(Zawgyi/Unicode)
ကုိဗစ္-၁၉ ကပ္ေရာဂါ ကူးစက္ျပန္႔ပြားေနတာေၾကာင့္ ျမန္မာႏုိင္ငံမွာ ျပည္တြင္းေလေၾကာင္းပ်ံသန္းမႈေတြ ရပ္ဆုိင္းထားခဲ့ရတာကုိ ျပန္စတင္ႏုိင္ဖုိ႔ အစုိးရတာ၀န္ရွိသူေတြ ျပန္လည္ သုံးသပ္ေနေၾကာင္း ေလေၾကာင္းပုိ႔ေဆာင္ေရး ညြန္ၾကားမႈ ဦးစီးဌာနက ညြန္ၾကားေရးမွဴး ဦးေန၀င္းေျပာတာကုိ ကုိးကားၿပီး Aviation Pros အြန္လုိင္းသတင္းမွာ ေဖာ္ျပထားပါတယ္။
ဒါေပမယ့္ ေလယာဥ္ပ်ံသန္းမႈေတြ ျပန္စႏုိင္ဖုိ႔ဟာ ကုိဗစ္ေရာဂါပုိး ကူးစက္မႈအေျခအေနအေပၚမွာ မူတည္ေၾကာင္း ဦးေန၀င္းက ေျပာပါတယ္။
လက္ရွိမွာ ျပည္တြင္း၊ ျပည္ပေလေၾကာင္းပ်ံသန္းမႈေတြကုိ ႏုိ၀င္ဘာလကုန္အထိ ရပ္ဆုိင္းထားဖုိ႔ ညြန္ၾကားခ်က္ ထုတ္ျပန္ထားေၾကာင္း၊ ေလာေလာဆယ္မွာ ကုိဗစ္ ကပ္ေရာဂါဆုိင္ရာ ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြကုိ ဘယ္လုိ ေဆာင္ရြက္ႏုိင္မယ္ဆုိတာနဲ႔ တကယ္လုိ႔ ေလယာဥ္ေျပးဆြဲမႈေတြ ျပန္စမယ္ဆုိရင္လည္း ခရီးသည္ေတြအေနနဲ႔ က်န္းမာေရးဆုိင္ရာ ညြန္ၾကားခ်က္ေတြကုိ လုိက္နာၾကရမွာျဖစ္ေၾကာင္း ဦးေန၀င္းက ေျပာပါတယ္။
ႏုိ၀င္ဘာ ၁၇ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ကုိဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆုိင္ရာ အမ်ဳိးသားအဆင့္ စည္းေ၀းပြဲအတြင္းမွာလည္း ျပည္တြင္းေလေၾကာင္းေျပးဆြဲမႈေတြ ျပန္လည္ စတင္ႏုိင္မယ့္အေျခအေနေတြကုိ ေဆြးေႏြးခဲ့ပါတယ္။
ျပည္တြင္းေၾကာင္းေျပးဆြဲမႈေတြကုိေတာ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလးအပါအ၀င္ ေလဆိပ္ ၂၇ ခုကုိ ပ်ံသန္း ေျပးဆြဲေနတာျဖစ္ေပမယ့္ ေလာေလာဆယ္မွာ ႏုိ၀င္ဘာလကုန္အထိ ဆုိင္းငံထားပါတယ္။
ရန္ကုန္ႏုိင္ငံတကာေလဆိပ္ကုိ ႏုိင္ငံျခားက ေလယာဥ္ေတြ ဆုိက္ေရာက္ခြင့္ ပိတ္ပင္ထားေပမယ့္ ေအာက္တုိဘာလထဲမွာ ႏုိင္ငံျခားသား ၄၄၃ ဦးကုိ အထူးေလယာဥ္နဲ႔ ျမန္မာအစုိးရက ၀င္ေရာက္ခြင့္ ျပဳခဲ့ပါတယ္။ ျပည္ပက ေလယာဥ္ေတြ ဆုိက္ေရာက္ခြင့္ကုိလည္း ႏုိ၀င္ဘာလကုန္အထိ ပိတ္ပင္ထားေပမယ့္ ကုန္ပစၥည္းသယ္ေဆာင္တဲ့ေလယာဥ္ေတြကုိေတာ့ ဆုိက္ေရာက္ခြင့္ ျပဳထားပါတယ္။
.............
ပြည်တွင်း လေကြောင်းပျံသန်းမှု ပြန်လည်စတင်ရေး မြန်မာသုံးသပ်
(Unicode)
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းပျံသန်းမှုတွေ ရပ်ဆိုင်းထားခဲ့ရတာကို ပြန်စတင်နိုင်ဖို့ အစိုးရတာဝန်ရှိသူတွေ ပြန်လည် သုံးသပ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးနေဝင်းပြောတာကို ကိုးကားပြီး Aviation Pros အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် လေယာဉ်ပျံသန်းမှုတွေ ပြန်စနိုင်ဖို့ဟာ ကိုဗစ်ရောဂါပိုး ကူးစက်မှုအခြေအနေအပေါ်မှာ မူတည်ကြောင်း ဦးနေဝင်းက ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်း၊ ပြည်ပလေကြောင်းပျံသန်းမှုတွေကို နိုဝင်ဘာလကုန်အထိ ရပ်ဆိုင်းထားဖို့ ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ လောလောဆယ်မှာ ကိုဗစ် ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေကို ဘယ်လို ဆောင်ရွက်နိုင်မယ်ဆိုတာနဲ့ တကယ်လို့ လေယာဉ်ပြေးဆွဲမှုတွေ ပြန်စမယ်ဆိုရင်လည်း ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ညွန်ကြားချက်တွေကို လိုက်နာကြရမှာဖြစ်ကြောင်း ဦးနေဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စည်းဝေးပွဲအတွင်းမှာလည်း ပြည်တွင်းလေကြောင်းပြေးဆွဲမှုတွေ ပြန်လည် စတင်နိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ပြည်တွင်းကြောင်းပြေးဆွဲမှုတွေကိုတော ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် လေဆိပ် ၂၇ ခုကို ပျံသန်း ပြေးဆွဲနေတာဖြစ်ပေမယ့် လောလောဆယ်မှာ နိုဝင်ဘာလကုန်အထိ ဆိုင်းငံထားပါတယ်။
ရန်ကုန်နိုင်ငံတကာလေဆိပ်ကို နိုင်ငံခြားက လေယာဉ်တွေ ဆိုက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် အောက်တိုဘာလထဲမှာ နိုင်ငံခြားသား ၄၄၃ ဦးကို အထူးလေယာဉ်နဲ့ မြန်မာအစိုးရက ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။ ပြည်ပက လေယာဉ်တွေ ဆိုက်ရောက်ခွင့်ကိုလည်း နိုဝင်ဘာလကုန်အထိ ပိတ်ပင်ထားပေမယ့် ကုန်ပစ္စည်းသယ်ဆောင်တဲ့လေယာဉ်တွေကိုတော့ ဆိုက်ရောက်ခွင့် ပြုထားပါတယ်။