္းက လူတိုင္းလူတိုင္းသည္ လြတ္လပ္စြာ၊ ေျပာဆို၊ ေနထိုင္၊ ေရးသား၊ လုပ္ကိုင္၊ စားေသာက္၊ ယံုၾကည္ကိုးကြယ္၊ ေနထိုင္ပိုင္ခြင့္။ ကိုယ့္အိမ္မွာကိုယ္ စိတ္ေအးခ်မ္းသာစြာ ဘယ္အစိုးရဆုိတဲ့ လူေတြရဲ ႔ ဖမ္းဆီးျခင္း၊ ထိန္းသိမ္းျခင္း ဆိုတာေတြကိုမွ စိုးရိမ္စရာ မလိုဘဲနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏိုင္တဲ့ဘဝ ေနႏုိင္ၾကဖို႔အတြက္ က်ေနာ္ ႀကိဳးစားခဲ့ပါတယ္။ အခုလည္း ႀကိဳးစားပါမယ္။ ေနာင္လည္း ႀကိဳးစားပါမယ္။"

ဆရာထင္လင္းဦး ေျပာသြားသလိုပါပဲ ျမန္မာျပည္သူအားလုံး ဖိႏွိပ္အုပ္ခ်ဳပ္မႈေအာက္ကေန လြတ္ေျမာက္ႏိုင္ၾကပါေစ။ ေနာက္တပတ္မွာေတာ့ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ၂၀၂၂ ခုႏွစ္အတြင္း အဆိုး႐ြားဆုံးျဖစ္ရပ္ေတြထဲက၊ လက္ယက္ကုန္း စာသင္ေက်ာင္းကို စစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားတဲ့ (၇) တန္း ေက်ာင္းသားတဦးရဲ႕ ဖခင္ျဖစ္သူ ရင္တြင္းေျပာၾကားခ်က္ေတြကို နားဆင္ရမွာပါ။ ျမန္မာ့ဒီမိုကေရစီေရးရာ အစီအစဥ္ကို နားဆင္တဲ့အတြက္ေက်းဇူးပါ။ က်မ အင္ၾကင္းႏိုင္ပါ႐ွင္။

===== Unicode =====

မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျမအင်ကြင်းနိုင်ပါ။ ဒီတပတ်အတွက် ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်လာတဲ့ စာရေးဆရာထင်လင်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

"အဲဒီမှာ အသက် (၁၉) (၂၀) စသည်ဖြင့် ကလေးတွေက ဆရာတို့ လွတ်သွားတာကို ဝမ်းသာတယ်ဆိုပြီးတော့ ကျနော်တိို့ကို နှုတ်ဆက်ကြတယ်။ ဆရာတို့ လွတ်သွားတာကို ဝမ်းသာတယ်လို့ ပြောတဲ့ သူတို့တွေရဲ့ မျက်လုံးတွေထဲမှာ မျက်ရည်တွေဝိုင်းနေတယ်။ စောစောက ကျနော်တို့ တိုက်ထဲမှာ ကျန်နေခဲ့တဲ့ ကိုးယောက်ရဲ့ မိသားစုတွေက ဆရာရယ် ကျမမောင်၊ ကျမယောက်ျား၊ ကျမအဖေ မပါဘူးလားလို့ ကျနော်တို့ အပြင်ရောက်တဲ့အခါ မေးတဲ့အခါ ကျနော် ဘယ်လိုဖြေရမလဲ။ သူတို့ကတော့ ဘယ်နှစ်နှစ်ကျန်သေးလို့။ သူတို့ကတော့ ဘယ်စာရင်းထဲမှာ မပါလို့ဆိုတာကို ကျနော် ဘယ်လိုပြောမလဲ။ နောက် ဟိုကလေးတွေရဲ့ မိသားစုတွေက အပြင်ရောက်လာတဲ့အခါ ကျမသားလေး အခုထက်ထိ မလွတ်သေးဘူးလား။ ကျနော့်သမီးလေး အခုထိ မလွတ်သေးဘူးလား။ ကျနော် ဘယ်လိုဖြေရမလဲ။ ကျနော်က ဒီနေ့ ကျနော်ကို ထောင်ထဲက လွှတ်လိုက်တာကို ပျော်သလား။ ဆရာ ဘယ်လိုခံစားရသလဲလို့မေးရင် ကျနော် ရှက်တယ်။"

