သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကြားဖြတ် ရွေးကောက်ပွဲ ကနဦးရလဒ်


ရန်ကုန် မဲရုံမြင်ကွင်း (နိုဝင်ဘာ ၃၊ ၂၀၁၈။ ဓာတ်ပုံ-ထက်အောင်ခန့်)
ရန်ကုန် မဲရုံမြင်ကွင်း (နိုဝင်ဘာ ၃၊ ၂၀၁၈။ ဓာတ်ပုံ-ထက်အောင်ခန့်)

နိုဝင်ဘာလ ၃ ရက် စနေနေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက မဲဆန္ဒနယ် ၇ နေရာမှာ အနိုင်ရနေပြီး USDP ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃ နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီပါတီက တနေရာ၊ SNLD ရှမ်း တိုင်းရင်းသားများပါတီက တနေရာနဲ့ တသီးပုဂ္ဂလ တနေရာ အသီးသီးမှာ အသာစီးရနေကြပါတယ်။

တချို့ပြည်နယ်တွေမှာ လမ်းပန်းဆက်သွယ်ရေးအရ မဲရေတွက်မှုက တနင်္ဂနွေနေ့မှသာ အပြီးသတ် နိုင်မယ်လို့ သက်ဆိုင်ရာ ပြည်နယ် ကော်မရှင်တွေက ပြောကြသလို ရွေးကောက်ပွဲ ကော်မရှင်က လည်း ဘယ်သူနိုင်တယ် ဆိုတာကို အတိအကျ မထုတ်ပြန်သေးပါဘူး။

အခုကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် (၁၃) နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်ပေါင်း ၆၉ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး ချင်း၊ ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ် တွေ၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး တိုင်းဒေသကြီး တွေက လွှတ်တော်အသီးသီးရဲ့ လစ်လပ်နေရာတွေအတွက် ယှဉ်ပြိုင် ရွေးကောက်ခံခဲ့ကြပါတယ်။

NLD က ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ်- ကန်ပက်လက်၊ ရန်ကုန်တိုင်း- တာမွေမြို့နယ်၊ မန္တလေးတိုင်း - မြင်ခြံမဲဆန္ဒနယ်တွေမှာ အသာစီးရနေပြီး တိုင်းဒေသကြီး အတွက် ပဲခူးတိုင်း- အုတ်တွင်း၊ မန္တလေးတိုင်း- သပိတ်ကျင်းနဲ့ မကွေးတိုင်း - မင်းဘူးအပြင် ရှမ်းတိုင်းရင်းသားလူမျိုး- မန္တလေးတိုင်းမှာပါ အသာစီးရနေတာပါ။

ကြံ့ခိုင်ဖွံဖြိုးရေးပါတီက တိုင်းဒေသကြီး အတွက် ရန်ကုန်တိုင်း- ဆိပ်ကမ်းမြို့နယ်၊ စစ်ကိုင်းတိုင်း- တမူးနဲ့ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်- မြစ်ကြီးနားမှာ အသာစီးရနေပါတယ်။

SNLD က ပြည်သူ့လွတ်တော်အတွက် ရှမ်းပြည်နယ် - လဲချားနဲ့ ချင်းအမျိုးသား ဒီမိုကရေစီပါတီက ပြည်နယ်လွှတ်တော်အတွက် ချင်းပြည်နယ်- မတူပီမှာအသာစီးရပါတယ်။ တသီးပုဂ္ဂလ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဦးတင်မောင်ဝင်းကတော့ တိုင်းဒေသကြီးအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မှာ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပြီး အသာစီးရနေတာပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးစလုပ်တဲ့ ၂၀၁၂ ခုနှစ် ကတည်းကဆိုရင် တတိယအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်သလို NLD ပါတီဦးဆောင်တဲ့ အစိုးရ တက်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး လက်ရှိအစိုးရရဲ့ စွမ်းဆောင်ရည် အပေါ် လူထုဆန္ဒခံယူတဲ့သဘော ရွေးကောက်ပွဲမျိုးဖြစ်မယ်လို့ သုံးသပ် နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG