သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ ဈေးရောင်းခိုင်းသူ မြန်မာနိုင်ငံသား ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး


ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာကလေးအလုပ်သမားများ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာကလေးအလုပ်သမားများ။
အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အဓမ္မ အလုပ်လုပ်ခိုင်းတဲ့အတွက် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား မောင်မြန်ဦးဆိုသူကို ထိုင်းနိုင်ငံ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွေက ဘန်ကောက်မြို့ Phar Nakhon ဒေသမှာ ဖမ်းဆီးရမိလိုက်တယ်လို့ ဇွန်လ ၂၁ ရက်နေ့ထုတ် ထိုင်းနိုင်ငံက အဓိက သတင်းဌာနကြီးတွေဖြစ်တဲ့ Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒေသခံတွေက သတင်းပေးပို့တဲ့အတွက် ဘန်ကောက်မြို့က ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ခေါက်ဆန်လမ်းမှာ တာဝန်ရှိသူတွေက စောင့်ကြည့်စစ်ဆေးတဲ့အခါ မောင်မြန်ဦးက အသက် ၁၅ နှစ်အောက် ကလေးငယ် ၂ ဦးရဲ့ မိခင်ကို ပိုက်ဆံပေးပြီး အဲဒီကလေးတွေကို နှင်းဆီပန်း ရောင်းခိုင်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အမည်ဖော်ပြထားခြင်းမရှိတဲ့ ကလေးငယ်တဦးရဲ့အဆိုအရ သူတို့ကို ကျပ် ၅ သောင်းစီနဲ့ သူတို့မိခင်ထံက ဝယ်ယူလိုက်တာဖြစ်ပြီး တနေ့ကို နှင်းဆီပန်း ၂၄ ခုစီ ရောင်းခိုင်းပြီး ပိုက်ဆံလလည်း တပြားမှ မပေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ပန်း ၂၄ ပွင့် မရောင်းနိုင်ရင် အရိုက်ခံကြရတယ်လို့ ဆိုပါတယ်။
အဲဒီကလေးတွေကို မြန်မာပြည်ကနေ ဝယ်ယူခဲ့တာဖြစ်ပြီး သူတို့ ပန်းရောင်းလို့ရတဲ့ ဝင်ငွေဟာ တလမှာ ဘတ် ၃ သောင်းစီရှိတယ်လို့ မောင်မြန်ဦးကပြောတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောတာကို ကိုးကားပြီး သတင်းစာမှာ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ကလေးတွေ မိခင်ထံ တလမှာ ကျပ် တသိန်းခွဲစီ ပို့ပေးနေတယ်လို့ ပြောပါတယ်။ မောင်မြန်ဦးကို ဘယ်လို ပြစ်ဒဏ်မျိုး စီရင်မယ်ဆိုတာတော့ မသိရသေးပါဘူး။
XS
SM
MD
LG