ဆရာထင်လင်းဦး အင်းစိန်အကျဉ်းထောင်က လွတ်လာတဲ့နေ့ ဆက်သွယ်မေးမြန်းချိန်မှာ ပြောဆိုသွားတာပါ။ သူ့ကို စစ်အာဏာသိမ်းတဲ့နေ့ ဖြစ်တဲ့ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အစောပိုင်းမှာ နေအိမ်ကနေ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ သူ့လိုပဲတချိန်တည်း ဖမ်းဆီးခံရသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အရပ်သားအစိုးရဝန်ကြီးတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေ၊ အနုပညာရှင်တချို့လည်း ပါပါတယ်။ သူတို့ကို အင်းစိန်ရေကြည်အိမ် စစ်ကြောရေးစခန်းမှာ ချုပ်ထားတာပါ။ မတ်လ ၁ ရက်နေ့ အင်းစိန်ထောင် မပို့ခင် စစ်ကြောရေးကာလ ၇ ရက်တာ ကြာမြင့်ခဲ့တဲ့ အတွေ့အကြုံကို ဆရာထင်လင်းဦးက အခုလိုပြောပြပါတယ်။

"အဲဒီမှာ ပြောမယ်ဆိုရင် ၁၀ ပေ - ၁၂ ပေလောက်ရှိတဲ့ အခန်းထဲမှာ ထည့််ထားတယ်။ ကျနော်တို့ကို ခေါ်ထားတာကိုကြည့်၊ အောက်မှာက ပိတ်စကြိုးနဲ့ တထပ်စည်းထားတယ်။ ဆွဲစေ့လိုက်တယ်။ အဲဒါ ဘာလဲဆိုတော့ ဟိုမှာ ဓါးတွေဘာတွေ ပေါက်တဲ့အခါမှာ ဓါးပေါက်တဲ့လူရဲ့ မျက်လုံးကို စည်းသလိုမျိုး - အဝတ်စနဲ့ binding လုပ်လာတယ်။ ပြီးတော့ ခေါင်းကို အိတ်နဲ့စွပ်လိုက်တယ်။ ကြိုးပေးတဲ့လူကို စွပ်သလိုမျိုး။ ဆိုတော့ အဲဒါပြီတော့ လက်ကို လက်ထိပ်ခတ်ထားတယ်။ လမ်းလျှောက်ဖို့တောင် အဆင်မပြေဘူး။ အဲဒီမှာ သွားပြီးတော့ အစစ်ခံရတယ်။"

ဆရာထင်လင်းဦးဟာ ၂၀၁၄ ခုနှစ်မှာ မဘသ ဘုန်းကြီးတွေကို ဝေဖန်ခဲ့တဲ့အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ပြီး ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ ဒီတကြိမ် ထောင်တွင်းဖြတ်သန်းချိန်မှာ အခက်အခဲဆုံးကာလကို ဆရာထင်လင်းဦး က အခုလို ပြောပြပါတယ်။

"ကိုဗစ်လှိုင်းတွေ တအားမြှင့်လာတဲ့အချိန်ကာလ။ ကိုဗစ်လှိုင်းတွေက ၂၀၂၁ ရှစ်လပိုင်းလောက်မှာ အရမ်းဆိုးနေပြီ။ အရမ်းဆိုးနေတဲ့အခါကြတော့ ဘာဖြစ်လဲဆိုတော့ အဲဒီရက်အတွင်းမှာ ဆေးခန်းသွားပြတဲ့လူတွေ ရှိတယ်။ ဆေးခန်းသွားပြတဲ့လူတွေ။ နှာစေး၊ ချောင်းဆိုးတဲ့ လူတွေအကုန်လုံးကို ကိုဗစ် သံသယနဲ့ အဆောင်တဆောင်ထဲမှာ အကုန်လုံးရောထားလိုက်တယ်။ စုပြုံးထားလိုက်တော့ ကျနော်တို့က စိုးရိမ်ရပြီလေ။ ဘာစိုးရိမ်ရလဲဆိုတော့ တကယ်ဖြစ်တဲ့လူ ဘယ်နှစ်ယောက် ရှိလဲ။ မဖြစ်တဲ့လူက ဘယ်နှစ်ယောက်လဲ။ ရောထားလိုက်မှ မဖြစ်တဲ့လူတွေက ကူးကုန်မှာပေါ့။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေက မရှိဘူး။ ဥပမာ Mask မလုံလောက်ဘူး။ မလုံလောက်တာ မဟုတ်ဘူး၊ မရှိဘူး။ အဲဒီတော့ ထောင်ထဲကနေပြီတော့ တရားရုံးကို ထွက်သွားတယ်၊ ပြန်ဝင်မယ်။ ဘယ်မှာလဲ Mask, ဘယ်မှာလဲ လက်အိတ်၊ ဘယ်မှာလဲ လက်ဆေးတဲ့ ဆပ်ပြာ။ လက်ဆေးတဲ့ဆပ်ပြာအရည်။ ကျနော်တို့ အကုန်လုံး မှာယူရတယ်။ ကျနော်တို့က ဘာကျေးဇူးတင်ရသလဲဆိုတော့ - ရှာကျန်ပြီး ကျေးဇူးတင်မယ်နော် - ကျနော်တို့ အဲဒီလို ကိုယ့်မိသားစုတွေ၊ ကိုယ်နဲ့ပတ်သက်တဲ့ လူတွေဆီက အလှူခံပြီး သွင်းတဲ့ပစ္စည်းတွေကို လက်ခံပေးတာကိုက ကျနော်တို့က ကျေးဇူးတင်ရသေးတယ်။ ကျနော်တိို့ ဘာလုပ်ရသလဲဆိုတော့ အပေါ်ကနေ surgical gown ဝတ်ရတယ်။ မျက်နှာမှာ mask တပ်ရတယ်။ ခေါင်းမှာ head cover ဝတ်ရတယ်။ တခါသုံးလက်အိတ်တွေ စွပ်ရတယ်။ အဲဒီလို ကျနော်တို့ နေပူကြီးထဲ ထွက်ရတယ်။"

ဆရာတို့ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ နှစ်ပေါင်း (၃၀) အတွင်း ပထမဦးဆုံးအကြိမ် ကြိုးပေးသတ်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်နဲ့ နောက်ထပ်နှစ်ဦး။ ဆရာတို့ အဲဒီသတင်းကို ဘယ်လိုသိရလဲ။ ဆရာတို့ အဲဒီသတင်း သိရချိန်မှာ ဆရာ့ရဲ့ ခံစားချက် ဘယ်လိုရှိလဲ အဲဒီအချိန်မှာ။

