သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အာဆီယံမှာ ပုံမှန်ပြန်ပါဖို့ ဆွေးနွေးမည်ဟု ကမ္ဘောဒီယားဝန်ကြီးချုပ်ပြော


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (နိုဝင်ဘာ ၂၅၊ ၂၀၂၁)
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen (နိုဝင်ဘာ ၂၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ အာဆီယံပုံမှန်အစည်းအဝေးတွေ ပြန်တက်နိုင်ဖို့ ကူညီသွားမယ့်သဘော အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံ ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ရှေ့သီတင်းပတ် ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကမ္ဘောဒီယားလာဖို့ ဖိတ်ကြားထားပြီး သူကိုယ်တိုင်လည်း မြန်မာနိုင်ငံသွားဖို့ အသင့်ရှိနေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen က ပြောလိုက်ပါတယ်။

“ကျနော်က ဘာ ကြိုတင်သတ်မှတ်ချက်မှ မထားဘဲ မြန်မာနိုင်ငံကို သွားဖို့ အသင့်ရှိနေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် သွားမှာပါ။အာဆီယံခေါင်းဆောင်တွေ ဘယ်လိုသဘောထားမလဲတော့ မသိပါဘူး။ ဒါပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်ပဲ သွားမှာပါ။အခုတော့ ဘာလုပ်ဆောင်ချက်မှ စမလုပ်သေးပါဘူး။” လို့ ကမ္ဘောဒီယား ခမာစကားနဲ့ VOA ခမာဌာနကို မနေ့က ပြောသွားတာပါ။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်တာကြောင့် အာဆီယံအပါအဝင် အာဆီယံနဲ့ဆက်စပ် ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာကိုမဖိတ်ဘဲ ထားခဲ့ပါတယ်။

အာဆီယံကို ၉ နိုင်ငံအဖြစ်သဘောနဲ့ အခုအတိုင်းဆက်သွားသင့်လား၊ ၁၀ နိုင်ငံပြန်ဖြစ်သင့်လားလို့လည်း ကမ္ဘောဒီယားခေါင်းဆောင်က အခမ်းအနားမိန့်ခွန်းတခုမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့အပြင် မိတ်ဖက်တွေကို ကျေနပ်စေဖို့သက်သက်နဲ့ ကိုယ့်အိမ်ကြီးကို ကိုယ်ပြန်ဖျက်တော့မှာလားလို့ မေးခွန်းထုတ်သလို ဒီကိစ္စကို အဖြေရှာဖို့လိုအပ်တယ်လို့လည်း ကမ္ဘောဒီယားခေါင်းဆောင်က ပြောပါတယ်။ ဘယ်မိတ်ဆွေတွေလဲဆိုတာကိုတော့ ထည့်သွင်းမပြောခဲ့ပါဘူး။

မြန်မာနိုင်ငံအရေး ညှိုနှိုင်းဆွေးနွေးဖို့ အာဆီယံအထူးကိုယ်စားလှယ်တဦးခန့်ထားတဲ့ကိစ္စမှာလည်း ကမ္ဘောဒီယားအနေနဲ့ လူပြန်လဲဖို့ စဉ်းစားမယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်မယူခင်က ပြောခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}









#MyanmarMilitaryCoup #MyanmarASEAN #MyanmarCambodia #VOABurmese


XS
SM
MD
LG