သုံးရလွယ်ကူစေသည့် Link များ

မကြာခင် ပေါ်ပေါက်လာဖို့ ရှိတဲ့ အရပ်သား အစိုးရသစ် လက်ထက်မှာ တိုင်းရင်းဒေသ တိုက်ပွဲတွေ မြန်မြန်ဆန်ဆန် ငြိမ်းချမ်းသွားနိုင် ပါသလားဆိုတာကို တပ်မတော် အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်၊ ထိုင်း -မြန်မာနယ်စပ်မှာ တိုင်းရင်းသား အဖွဲ့ပေါင်းစုံနဲ့ အနီးကပ် တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၊ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး- ၁ ဒေါက်တာ ရွှေခါးတို့ ဦးဆောင်ပြီး ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ သောတရှင်တွေနဲ့ အတူ ဆွေးနွေးထားပါတယ်။ မသိင်္ဂီထိုက် စီစဉ်ပြီး ထုတ်လုပ်သူ မဆုမွန်နဲ့ အတူ တင်ပြထားတဲ့ စနေနေ့ ညချမ်း တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။

XS
SM
MD
LG