သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံးမြန်မာကလေးငယ် ထိုင်းတာဝန်ရှိသူတို့ အပူတပြင်းရှာဖွေ


ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ၂နှစ်အရွယ် ကလေးငယ်တဦးကို ထိုင်းတာဝန်ရှိသူတွေက အပြင်းအထန် ရှာဖွေနေပါတယ်။ ကလေးငယ် ပျောက်ဆုံးသွားတာ အခုဆိုရင် သီတင်းတပတ် ကြာသွားပြီဖြစ်ပေမယ့်လည်း လက်မလျှော့သေးဘဲ ဆက်ပြီး ရှာဖွေ နေကြဆဲဖြစ်သလို မသင်္ကာသူတွေကို မေးမြန်း စစ်ဆေးတာတွေလည်း လုပ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်ကတဲက ပျောက်ဆုံးသွားခဲတဲ့ ၂ နှစ်သားအရွယ် မြန်မာကလေးငယ်ကို ၈ ရက်ကြာတဲ့အထိ ရှာမတွေသေးပေးမဲ့ ထိုင်းအာဏာပိုင်တွေက လက်မလျောပဲ့ဆက်ပြီးရှာဖွေနေတဲ့အကြောင်း ပျောက်ဆုံးသွားတဲ့ ကလေးရဲ့မိခင်ဖြစ်သူကပြောပြပါတယ်။

"ကျမတို့ရှာနေတာ ၈ ရက်ရှိသွားပြီ မိသားစုနဲ့ ကလေးကိုသနားပြီးတော့ လမ်းဖွင့်ပေးပါ ပြန်ပို့ပေးပါ အားလုံးကတော့ နေရာတိုင်းမှာ လုပ်ပေးကြမယ်အကူညီပေးရှားပေးကြပါတယ် "

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရေငုတ်သမား ရှာဖွေရေးအဖွဲ့တွေဟာ ရေမှော်တွေပြည့်နေတဲ့ ကြံတောအနီးက ရေကန်ကို ရှင်းလင်းပြီး ရေငုတ်ရှာနေကြသလို၊ရွာသားတွေသတင်းပေးလာတဲ့အတွက ် ကြံစိုက်ခင်းတောနဲ့အနီးဆုံး က မသင်္ကာတဲ့ အိမ်တစ်လုံးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေကြပါတယ်။

တဲငယ်အတွင်းမှာ အသက် (၅၀) အမျိုးသမီးတစ်ဦးသာနေထိုင်နေတာတွေ့ရြှိပီး အိမ်းတွင်းမှာ ကလေးနတ်ရုပ်တွေ အများအပြားတွေရပြီး ယောက်ကျားဖြစ်သူ ပရောဂကု နတ်ဆရာတဦးဖြစ်ကြောင်း သေဆုံးသွားတာ ၂ နှစ်ကျော်ပြီလို့ ဆိုပါတယ်။

လက်ရှိယူထားတဲ့ယောက်ကျားကတော့ ကြံကားမောင်းတဲ့သူတဦးဖြစ်တယ်လို့ဆိုပါတယ်။အိမ်ထဲမှာတော့ ပျောက်ဆုံးနေတဲ့ ကလေးနဲ့ ပတ်သက်လို့ သက်သေအထောက်အထောက်အထားတွေ မတွေ့ခဲ့ရပါဘူး။

ကလေစပျောက်တဲ့နေ့က ပျောက်ဆုံးတဲ့ ကလေးနဲ့ အတူကစားနေတဲ့ သုံးနှစ်သမီးလေးက တော့ ဒီကလေးကို လူတဦးက ဖက်နမ်းပြီးခေါ်သွားတယ်လို့သာ လူကြီးတွေကိုပြောနေတာပါ။ ၃နှစ်အရွယ် ကလေးဟာ ပြီးခဲ့တဲ့ ရက်ကလည်း လက်ကြီးတခုပဲ ထွက်ပြီး မောင်လေးကို ခေါ်သွားတယ်လို့လည်းပြောပြတာပါ။

ဖြစ်တဲ့နေ့က ကြံကားတစ်စီး မောင်းသွားတာကို ရွာသားတစ်ချို့ကတွေ့လိုက်တယ်လို့ သိရတော့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေလိုက်လံ စစ်ဆေးပေးနေပါတယ်။ မသင်္ကာတဲ့ ကြံကားမောင်းသူတချိုကိုလည်းခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဆူဖန်ဘူရီ စစ်တပ်က ဗိုလ်မှူး အဖိနမ် ကတော့ ခလေးကိုတွေ့နိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေ တပ်ဖွဲ့အင်အားနဲ့ စက်ပစ္စည်းတွေသုံးပြီး ကူညီရှာဖွေပေးနေတဲ့အကြောင်း ဒီဇင်ဘာလ ၂၃ရက်နေ့က ပြောသွားပါတယ်။

သူသွားပြောတဲ့အထဲမှာ ဘယ်နိုင်ငံသားကလေးပဲဖြစ်ပါစေ ၊အသက်အန္တရယ်ဘေးကြုံလာရင် လူသားချင်း မိဘချင်း ကိုယ်ချင်းစာပါတယ် ။ တွေ့အောင်ရှာဖွေပေးနေကြပါတယ်လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ဧက ရာနဲ့ချီရှိတဲ့ကြံတောထဲမှာ စပါးအုံးမြွေတွေအောင်းနေတတ်လို့ မြွေမြိုသွားတာဖြစ်နိုင်တယ်လို့လည်း ထင်မြင်ချက်တွေပေးနေကြသူတွေလည်းရှိနေတာပါ။ပျောက်ဆုံးသွားတဲ့ ကလေးရဲ့မိဘဖြစ်သူတွေကတော့ သူတို့သားလေးဘာဖြစ်သွားတယ်ဆိုတာ အမှန်တိုင်း သိပါရစေ လို့ပြောဆိုခဲ့ပြီး ဝိုင်းဝန်းကူညီကြတဲ့ သူတွေအားလုံးကျေးဇူးတင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

ဒီကလေးပျောက်ဆုံးခဲ့တဲ့အချိန်ကစလို့ထိုင်းအာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ ရှာဖွေပေးတာ ၊ အနီးနာက ရေကန်ထဲမှာ ရေငုတ်သမားတွေနဲ့ ရှာဖွေပေးတာ၊ ကြံတောထဲကိုလူအင်အားတွေနဲ့ ရှာဖွေပေးတာ ဆင်တွေကိုသုံးပြီး ရှာပေးတာ၊ အနံ့ခံခွေးတွေကိုသုံးပြီးရှာပေးတာ၊ ကြံကားတွေမောင်းတဲ့နေရာကCCTV မှတ်တမ်းတွေကိုကြည့်ပြီး မသင်္ကာဖွယ်ရာ ဖြစ်တဲ့ ကားသမားတွေကို စစ်ဆေးတာ ကြံခင်းတဝိုက်က အိမ်တချို့ကို ဝင်ရောက်စစ်ဆေးတာတွေကို ဆက်တိုက်လုပ်ပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG