သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားလာဖို့ ဝန်ကြီးချုပ်ဟွန်ဆန် ဖိတ်ကြားထား


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen

{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ရှေ့သီတင်းပတ်အတွင်း ကမ္ဘောဒီးယားလာဖို့ သူ့အစိုးရက ဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က ဒီကနေ့ ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ ရေးထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ အာဏာသိမ်းပြီး နောက် ပိုင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေ ပြေလည်ရေးအတွက် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးတဲ့ သံတမန်ရေးနည်းလမ်းကို အသုံးချပြီး အရှိန်မြှင့် လုပ်ဆောင်လာနေတာပါ။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ရှေ့သီတင်းပတ် တနင်္လာနဲ့အင်္ဂါနေ့တွေမှာ လာရောက်ဖို့ ဖိတ်ကြား ထားတာဖြစ်ပေမယ့် လတ်တလောဖြစ်ပေါ်နေတဲ့ Omicron ကိုဗစ် မျိုးကွဲသစ်ကြောင့် ပြောင်းလဲမှုတွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံတွင်းက အခြေအနေတွေနဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စတွေမှာ ဂျပန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ မနေ့က အွန်လိုင်းမှာ ဆွေးနွေးချိန်အတွင်း သဘောတူညီခဲ့ကြတဲ့အကြောင်း ဒီကနေ့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen တို့ ဗုဒ္ဓဟူးနေ့က ၃၅ မိနစ် လောက် အွန်လိုင်းကနေ တွေ့ဆုံ ပြောဆိုကြချိန် မြန်မာ့အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနဲ့ ဂျပန် ခေါင်းဆောင် နှစ်ဦး အွန်လိုင်းပေါ် တွေ့ဆုံဆွေးနွေးချိန်အတွင်း လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာ ရေး ကြိုးပမ်းမှုတွေအောက်မှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ဂျပန်သတင်းတွေက ဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေကြား သဘောတူ ချမှတ်ထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန်နိုင်ငံတွေက ပြီးခဲ့တဲ့လတုန်းကလည်း စစ်ကောင်စီကို တိုက်တွန်းခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}











XS
SM
MD
LG