သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး တိုးတက်မှု ၈% ကျော် ရှိနိုင်မလား


မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ လာမယ့် ၂ နှစ်အတွင်း ၈% ကျော် ရှိမယ်လို့ ADB - အာရှ ဖွံဖြိုးရေးဘဏ်က သုံးသပ်ချက် ထုတ်ပြန်လိုက်တာဟာ အကောင်းမြင်လွန်းတဲ့ သုံးသပ်ချက်ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် Sean Turnell က ပြောပါတယ်။ ADB ရဲ့ သုံးသပ်ချက်ဟာ လက်တွေ့ ဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေနဲ့ ကွာဟမှု သိပ်မရှိလှပေမယ့်လည်း အစိုးရအသုံးစရိန် ကြီးမားပြီး ဘတ်ဂျက် လိုငွေပြမှုတွေ ရှိနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ADB ရဲ့ သုံးသပ်ချက်အပေါ် ပါမောက္ခ Sean Turnell ရဲ့ တုန့်ပြန်ချက်တွေကို အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG