ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းပြည်နယ် အမှတ ်(၂) အမျိုးသားလွှတ်တော်အမတ် ဦးဇုံလှယ်ထန်းက နယ်စပ်တွေကနေ ကားတင်သွင်းတဲ့အခါ ကောက်ခံတဲ့ အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခု မေးပါတယ်။ သူ့မေးခွန်းဆိုလိုရင်းက ကားတင်သွင်းလာရင် အကောက်ခွန်၊ ကညန အခွန်လို့ ခေါ်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး စတာတွေ ကောက်လို့ ကားဈေးနှုန်းတွေ အလွန်ကြီးမြင့်နေတဲ့အကြောင်း၊ ဒါကြောင့် ချင်းပြည်နယ်လို ဆင်းရဲတဲ့ပြည်နယ်က တိုင်းရင်းသားတွေ ကားမစီးနိုင်တဲ့အကြောင်း၊ မြန်မာနိုင်ငံဟာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် မော်တော်ယာဉ် အခွန်ကို တစ်တိုင်းပြည်လုံး တစ်ပြေးညီ မကောက်ခံဘဲ ပြည်နယ်တွေကို လျှော့ချကောက်ခံပေးဖို့ မဖြစ်နိုင်ဘူးလား လို့ မေးလိုက်တာပါ။ သူမေးလိုက်တာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဘာတွေ ပြန်ဖြေသွားသလဲ၊ အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီဟာ ဘယ်လိုမျိုးလဲ၊ အဲဒီကနေ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်နေသလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒေါ်အင်ကြင်းနိုင်။ ။ ဦးဇုံလှယ်ထန်းရဲ့မေးခွန်းကို ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း ဖြေပါတယ်။ သူက ဒီမေးခွန်းဟာ ဝန်ကြီးဌာန (၃) ခုနဲ့ ဆိုင်တာဖြစ်တဲ့အတွက် အားလုံးကို မေးပြီးတော့မှ ဖြေတာပါလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ကားတစ်စီးတင်သွင်းလာရင် စီးပွား-ကူးသန်း ဝန်ကြီးဌာနက သွင်းကုန် လိုင်စင်အဖြစ် ကားမော်ဒယ်အလိုက် ဒေါ်လာ ၂၅ဝ ကနေ ဒေါ်လာ ငါးသောင်း အထိ ကောက်ခံတယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ဆလွန်းနဲ့ ဆီဒင်ကားတွေကို ဆိပ်ကမ်းအရောက် တန်ဘိုးရဲ့ ၂၅ %၊ လေးပုံတစ်ပုံတန်နဲ့ အထက် လုပ်ငန်းသုံးကားတွေကို ကားတန်ဘိုးရဲ့ ၅ % ကောက်ခံတယ်လို့ ပြောပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ လုပ်ငန်းသုံးယာဉ်၊ ကုန်တင်ယာဉ် နဲ့ ခရီးသည်တင်ယာဉ်တွေကို ကားတန်ဘိုးရဲ့ ၅ %၊ လူနဲ့ ကုန်တင်တဲ့ ပစ်ကပ်လို ကားတွေကို ၄၀ %၊ လူစီးကားဆိုရင် စက်စွမ်းအားကိုလိုက်ပြီး ၃၀ %ကနေ ၂၂၀ % အထိ ကောက်ခံတယ်လို့ ရှင်းပြပါတယ်။
ဦးစည်သူအောင်မြင့်။ ။ ဒုဝန်ကြီး ရှင်းပြသလောက်ဆို မြန်မာနိုင်ငံထဲ ကားတစ်စီးသွင်းလာရင် ဘယ်လောက် အခွန်အကောက် များမလဲ ခန့်မှန်းနိုင်ပါပြီ။ အစိုးရ စာရင်းဇယားတွေကလည်း ဒီအချက်မှန်ကြောင်း သက်သေပြနေပါတယ်။ ၂၀၁၁ အောက်တိုဘာ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းပြီးနောက်ပိုင်း ပြည်တွင်းကို တင်သွင်းလာတဲ့ ကားအစီး ၂ သိန်း ၈ သောင်းကျော်ကနေ အခွန် ဘီလျံ ၈ဝဝ ကျော်ရခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။ ကားတစ်စီးကို ပျမ်းမျှ အခွန် ကျပ် သိန်း ၃၀ လောက် ကောက်ထားတယ် ဆိုတဲ့ သဘောပါ။ ဒါဟာ ရထားဝန်ကြီးဌာနက ကောက်တဲ့ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးပါဘူး။ အဲဒါပါ တွက်ရင် ကားတစ်စီး ပျမ်းမျှ အခွန် ကျပ် သိန်း ၅၀-၆၀ ကောက်ခဲ့တဲ့ သဘောပါ။ ဒါကြောင့်လည်း မြန်မာပြည်ထဲက ကားဈေးနှုန်းတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲက ကားဈေးနှုန်းထက် ၃ ဆ ကနေ ၅ ဆ အထက် ဈေးနှုန်းမြင့်နေတာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ကားအချိုးအစား မမျှတတာ၊ ကားပျံ့နှံ့မှု အချိုးမညီတာ၊ ပြည်သူတွေ ကားပိုင်ဆိုင်မှု အလွန် နည်းနေသေးတာ စတဲ့ ပြသနာတွေ ဖြစ်ပေါ်လာစေပါတယ်။
လက်ရှိအစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီအရ ပြည်သူတွေကို ၂၀၀၉ ကနေ ၂၀၁၄ ခုနှစ်အကြား မော်ဒယ် ကားတွေကို တင်သွင်းခွင့်ပေးပါတယ်။ အိုဟောင်းစာရင်းဝင်ပြီး ဖျက်သိမ်းခံရမယ့် ကားပိုင်ရှင်တွေကိုတော့ ကားသွားအပ်ရင် ၁၉၉၈ ကနေ ၂၀၀၈ အကြားမော်ဒယ် တစ်ပတ်ရစ်ကားတွေ တင်သွင်းခွင့်ပေးပါတယ်။ ပြောရရင် အဲလို တစ်ပတ်ရစ် ကားတင်သွင်းနိုင်ဖို့ ကားဟောင်းအပ် စလစ် တစ်ခု လိုပြီး လက်ရှိ ကျပ် သိန်း ၁၁၀ ကျော် ဈေးပေါက်နေပါတယ်။ ဒါကြောင့် တစ်ပတ်ရစ်ကားတစ်စီးရဲ့ ရန်ကုန် ပေါက်ဈေးဟာ ကားတန်ဘိုး၊ ဘာ အခွန်အခမှ မပါဘဲ ကျပ် သိန်း ၁၁၀ ကျော် ကုန်ကျနေပြီဆိုတဲ့ သဘောပါ။ အလွန်ဈေးမြင့်နေပါတယ်။
ဒေါ်အင်ကြင်းနိုင်။ ။ ဒါကြောင့်လည်း ပြည်သူတွေဟာ လွတ်လွတ်လပ်လပ် တင်သွင်းလို့ရတဲ့ ၂၀၀၉ နောက်ပိုင်းထုတ် ကားသစ်၊ အဲဒီ အထဲကမှ အခွန်အခ သက်သာတဲ့ ၁၃၀၀ စီစီအောက် အိမ်စီးကားငယ်တွေကိုပဲ သွင်းကြပါတော့တယ်။ ၂ နှစ်ခွဲအတွင်း မြန်မာနိုင်ငံထဲကို ဂျပန်ကနေ ကားအစီး ၂ သိန်း ၈ သောင်းလောက် သွင်းလာတာမှာ အင်ဂျင်ပါဝါငယ်တဲ့ တိုယိုတာ ပရိုဘောက်စ်၊ ဟွန်ဒါဖစ်နဲ့ တိုယိုတာ ဘယ်လ်တာ ကားတွေဟာ အရည်အတွက် အများဆုံး ထိပ်ဆုံး ငါးမျိုးထဲမှာ ပါ ပါတယ်။ ပရိုဘောက်စ် ဆိုရင် အစီးရေ လေးသောင်းကျော်တောင် ရှိပါတယ်။ အကျိုးဆက်အဖြစ် အဲဒီ ကားငယ်လေးတွေဟာ ရန်ကုန်မှာပဲ စုပုံနေပြီး နယ်က လမ်းတွေမှာ သုံးလို့ မရတဲ့ ကားတွေ ဖြစ်နေတာပါပဲ။
ကားပျံ့နှံ့မှုကို ကြည့်လိုက်ရင်လည်း ရန်ကုန်မှာ ကားတွေများလာပြီး ယာဉ်ကြောပိတ်ဆို့နေသလောက် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ကားတွေကို မတွေ့ရသလောက်တောင် ရှားပါတယ်။ အဓိကကတော့ ပြည်သူတွေ ကားဝယ်မစီးနိုင်တာပါ။ ခြွင်းချက်အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် နေရာတစ်ချို့မှာတော့ ထိုင်းနယ်စပ်ဘက်က ခိုးသွင်းလာတဲ့ ဈေးပေါပေါနဲ့ ဝယ်လို့ရနိုင်တဲ့ ကားတွေကို သုံးကြပါတယ်။ ရန်ကုန်မှာ တစ်စီး သိန်းတစ်ရာ ကျော်တဲ့ ဂျပန် တစ်ပါတ်ရစ်ကားတွေ ကရင်ပြည်နယ် နယ်စပ်တွေမှာ ကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂၀ ကျော်လောက်နဲ့ ရနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလို ရန်ကုန်မှာ ကားတွေကြပ်နေသလောက် နယ်တွေမှာ ကားမရှိ ဖြစ်နေသလို ကားပိုင်ဆိုင်မှုမှာဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံး အဆင့်ကနေ မတက်နိုင်သေးပါဘူး။ လူဦးရေ သန်း ၆ဝ နဲ့တွက်ရင် လက်ရှိအခြေအနေ ကားအရည်အတွက် ၄ သိန်းခွဲလောက်ပဲ ရှိဦးမှာ ဖြစ်တဲ့အတွက် လူ ၁,၀၀၀ မှာ ကား ၈ စီးတောင် မပိုင်နိုင်သေးပါဘူး။ အာစီယံမှာ ကားပိုင်ဆိုင်မှု၊ ဒုတိယ အနည်းဆုံး ဗီယက်နမ်ဟာ ၂၀၁၁ ကတည်းက လူ ၁,၀၀၀ ကား ၁၂ စီး၊ ကမ္ဘောဒီးယားက အစီး ၂၀ ပိုင်နေပါပြီ။
ဦးစည်သူအောင်မြင့်။ ။ တကယ်တော့ ဦးဇုံလှယ်ထန်း မေးတာ ရိုးရိုးလေးပါပဲ။ ရန်ကုန်မှာ ကားတွေ များနေတယ်၊ ဒါပေမယ့် အခွန်အကောက်တွေ အလွန် မတန်တဆ များလို့ ပြည်နယ်က တိုင်းရင်းသားတွေ ကားဝယ်မစီးနိုင်ဖြစ်နေတာကို ဖြေရှင်းပေးဖို ြ့ဖစ်ပါတယ်။ တကယ်ဆို လိုင်စင်ကို ရန်ကုန်လိုင်စင်၊ နယ်လိုင်စင် နှစ်မျိုး၊ အခွန်နှုန်းထား နှစ်မျိုးနှစ်စား လုပ်ရင်၊ နယ်အတွက် ကားတွေကို အိမ်နီးချင်း တိုင်းပြည်တွေမှာလောက်ပဲ အခွန်ကောက်ရင်ကို အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဟာ ဌာန တစ်ခုနဲ့တစ်ခု ညှိနှိုင်းမှု မရှိ၊ အစိုးရအဖွဲ့ကိုယ်တိုင် တိုင်းပြည်စီးပွားရေး၊ ပြည်သူတွေ လိုအပ်နဲ့ လျော်ညီတဲ့ ကားတင်သွင်းခွင့်ပေါ်လစီ မချမှတ်နိုင်သေးတဲ့ အခြေအနေအောက်မှာ ခုလိုပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံတွေ့ရဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။