"အဲဒီသတင်း သိသိချင်းတော့ လူက ရူးသွားတာပေါ့။ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ဘယ်လိုလုပ်သိသလဲ ဆိုရင်တော့ သတင်းစာထဲမှာ သိတာ။ သတင်းစာရှင်းလင်းပွဲမှာ သိတာပေါ့။ သတင်းစာရှင်းလင်းပွဲ သတင်းစာကို ကျနော်တို့ ဖတ်ရတယ်။ ဂျင်မီနဲ့ ဇေယျာသော်ကို လုပ်လိုက်တယ်။ ဒါပေမဲ့ တခုရှိတာက အဲဒီရက်မှာ ထူးထူးခြားခြား ထောင်ထဲမှာ ဘာလုပ်လဲဆိုတော့ တရားဖွင့်တယ်၊ အသံချဲ့စက်ဖွင့်တယ်။ အကျယ်ကြီး။ ထူးတယ်ဆိုတာတော့ သိတယ်။ ပြောမယ်ဆိုရင် အဲဒါကို မပြောပြတတ်ဘူး။ အသံတွေက တအားကျယ်နေတယ်။ ရေဒီယိုအသံ ဖွင့်ထားသလိုမျိုး၊ အသံချဲ့စက် ဖွင့်ထားတာမျိုး အသံအကျယ်ကြီး ကြားရတယ်။ ဒါပေမဲ့ တခုခုဖြစ်တယ်၊ ထူးတယ်လို့တော့ သိတယ်။ ဒါပေမဲ့ ဘာလဲဆိုတာတော့ ကျနော်တို့ မသိဘူး။ ကျနော်တိို့ သိလိုက်တာက သတင်းစာရှင်းလင်းပွဲအကြောင်း သတင်းစာထဲမှာ ပါလာတဲ့အချိန်မှာ သိရတယ်။ ဘာသိလဲဆိုတော့ ဒီလိုဒီလို လုပ်လိုက်တယ်။ ဘာကြောင့်လုပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတယ်။ ကျနော့်အမြင်နဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရျိတဲ့ကိစ္စ။ တရားစီရင်မှုဆိုတဲ့ကိစ္စ။ တရားစီရင်မှုဆိုတာက စွပ်စွဲသူရယ်၊ စွပ်စွဲခံရသူရယ်၊ တရားဆုံးဖြတ်မယ့်သူရယ်ဆိုပြီး ရှိရမယ်။ ပြီးတော့ အဲဒီစွပ်စွဲတဲ့ကိစ္စက အများပြည်သူရဲ့ ရှေ့မှောက်မှာ ဖြစ်ရမယ်။ ကျနော်က အဲဒီအထဲမှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးမှုဆိုတဲ့ကိစ္စမှာ ချိူ့ယွင်းနေတယ်လို့ မြင်တယ်။ ပြီးတော့ ဒီသေဒဏ်ကို ပေးလိုက်တယ်ဆိုတဲ့ကိစ္စက အာဏာထိန်းသိမ်းမယ်ဆိုတဲ့ အစိုးရတရပ်။ ပြောမယ်ဆိုရင် Short-term government တခုရဲ့ လက်ထက်မှာ လုပ်သွားဖို့ လိုအပ်လို့လား။ အယူခံခွင့်ဆိုတဲ့ ကိစ္စတွေကော ဒါမှမဟုတ် ... တခုခုပေါ့။ Legally အဲဒါတွေကို စောင့်ဆိုင်းဖို့အတွက် အချိန်မပေးနိုင်ဘူးလား။ ဒါပေမဲ့ ကျနော် အခုပြောနေတာ ကျနော့်ခံစားချက်ကိုပဲ ပြောတာ။ ကျနော် သေချာ အကြောင်းအရာတွေကို မသိဘူး။ ဒါပေမဲ့ ကျနော် စိတ်ထဲမကောင်းဘူး။ စိတ်ထဲမကောင်းတာ နာမည်မတပ်နဲ့ ဂျင်မီနဲ့ ဖြိုဇေယျာသော်တို့ ကိစ္စကြောင့် မဟုတ်ဘူး၊ ဒီလူတွေက ကျနော်နဲ့ အင်မတန် ရင်းနှီးခင်မင်တယ်။ ပုဂ္ဂိုလ်စွဲလို့ ထင်နိုင်တယ်။ တခြားလူတွေ ဖြစ်ရင်လဲ၊ ကျနော် အဲဒီအတိုင်းပဲ ခံစားရမှာပဲ။"

အဲဒီတော့ ဆရာကိုစွဲတဲ့ ပုဒ်မနဲ့ ဆရာထောင်တွင်းမှာ တရားစီရင်ရေး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါအုံးရှင့်။

"တရားစီရင်ရေးကတော့ ပြောမယ်ဆိုရင် ပြဿနာက ဘာလဲဆိုတော့ စာဖတ်ကြတာပဲ။ အဲဒါ မဟုတ်လဲ ကျနော်တို့မှာ ငြင်းလို့မရဘူး။ မဟုတ်ပါဘူးလို့ ပြောတယ်။ စောစောက ကျနော် ပြောသလို ခင်များတိို့ ကျနော့်ကို လာဖမ်းတာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့။ ခင်များတို့ဆွဲတဲ့ ပုဒ်မက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းကျမှ ထုတ်တဲ့ပုဒ်မ ဥပဒေ။ အဲဒီလို ဆွဲလို့ရသလားလို့ ကျနော် မေးတယ်။ မဟုတ်ဘူး ကျနော့် ဗီဒီယိုဖိုင်က အခုထက်ထိ ရှိနေလို့။ အဲဒါက တရားဝင်မှတ်တမ်းမှာ ရှိလား၊ မရှိဘူးလား ကျနော် မသိဘူး။ ဒါပေမဲ့ ရှိမယ်ထင်ပါတယ်။ နောက်ပြီတော့ ကျနော်ပြောတာ ဦးထင်လင်းဦးက ဗီဒီယို Live လွှင့်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ ကျနော် ချက်ချင်းထကန့်ကွက်ခဲ့တယ်။ မဟုတ်ဘူး ဗီဒီယို Live လွှင့်လို့ ခင်များတို့ လာဖမ်းတာ မဟုတ်ဘူး။ ခင်များတို့ လာဖမ်းလို့ ကျုပ် ဗီဒီယို Live လွှင့်တာ။ ပြောမယ်ဆိုရင် ဒီပြဿနာကို စတာ ခင်များတို့က အရင်လုပ်တာ။ ခင်များတို့ အရင်လုပ်လို့ ကျနော် တုံ့ပြန်တာ။ ဒါပေမဲ့ ဘာဖြစ်လဲ။ မရဘူး။ ကျနော်တို့က အဲဒါကို ဘယ်သူကို သက်သေပြရအုံးမှာလဲ။ ကျနော်တို့အပေါ်မှာ အဲဒီလိုမျိုး backage နဲ့ နောက်ပြန်တရားစွဲဆိုပါတယ်လို့ ကျနော်တို့က ဘယ်သူကိုပြောရမလဲ။ ဘယ်မှာလဲ ကျနော်တိို့ဘက် နားထောင်ပေးမယ့် အများပြည်သူ။ ဘယ်မှာလဲ ကျနော်တို့ဘက်ကနေ မှန်၏၊ မှား၏။ အပြစ်ရှိ၏၊ မရှိဘူးဆိုတာကို ဆုံးဖြတ်ပေးမယ့် Jury ခုံအဖွဲ့ ဘယ်မှာလဲ။ အခုကျတော့ ဘာလဲဆိုတော့ စွဲဆိုတဲ့ တရားစွဲဆိုတဲ့ တရားလိုရှေ့နေကလဲ ပြောမယ်ဆိုရင် လက်ရှိစစ်ကောင်စီအစိုးရရဲ့ လက်အောက်မှာရှိတဲ့ တရားရေးအဖွဲ့အစည်း၊ Jury မရှိဘူး။ တရားသူကြီးဆိုတဲ့ အဖွဲ့အစည်းကလည်း လက်ရှိ ဒီအောက်မှာပဲ ရှိတယ်။ ဘယ်မှာလဲ ကျနော်တို့အတွက် မျှတတဲ့ တရားစီရင်ရေး။"

အဲဒီတော့ ဆရာကို အဓိက ချလိုက်တဲ့ပုဒ်မ။ ဘယ်ပုဒ်မ စွဲချက်တင်ပြီး၊ ဘယ်အချိန်လောက်မှာ ချလိုက်တာလဲ။

"ကျနော်ထင်တယ် ရက်တွေကတော့ သေချာမမှတ်မိတော့ဘူး။ မတ် ၂၉ လောက် ဖြစ်မယ်"

အဲဒီလို ချလိုက်တော့ အဓိက ဘာပုဒ်မတွေ တပ်လဲ။

"ပုဒ်မ ၅၀၅-ဃ"

ဆရာ လွတ်လာပြီဆိုတော့ အခုလို အခြေအနေမှာ အနာဂတ်အတွက်ကို ဘာတွေများ လုပ်သွားမယ်လို့ စဉ်းစားထားပါလဲရှင့်။

"ကျနော် လုပ်မယ့်အလုပ်က၊ ကျနော် အရင်လုပ်နေတဲ့ အလုပ်တွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီထက်လဲ ဘာမှတိမ်းစောင်းပြောင်းစရာ မရှိဘူး။ ကျနော်က ဒီလမ်းကြောင်းကို မလျှောက်ခင်ကတည်းက ပြောခဲ့သလိုပဲ၊ ငါ လျှောက်မယ့်လမ်းက မှန်ရဲ့လားလို့ အမြဲကြည့်တယ်။ ငါ သွားမယ်လမ်းက မှန်ရဲ့လား။ ကျနော် အမြဲတမ်းကြည့်တယ်။ မှန်ပြီဆိုတဲ့အချိန်မှာ ကျနော် လျှောက်တယ်။ ကျနော် မှန်ပါပြီလို့ ဆုံးဖြတ်ပြီး လျှောက်တဲ့အချိန်မှာ ပြန်လှည့်စရာကို မရှိတာ။ ပြောချင်တာက ကျနော် အခုလုပ်နေတဲ့ကိစ္စတွေက ကျနော့် တဘဝတည်းအတွက် လုပ်နေတာ မဟုတ်ဘူး။ ကျနော့်သားနဲ့ရွယ်တူ ကလေးတွေ၊ တနိုင်ငံလုံးက ကျနော့်သားနဲ့ရွယ်တူ ကလေးတွေ၊ ကျနော့်သားနဲ့ရွယ်တူ ကလေးတွေက မွေးလာမယ့် နောက်ထပ်မျိုးဆက် Generation - သူတို့တွေ သူတို့အိမ်မှာ စိတ်ချလက်ချ အိပ်ကြပါစေ။ နောက်နေ့မနက်မှာ ငါတို့ကို ဘယ်အာဏာသိမ်းတဲ့ အစိုးရက လာဖမ်းမလဲဆိုတဲ့ ခံစားချက်နဲ့ အိပ်ရေးမပျက်ကြပါစေနဲ့ အဲဒီအတွက် ကျနော် လုပ်နေတယ်။ ကျနော် ဆက်လျှောက်မယ့်လမ်းက လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ၊ ပြောဆို၊ နေထိုင်၊ ရေးသား၊ လုပ်ကိုင်၊ စားသောက်၊ ယုံကြည်ကိုးကွယ်၊ နေထိုင်ပိုင်ခွင့်။ ကိုယ့်အိမ်မှာကိုယ် စိတ်အေးချမ်းသာစွာ ဘယ်အစိုးရဆိုတဲ့ လူတွေရဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း ဆိုတာတွေကိုမှ စိုးရိမ်စရာ မလိုဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တဲ့ဘဝ နေနိုင်ကြဖို့အတွက် ကျနော် ကြိုးစားခဲ့ပါတယ်။ အခုလည်း ကြိုးစားပါမယ်။ နောင်လည်း ကြိုးစားပါမယ်။"

ဆရာထင်လင်းဦး ပြောသွားသလိုပါပဲ မြန်မာပြည်သူအားလုံး ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်ကြပါစေ။ နောက်တပတ်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ရပ်တွေထဲက၊ လက်ယက်ကုန်း စာသင်ကျောင်းကို စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ (၇) တန်း ကျောင်းသားတဦးရဲ့ ဖခင်ဖြစ်သူ ရင်တွင်းပြောကြားချက်တွေကို နားဆင်ရမှာပါ။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကို နားဆင်တဲ့အတွက်ကျေးဇူးပါ။ ကျမ အင်ကြင်းနိုင်ပါရှင်။

XS
SM
MD
LG