သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာတိုပစ် ပဲ့ထိန်းဒုံးကျည် တရုတ်က မြန်မာကို မကြာခင် တင်ပို့တော့မည်


SY-400 (credit-Military Cognizance)
SY-400 (credit-Military Cognizance)

(Zawgyi/Unicode)

တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပထမ အသုတ်ကို မြန်မာတပ်မတော်က မကြာခင် လက်ခံရယူဖို့ရှိနေပါတယ်။ဒီဒုံးကျည်စနစ်ကို ရရှိဖို့အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ နှစ်နဲ့ချီပြီး ဆက်တိုက်ပြုလုပ်ခဲ့ရတယ်လို့ ကမ္ဘာ့လက်နက်ရောင်းဝယ်ရေးသတင်းတွေကို ဖေါ်ပြနေတဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားပါတယ်။

တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဝယ်ယူရာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ ချေးငွေကိုလည်း မြန်မာက ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို တရုတ်ဆီက ဘယ်အချိန်ကတည်းက ဝယ်ယူဖို့ ညှိုနှိုင်းခဲ့သလဲဆိုတာကတော့ သတင်းမှာ ဖေါ်ပြမထားပါဘူး။

SY-400 စနစ်ဟာ တာတိုပစ်ဒုံးကျည်နဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို တွဲဖက်ထားတဲ့ တစ်မူထူးခြားတဲ့ ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး၊ ပဲ့ထိန်းစနစ်တပ်ဆင်ထားတဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ အဲဒီ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်(၄၀၀)ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ BP-12A တာတိုပစ်ဒုံးကျည်စနစ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလက ကာတာ စစ်တပ်ကနေ တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို ဝယ်ယူသုံးစွဲခဲ့တယ်လို့ အဲဒီသတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)




XS
SM
MD
LG