သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၃ ႏွစ္နီးပါး ပိတ္ထားခဲ့တဲ့ မူဆယ္က တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ ျပန္ဖြင့္


တရုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ျမင္ကြင္း။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ၃ ႏွစ္နီးပါး ပိတ္ထားခဲ့တဲ့ အေရးပါတဲ့ တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရးဂိတ္တခ်ဳိ ႔ကို ျပန္ဖြင့္လိုက္ၿပီလို႔ နယ္စပ္မွာ႐ွိတဲ့ တာဝန္႐ွိသူေတြက ဒီကေန႔ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ ေျပာဆိုတာကို ကိုးကားၿပီး ေအအက္ဖ္ပီသတင္းမွာ ေဖာ္ျပပါတယ္။

အေ႐ွ႕ေတာင္အ႐ွမွာ ျဖတ္သန္းသြားလာမႈအမ်ားဆုံး နယ္စပ္ဂိတ္တခုျဖစ္တဲ့ မူဆယ္ ကုန္သြယ္ေရးဂိတ္ကို ၂၀၂၀ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကတည္းက ပိတ္ထားခဲ့ရာက မေန႔ ဇန္နဝါရီလ ၁၄ ရက္ေန႔ မနက္ ၇ နာရီမွာ ျပန္ဖြင့္လိုက္ၿပီလို႔ မူဆယ္ၿမိဳ႕ ဆန္ကုန္သည္မ်ားအသင္းရဲ႕ ဒုဥကၠ႒ ဦးမင္းသိန္းေျပာတာကို ကိုးကားၿပီး ေအအက္ဖ္ပီသတင္းမွာ ေရးပါတယ္။

နယ္စပ္ကုန္သယ္ေရးဂိတ္ တရားဝင္ဖြင့္တဲ့ အထိမ္းအမွတ္အျဖစ္နဲ႔ မူဆယ္မွာ႐ွိတဲ့ မန္ဝိန္း (Mang Wein) ဂိတ္ကေန ထရပ္ကား ၆ စီး တ႐ုတ္ႏိုင္ငံဘက္ကို ေမာင္းဝင္သြားခဲ့တယ္လို႔ ဆိုပါတယ္။​ မေန႔ စေနေန႔မွာဘဲ တ႐ုတ္ဘက္က ျမန္မာႏိုင္ငံထဲကို ေဆာက္လုပ္ေရးနဲ႔ လွ်ပ္စစ္ပစၥည္းေတြ၊ က်န္းမာေရးက႑မွာ အသုံးျပဳတဲ့ပစၥည္းေတြ၊​ လူသုံးကုန္နဲ႔ စားေသာက္ကုန္ပစၥည္းေတြ တင္ပိုခဲ့တယ္လို႔ ဆိုပါတယ္။

ကိုဗစ္ေၾကာင့္ ပိတ္ထားခဲ့ရတဲ့ ကခ်င္နဲ႔ ႐ွမ္းျပည္နယ္တို႔မွာ႐ွိတဲ့ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ျပန္ဖြင့္မယ့္အေၾကာင္း ျပန္ဖြင့္မယ့္အေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း တ႐ုတ္အစိုးရက ေၾကညာခ်က္ထုတ္ျပန္ၿပီး တ႐ုတ္ဘက္အျခမ္းက အရင္ျပန္ဖြင့္လိုက္ေပမယ့္ တ႐ုတ္ႏိုင္ငံအတြင္း ကိုဗစ္ကူးစက္မႈေတြ တေၾကာ့ျပန္ အ႐ွိန္ျမင့္ ျဖစ္ေပၚေနတာေၾကာင့္ ျမန္မာဘက္အျခမ္းက မဖြင့္ေသးဘဲ ဆိုင္းငံ့ထားခဲ့တာပါ။

ကုန္ပစၥည္းတင္ပို႔မႈေတြကို ႏွစ္ဘက္စလုံးက ျပန္ဖြင့္လိုက္ႏိုင္ၿပီ ျဖစ္ေပမယ့္ နယ္စပ္ဂိတ္ကတဆင့္ လူေတြ ျဖတ္သန္းသြားလာမႈကိုေတာ့ တ႐ုတ္အစိုးရဘက္က ခြင့္မျပဳေသးဘူးလို႔ ေအအက္ဖ္ပီသတင္းမွာ ေဖာ္ျပထားပါတယ္။

===== Unicode ======

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ အရေးပါတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တချို့ကို ပြန်ဖွင့်လိုက်ပြီလို့ နယ်စပ်မှာရှိတဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြောဆိုတာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

အရှေ့တောင်အရှမှာ ဖြတ်သန်းသွားလာမှုအများဆုံး နယ်စပ်ဂိတ်တခုဖြစ်တဲ့ မူဆယ် ကုန်သွယ်ရေးဂိတ်ကို ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ကတည်းက ပိတ်ထားခဲ့ရာက မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၇ နာရီမှာ ပြန်ဖွင့်လိုက်ပြီလို့ မူဆယ်မြို့ ဆန်ကုန်သည်များအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းပြောတာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။

နယ်စပ်ကုန်သယ်ရေးဂိတ် တရားဝင်ဖွင့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ မူဆယ်မှာရှိတဲ့ မန်ဝိန်း (Mang Wein) ဂိတ်ကနေ ထရပ်ကား ၆ စီး တရုတ်နိုင်ငံဘက်ကို မောင်းဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။​ မနေ့ စနေနေ့မှာဘဲ တရုတ်ဘက်က မြန်မာနိုင်ငံထဲကို ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊​ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ တင်ပိုခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် ပိတ်ထားခဲ့ရတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်မယ့်အကြောင်း ပြန်ဖွင့်မယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်အစိုးရက ကြေညာချက်ထုတ်ပြန်ပြီး တရုတ်ဘက်အခြမ်းက အရင်ပြန်ဖွင့်လိုက်ပေမယ့် တရုတ်နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် မြန်မာဘက်အခြမ်းက မဖွင့်သေးဘဲ ဆိုင်းငံ့ထားခဲ့တာပါ။

ကုန်ပစ္စည်းတင်ပို့မှုတွေကို နှစ်ဘက်စလုံးက ပြန်ဖွင့်လိုက်နိုင်ပြီ ဖြစ်ပေမယ့် နယ်စပ်ဂိတ်ကတဆင့် လူတွေ ဖြတ်သန်းသွားလာမှုကိုတော့ တရုတ်အစိုးရဘက်က ခွင့်မပြုသေးဘူးလို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG