သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ပြဿနာ အဖြေရှာရေး မြန်မာနှင့် ကမ္ဘောဒီးယား အမြင်ချင်းတူ

Shangxay ballet jamoasi "Oqqush ko'li" asari premyerasini e'lon qilmoqda. Berlin, Germaniya.
Shangxay ballet jamoasi "Oqqush ko'li" asari premyerasini e'lon qilmoqda. Berlin, Germaniya.

တရုတ်နဲ့ အာဆီယံနိုင်ငံအချို့ အကြား တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက် အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ အားပေး ထောက်ခံကြောင်း ကမ္ဘောဒီးယားနဲ့ မြန်မာနှစ်နိုင်ငံ တို့က ထပ်လောင်း ပြောကြားခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီူချုပ် ဟွန်ဆန်နဲ့ အသစ်ခန့်အပ်ခြင်းခံရတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် သစ် ဦးမြင့်စိုးတို့ တွေ့ဆုံအပြီး ခုလို တိုက်တွန်းကြောင်း ဟွန်ဆန်က မနေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတွေ လို့ ယူဆရတဲ့ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအို နိုင်ငံတွေဟာ တောင်တရုတ်ပင်လယ် ပြဿနာ အငြင်းပွားမှု ဖြေရှင်းရေးကို ပြင်ပက ဝင်ရောက်စွက်ဖက်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့နိုင်ငံတွေလည်း ဖြစ်ပါတယ်။

တောင် တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရာမှာ The Hague ရှိ နိုင်ငံတကာ ရေပြင်ပိုင်နက် ခုံရုံးရဲ့ ကြားဝင်ဆောင်ရွက် ပေးဖို့ ဖိလစ်ပိုင် ရဲ့ လျှောက်ထားချက် ကနေ ထွက်ပေါ်လာမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံကြောင်း ဖော်ပြတဲ့ ကြေငြာချက် ထုတ်ပြန်ဖို့၊ ပြီးခဲ့တဲ့လက အာဆီယံ ထိပ်သီးညီလာခံမှာ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ က ကြိုးပမ်းခဲ့ပေမယ့် ဒီသုံးနိုင်ငံရဲ့ ကန့်ကွက်မှုတွေကြောင့် မအောင်မြင်ခဲ့ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ် ပြဿ နာဟာ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေ တဲ့ နိုင်ငံတွေ အကြား ဖြေရှင်းရမယ့် ကိစ္စသာဖြစ်ပြီး၊ အာဆီယံ အဖွဲ့ကြီး တစ်ခုလုံးအနေနဲ့ တုန့်ပြန်စရာမလိုဘူးလို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့ဘူးပါတယ်။

ဒါဟာ ကမ္ဘောဒီးယား အပေါ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ လွှမ်းမိုးမှုကြောင့် ဝန်ကြီးချုပ်က တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်ဖို့အတွက် တားဆီးပိတ်ပင်နေတာ ဖြစ်တယ်လို့ လူအများက ယုံကြည်နေကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG